ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, June 4, 2009

တီယန်နန်မင်မှာ သေဆုံးသူခဲ့သူစာရင်း ထုတ်ပေးဖို့ အမေရိကန် တောင်းဆို

တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ် တီယန်နန်မင် အရေးအပေါ် နှိမ်နင်းမှုကို ပွင့်ပွင့်လင်းလင်း ပြန်သုံးသပ်ဖို့နဲ့ စစ်တပ်က အကြမ်းဖက် နှိမ်နင်းတာကြောင့် အဲဒီမှာ ဖမ်းဆီးခံရသူ၊ သတ်ဖြတ်ခံရသူ၊ ပျောက်ဆုံးသူ အရေအတွက်ကို ကြေညာပေးဖို့ အမေရိကန် ပြည်ထောင်စုက တရုတ်နိုင်ငံကို တောင်းဆိုပါတယ်။ တီယန်နန်မင် အရေးအခင်း နှစ် ၂၀ပြည့် အထိမ်းအမှတ် ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက် တရပ် ထုတ်ပါတယ်။ တရုတ်အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်သလိုပဲ၊ လူ့အခွင့်အရေး ကိစ္စကိုလည်း အလေးပေး လုပ်ဆောင်သင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ကလင်တန်က တိုက်တွန်းပါတယ်။

ရာပေါင်းများစွာသော အပြစ်မဲ့ ပြည်သူတွေရဲ့ အသက် စွန့်ခဲ့ရတယ်လို့ မစ္စက် ကလင်တန်က အဲဒီ အဖြစ်အပျက်ကို ပြန်လည် အောက်မေ့ပြောဆိုခဲ့ပါတယ်။ ဆန္ဒပြတာမှာ ပါဝင်ခဲ့သူတွေကို ချိန်းခြောက် အနှောက်အယှက်ပေးတာတွေကို ရပ်တန့်ဖို့၊ အဲဒါနဲ့ ဆက်နွယ်ပြီး ဖမ်းဆီး ထောင်ချခံရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အဲဒီ အဖြစ်အပျက်မှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံတာတွေ စတင် လုပ်ဖို့ ကလင်တန်က တရုတ်အစိုးရကို တောင်းဆိုပါတယ်။ ကျောင်းသားနဲ့ အလုပ်သမားတွေရဲ့ ရက်သတင်းပတ်ကြာ ဆန္ဒပြမှုကို နှိမ်နင်းဖို့ တရုတ်အစိုးရဟာ ဆန္ဒပြရာ တီယန်နန်မင် ရင်ပြင်ကို တင့်ကားတွေ၊ စစ်သားတွေ ၁၉၈၉ခု ဂျွန်လ ၄ရက်နေ့မှာ စေလွှတ်ခဲ့ပါတယ်။ အဲဒီမှာ ရာပေါင်းများစွာ သတ်ဖြတ်ခံခဲ့ကြရတာပါ။ အခု နှစ် ၂၀ပြည့် အထိန်းအမှတ်နေ့မှာတော့ လုံခြုံရေးကို အထူး တင်းကျပ်ထားပါတယ်။

No comments:

Post a Comment