ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, April 22, 2009

မြန်မာ့သတင်း အချက်အလက်နှင့် နည်းပညာပြပွဲ (Myanmar ICT Exhibition -May 2009)

မြန်မာ့သတင်း အချက်အလက်နှင့် နည်းပညာပြပွဲ (Myanmar ICT Exhibition -May 2009) ကျင်းပရန် ပြပွဲကျင်းပရေး ကော်မတီဝင် တဦးက ပြောသည်။

ယင်းပြပွဲတွင် ပြသရန် အီလက်ထရောနစ် ကုမ္ပဏီများ၊ သင်တန်းကျောင်းများ ပါဝင်ပြသရန် စာရင်းပေးသွင်းထားကြောင်း၊ သူက ပြောကြားသည်။

ရန်ကုန်မြို့ ဦးဝိဇာရလမ်း တပ်မတော်ခန်းမတွင် မေလ ၁ ရက်မှ ၃ ရကနေ့ အထိ ပြသမည် ဖြစ်သည်။

ပြခန်းများအား အမျိုးအစား (A) မှ (F) အထိ ခွဲခြားထားပြီး တစ်ခန်းလျှင် FEC-100 နှုန်း ကြိုတင်ငွေ ပေးသွင်း၍ စိတ်ကြိုက် အခန်းအရေအတွက် ရယူနိုင်ကြောင်း၊ ပြခန်းများအား ယခုလ ၂၃ ရက်နေ့တွင် မဲနှိုက်၍ နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ကွန်ပျူတာပစ္စည်းများ၊ ကွန်ပျူတာဆက်စပ် အပိုပစ္စည်းများ၊ နောက်ဆုံးပေါ်ပစ္စည်းများ၊ ဆက်သွယ်ရေး ကိရိယာများနှင့် ကွန်ပျူတာ အသုံးချ ဆော့ဖ်ဝဲ နည်းပညာများကို ပြသမည် ဖြစ်သည်။

No comments:

Post a Comment