ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, April 16, 2009

မုန်တိုင်းသတင်း




မုန်တိုင်းသတင်း
၁၅-၄-၂၀၀၉
ဘင်္ဂးလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည်အားကောင်းလာပြီး ယနေ့ မြန်မာစံတော်ချိန်
၁၂း၃၀ တွင် အိန္ဒိယမိုးလေ၀ါသဌာန၏တိုင်းထွာချက်အရ ပုသိမ်မြို့၏ အနောက်တောင်ဖက် ၈၅၀ ကီလိုမီတာတွင်ဗဟို
ပြုနေပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ရောက်ရှိကာ အနောက်မြောက်ဖက်သို့ရွှေလျှားနိုင်ကြောင်း ခန့်မှန်းထားပါသည်။
နောက်ဆုံးတိုင်းတာချက်နှင့် လေ့လာတွေ့ရှိချက်အရ မုန်တိုင်းတည်ဆောက်မူ့အားနှင့်ရွှေ့လျှားနိုင်မည့်လမ်းကြောင်း ကို
အောက်ပါအတိုင်းခန့်မှန်းရပါသည်။
နေ့စွဲ / မြန်မာစံတော်ချိန် တည်နေရာ မြောက်လတ္တီကျု / အမြင့်ဆုံးရှိနိုင်သောလေတိုက်နှူံး

ရှေ့ လောင်တီကျု့ (တနာရီကီလိုမီတာနှူံး)

၁၅-၄-၀၉/ ၁၂း၃၀ နာရီ ၁၄.၀ံ / ၈၇.၅ံ ၅၀-၆၀ မှ ၇၀ ထိ
၁၅-၄-၀၉/ ၂၄း၃၀ နာရီ ၁၅.၀ံ / ၈၇.၀ံ ၆၀-၇၀- မှ ၈၀ ထိ
၁၆-၄-၀၉/ ၁၂း၃၀ နာရီ ၁၆.၀ံ / ၈၆.၅ံ ၇၀-၈၀ မှ ၉၀ ထိ
၁၆-၄-၀၉/ ၂၄း၃၀ နာရီ ၁၇.၀ံ / ၈၆.၀ံ ၈၀-၉၀ မှ ၁၀၀ ထိ
၁၇-၄-၀၉/ ၁၂း၃၀ နာရီ ၁၈.၀ံ / ၈၆.၀ံ ၉၀-၁၀၀ မှ ၁၁၀ ထိ
၁၇-၄-၀၉/ ၂၄း၃၀ နာရီ ၁၉.၀ံ / ၈၇.၀ံ ၉၀-၁၀၀ မှ ၁၁၀ ထိ
၁၈-၄-၀၉/ ၁၂း၃၀ နာရီ ၂၀.၀ံ / ၈၈.၅ံ ၉၀-၁၀၀ မှ ၁၁၀ ထိ
မြန်မာနိုင်ငံ မိုးလေ၀သဌာန၏ယနေ့ ၁၅-၄-၀၉၊ ၁၄းး၃၀ ချိန်ထုတ်ပြန်ချက်အရ အဆိုပါလေဖိအားနည်းရပ်ဝန်းသည်
မုန်တိုင်းအဆင့် သို့ မရောက်ရှိနိုင်ကြောင်း ခန့်မှန်းးထားပြီး အနောက်မြောက်ဖက်သို့ရွှေလျှားနိုင်ကြောင်း ဖေါ်ပြထားပါ
သည်။ http://www.dmh.gov.mm/wnews.cfm?cat=2
ယမန်နှစ် ဧပြီလ ၁၄ ရက်တွင် အဆိုပါ ဘင်္ဂးလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့ သောလေဖိအားနည်းရပ်ဝန်း ကို
အန္ဒိယမိုးလေ၀သဌာနမှတွေ့ရှိမှတ်တမ်းတင်လေ့လာခဲ့ပြီး မုန်တိုင်းအဆင့်ရောက်ရှိချိန်တွင် အဆိုပါမုန်တိုင်းကို
“နာဂစ်” ဟုနံမည်ပေးခဲ့ပါသည်။ အစပိုင်းတွင် နာဂစ်မုန်တိုင်းသည်အနောက်မြောက်ဖက်သို့ရွှေလျှားခဲ့ပြီး အရှေ
တောင်ဖက်သို့လမ်းကြောင်းပြောင်းကာ မြန်မာနိုင်ငံသို့ ၀င်ရောက်တိုက်ခိုက်ခဲ့ပါ သည်။ နာဂစ်မုန်တိုင်း ကြောင့် လူနှစ်သိန်းကျော်သေဆုံးခဲ့ပြီး လူ၂.၄သန်းကျော်ဒုက္ခရောက်ကာ လယ်ယာသုံး ကျွဲ နွားလေးသိန်းသုံးသောင်း နှင့်
လယ်ဧကပေါင်း ၅ သိန်းကျော် ဆုံရူံးခဲ့ရပါသည်။ ထိုစဉ်က အိန္ဒိယမိုးလေ၀ါသဌာနသည် ကမ္ဘာ့ မိုးလေ၀သဌာန၏
သဘောတူညီချက်အတိုင်း နာဂစ်မုန်တိုင်းသတင်းအချက်အလက်များကို ဧပြီလ ၁၄ ရက်မှ မေလ၂ရက်နေ့ထိ
ဘင်္ဂးလားဒေ့ရှ်နိုင်ငံ၊ ထိုင်း နိုင်ငံ နှင့် မြန်မာနိုင်ငံမိုးလေ၀သဌာန သို့ ပို့ ခဲ့ သော်လည်း မြန်မာနိုင်ငံမိုးလေ၀သဌာန
၏ တုံ့ပြန်ခဲ့မူ့မရှိခဲ့သဖြင့် အန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်
ဤ သတိပေးချက်များ မှန်မှန်ပေးပို့ခဲ့ပါသည်။
ယခုဖြစ်ပေါ်နေသော မုန်တိုင်းသည် မြန်မာနိုင်ငံကို ထိခိုက်နိုင်မူ ရှိမရှိ မပြောနိုင်သေးသော်လည်း မြန်မာနိုင်ငံ မိုးလေ၀သဌာန အနေဖြင့် ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မုန်တိုင်း ၉ခု ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပါသည်။အပေါ်ကို သွားမလိုလို ဖြစ်နေပေမယ့် နာဂစ်လိုပဲ အရှေ့ကို သွားရင် မြန်မာပြည်ကို ၀င်ချင် ၀င်နိုင်ပါတယ်။ ၄င်း မုန်တိုင်းသည် ယနေ့နေ့စွဲ 15.04.2009 တွင်တစ်နာရီ မိုင် 40 နှုန်းဖြင့် Location: 14.7N 86.6E —မှနေ အရှေ့ မြောက်အရပ်တို့ ဦးတည် နေပါသည်။

No comments:

Post a Comment