ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, July 12, 2009

ရှင်ဂျန်းမူစလင်များ အိမ်အပြင် မထွက်ရဲ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သွေးမြေကျခဲ့ရတဲ့ အထိ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ဂျန်း ပြည်နယ်ရဲ့ မြို့တော် အူရုမ်းချီး (Urumqi) မှာ ၀တ်စုံပြည့် လုံထိန်းရဲတွေ အပြည့်တင်ဆောင်ထားတဲ့ ထရပ်ကားတွေနဲ့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားတာကြောင့် ဒေသခံ ၀ီဂါ မူစလင်တွေ အပြင်မထွက်ရဲဘဲ ဖြစ်နေပါတယ်။

တချို့ကတော့ သေဆုံးသွားတဲ့ သူတို့ရဲ့  ဆွေးမျိုးသားချင်းတွေ အတွက် ၀မ်းနည်းပူဆွေးနေကြသလို၊ တချို့က ပျောက်ဆုံးနေတဲ့ ဆွေးမျိုးတွေကို လိုက်ရှာနေကြပါတယ်။ ရှင်ဂျန်းက ၀ီဂါမူဆလင်နဲ့ ဟန် တရုတ်လူမျိုးတို့ အကြား အဓိကရုဏ်းမှာ သေဆုံးသူဦးရေ ၁၅၇ ဦးကနေ ၁၈၄ ဦး ရှိခဲ့တယ်လို့ တရုတ်အစိုးရက တရားဝင် ကြေညာခဲ့ပြီးနောက် မနေ့က မြို့တော် အူရုမ်းချီး မှာ လုံခြုံရေးတွေ အလုံးအရင်း နဲ့ အထပ်ထပ် ချထားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူအားလုံး ၁၈၄ ဦးထဲက ၁၃၇ ဦးဟာ ဟန်တရုတ်လူမျိုးတွေဖြစ်ပြီး၊ ကျန်တာကသာ ၀ီဂါ မူစလင်တွေ ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
အူရုမ်းချီး မြို့တော်က လမ်းမတွေပေါ်က ၀ီဂါတွေနဲ့ အဝေးရောက် ၀ီဂါ အရေး လှုပ်ရှားသူတွေ ကတော့ တရုတ်အစိုးရရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး စောဒက တက်နေကြပါတယ်။ တရုတ်အစိုးရပြောတာထက် ၀ီဂါမူစလင်တွေ အများကြီး သေဆုံးခဲ့တယ်လို့ သူတို့က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇူလိုင်လ ၅ ရက်မှာ ၀ီဂါ မူစလင်တွေက ဟန်တရုတ်လူမျိုးတွေကို အရင် ရန်စတာကြောင့် ရုန်းရင်းဆံခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ နှစ်ရက်အကြာမှာ ဟန်တရုတ်လူမျိုးတွေက ၀ီဂါတွေကို ပြန်ကလှည့်စားချေခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment