ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, April 17, 2009

လောင်စာစွမ်းအင် ရှာဖွေတူးဖော်မှု ကန့်သတ်ချက်ကို မြန်မာ ပြန်စဉ်းစားစေလို

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဧပြီလ 17 2009 19:43 - မြန်မာစံတော်ချိန်
ရန်ကုန်။ ။ မြန်မာနိုင်ငံတွင် တိုင်းပြည်၏ သဘာဝ ရင်းမြစ်များတွင် ထည့်ဝင်ထားမှုများကို ရောင်းချခြင်း၊ လွှဲပြောင်းခြင်းနှင့် သက်ဆိုင်သည့် လက်တလော တားမြစ်ကန့်သတ်ချက်များကို လာမည့် အနာဂတ်တွင် လျှော့ချရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ကုမ္ပဏီများက မျှော်လင့်နေသည်။
“ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေဖော်ထုတ်ရေး ကဲ့သို့သော စွန့်စားရသည့် စီးပွားရေး လုပ်ငန်းများတွင်၊ အဆိုပါ စွန့်စားရမှုများနှင့် လုပ်ငန်း ဆက်လက်လည်ပတ်နိုင်မှုကို ထိန်းသိမ်းထားနိုင်ရန်အတွက်၊ ပိုင်ဆိုင်မှုများ လွှဲပြောင်းခြင်း၊ ရောင်းချခြင်းသည် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အရေးကြီးသော အချက်တခု ဖြစ်သည်” ဟု မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် နိုင်ငံခြား ရေနံကုမ္ပဏီတခုနှင့် နီးစပ်သည့် ရင်းမြစ်တခုမှ ပြောဆိုခဲ့သည်။
ကမ်းလွန်နှင့် ကုန်းတွင်း နှစ်မျိုးစလုံးရှိ လုပ်ကွက်များတွင် ထည့်ဝင် လုပ်ကိုင်နေသည့် ပိုင်ဆိုင်မှုများ လက်လွှဲ ရောင်းချခြင်းကို တိုက်ရိုက်ပိတ်ပင်သည့် ဥပဒေတရပ်ကို စစ်အစိုးရ၏ စွမ်းအင်ဝန်ကြီးဌာနမှ ပြီးခဲ့သည့် စက်တင်ဘာက ထုတ်ပြန်ခဲ့သည်။ ယင်း၏ အကျိုးဆက်အနေဖြင့် ရှာဖွေဖော်ထုတ်မှုများတွင် သုံးစွဲနေမှုများကို လျော့ကျစေကြောင်းနှင့် ကုန်ကျစရိတ် ကြီးမားလှသည့် ထိုလုပ်ငန်းတွင် ယေဘုယျအားဖြင့် ကုမ္ပဏီများသည် ရှာဖွေခြင်းနှင့် တူးဖော်ခြင်းတို့တွင် အဆိုပါ ကုန်ကျစရိတ်များကို မျှဝေကုန်ကျခြင်း၊ သို့မဟုတ် ထည့်ဝင်ထားသည့် ရှယ်ယာများကို ဖလှယ်ခြင်းတို့ကို ပြုလုပ်ရကြောင်း အဆိုပါ သတင်းရင်းမြစ်က ထည့်သွင်းပြောဆိုသည်။
“ဒီလုပ်ငန်းဟာ အရင်းအနှီးနဲ့ နည်းပညာကို အဓိကထား ဦးစားပေးပြီး လုပ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်၊ တိုင်းပြည်မှာ နိုင်ငံခြား ကုမ္ပဏီများအပေါ် အားထားခြင်းမှလွဲ၍ အခြားရွေးချယ်စရာ လမ်း မရှိပါဘူး။ ဒါကြောင့် အစိုးရ အနေဖြင့် ၎င်းတို့၏ တားမြစ် ကန့်သတ်ထားမှုများကို ပြန်လည်စဉ်းစားသင့်ကြောင်း” ကျွမ်းကျင်သူတဦးက ပြောဆိုခဲ့သည်။
တွင်းတတွင်း ရှာဖွေဖော်ထုတ်မှု၏ ကုန်ကျစရိတ်သည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၂၅ သန်းမှ သန်း ၃ဝ အထိ ရှိပြီး၊ ပထဝီ မြေအနေအထားဆိုင်ရာ လေ့လာသုတေသနပြုမှုတွင် ကြိုတင်လုပ်ဆောင်ထားမှုများ ရှိနေသော်ငြားလည်း အောင်မြင်မှုမှာ အမြဲတမ်း မသေချာပါ။
ရှယ်ယာ လက်လွှဲ ရောင်းချမှုများကို ဆက်လက် တားမြစ်ပိတ်ပင်ထားခြင်းသည် အနာဂတ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေဖော်ထုတ်မှုများကို လျော့ကျသွားစေမှာ ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့် ရင်းမြစ်အသစ်များ ရှာဖွေတွေ့ရှိမှုနှင့် ကုမ္ပဏီ၏ ဝင်ငွေကိုလည်း လျော့ကျသွားစေမှာဖြစ်ကြောင်း လောင်စာစွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူက ပြောသည်။
ပီအက်စီ ခေါ် ရှယ်ယာထည့်ဝင် ပူးတွဲထုတ်လုပ်ရေး ကန်ထရိုက်စနစ်ကို နိုင်ငံတကာ၌ ကျယ်ပြန့်စွာ အသုံးပြုနေပြီး၊ ထည့်ဝင်ထားသည့် ရင်းနှီးမြှုပ်နှံထားမှုများကို နိုင်ငံခြား ကုမ္ပဏီများ အချင်းချင်းအကြား ရောင်းချခြင်း၊ ဖလှယ်ခြင်းကို ခွင့်ပြုထားသည်ဟု သူက ပြောဆိုသည်။
သို့သော်လည်း၊ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ လဲလှယ်ခြင်းကို ပိတ်ပင်ထားသည့်အတွက်၊ ထိုင်း ပီတီတီအီးပီသည် တရုတ် စီအင်အိုအိုစီနှင့် လဲလှယ်မည့် အကျိုးစီးပွားတခုကို ဖျက်သိမ်းလိုက်ရကြောင်း ယခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်း ပီတီတီအီးပီ (PTTEP) မှ ထုတ်ပြန်သည့် ကျေညာချက်ထဲ၌ ဖော်ပြထားခဲ့သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးလုပ်ကိုင်နေသည့် အခြားသော နိုင်ငံခြားမှ လောင်စာစွမ်းအင်ဆိုင်ရာ ကုမ္ပဏီများ ဖြစ်သည့် တောင်ကိုရီးယား ဒေဝူး အင်တာနေရှင်နယ်၊ ပြင်သစ် တိုတယ်၊ အမေရိကန် ရှယ်ဗရွန်၊ ဂျပန် နီပွန် အွိုင်းလ်နှင့် မလေးရှား ပက်ထရိုနာ့စ် တို့လည်း အကျုံးဝင်သည်။
မြန်မာနိုင်ငံသည် ၂ဝဝ၆-ဝ၇ ဘဏ္ဍာရေး နှစ်ထဲ၌ပင် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၂ ဒဿမ ၁၆ ဘီလီယံ ဝင်ငွေ ရရှိခဲ့သည်။
ထို ကိန်းဂဏန်းသည် ၂ဝဝ၉ နှင့် ၂ဝ၁၁ ခုနှစ်တို့တွင် ရခိုင်ကမ်းရိုးတန်းနှင့် မုတ္တမ ပင်လယ်ကွေ့မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့များကိုပါ ထည့်သွင်းပါက နှစ်ဆ တိုးလာမည် ဖြစ်သည်။

Burma to reconsider restrictions on energy exploration

by Moe Thu
Friday, 17 April 2009 09:29
Rangoon (Mizzima) - Oil and gas exploration and production companies in Burma are hoping for a forthcoming easing in restrictions on the current ban related to the selling and transferring of stakes in the country’s natural resources.“Transferring and selling stakes is an important option, which is internationally practiced, in such a risky business as oil and gas exploration, in order both to offset risks and to sustain operations,” said a source with a foreign oil company active in the Burma.
The military government’s Ministry of Energy last September released a directive banning the sale of stakes in both offshore and onshore blocks.Sources said the measure has resulted in the reduction of expenditure in exploration, a costly undertaking in which companies typically share expenses or exchange shares in exploring and drilling, sources added.“As the industry is capital and technological intensive in nature, the country has no other option but to rely on foreign firms, which is why the government is expected to reconsider the ban,” commented one expert.

The drilling of a single exploratory well costs approximately U.S. 25 to 30 million dollars, with success never assured despite preliminary geological surveys.
The energy expert added that the continued prevention of share transfers would likely result in a further decrease in exploration and a corresponding loss in the discovery of new resources and company revenue.
He said the Production Sharing Contract (PSC), widely used internationally, allows for the selling or exchanging of stakes between foreign oil companies.However, because of the ban on swaps in Burma, Thailand’s PTT Exploration and Production (PTTEP) said in a statement released in February of this year that it was forced to cancel an interest swap deal with China National Offshore Oil Corporation (CNOOC).
Other foreign energy companies active in Burma include South Korea’s Daewoo International, France’s Total, Chevron of the United States, Japan’s Nippon Oil and Malaysia’s Petronas.
Burma earned US$2.16 billion from the export of natural gas to Thailand alone during the 2006-07 financial year – a figure expected to double once deposits off the cost of Rakhine and Mottama become available for export in 2009 and 2011, respectively.

No comments:

Post a Comment