ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, September 13, 2009

မိုင်းနင်း အင်ဂျင်နီယာမေဂျာ ရောက်ရခြင်း အကြောင်း

ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းပြန်ဖွင့်စ

BPI နားကလက်ဖက်ရည်လေးမှာ

ကျွန်တော် ရယ် အောင်ကျော်လင်းရယ် လှမြင့် ရယ်ထိုင်နေရင်း
လှမြင့် က မင်းတို့ တွေပြောကွာ
ဘယ်မေဂျာ ရွှေးရင် ကောင်းမလဲ လို့ ...

ကျွန်တော်က
မင်းဘာမှ မပူပါနဲ့ ။ အဝီစိသွားရင် တူးထုတ်ပြီးကယ် ဖို့ ကတော့ ကူညီပေးမယ်
ဘာဖြစ်လို့ ဘဲဆိုတော့
ရေနံအင်ဂျင်နီယာ မေဂျာယူထားတဲ့သူက ကူညီရမှာပေါ့...
ထိုအခါ
အောင်ကျော်လင်း က
တာဝတိံ သာရောက်ရင် မပူနဲ့  လာခေါ်ဖို့  အသင့်ပဲ....

လေကြောင်းအင်ဂျင်နီယာ မေဂျာ ယူထားတဲ့ သူကလုပ်ပေးရမှာပေါ့....

လှမြင့် က
အင်း ....စဉ်းစားအုံး မယ်ကွာ.....


နောက်နှစ် .....
နှစ်စမှာတော့....


လှမြင့် က
ကျွန်တော် နှင့် အောင်ကျော်လင်းအားတွေ့ လျှင်...
ဝမ်းသာအားရနှင့်...

မင်းတို့ တွေပြောတာ သတိရလို့  အခု
မိုင်းနင်း အင်ဂျင်နီယာမေဂျာ ကို ပဲ ရွှေး လိုက်တယ်...
ဘာကြောင့်လဲ ဆိုတော. မင်းတို့ အင်ဂျင်နီယာမေဂျာတွေ က တာဝတိံသာ လဲ သွား မရ
အဝီစိ လဲ သွားမရ..ဆိုတော့...


အခု မိုင်းနင်း အင်ဂျင်နီယာမေဂျာ ဆိုတော့... မြေကြီး မှာပဲ.. . မကောင်းဘူးလား....


(မိုင်းနင်း အင်ဂျင်နီယာနှင့်ကျောင်းပြီးသော လှမြင့် နှင့် လေကြောင်းအင်ဂျင်နီယာနှင့်ကျောင်းပြီးသောအောင်ကျော်လင်း.... ကတုံးအားအမှတ်တရ...)
ကေး(ရေနံ)

No comments:

Post a Comment