ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, July 10, 2009

ယူနန်ငလျင် အိမ် ၁၀,၀၀၀ ကျော်ပြိုကျ


မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကြာသပတေးနေ့က ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့လို့ လူ ၃၀၀ ကျော် ဒဏ်ရာရသွားပါတယ်။

တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်မှာ ၆.၀ ရစ်ခ်ျတာစကေးနဲ့ လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် အိမ်ပေါင်း ၁၀,၀၀၀ လောက် ပျက်စီးသွားတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေလည်း လှုပ်ခတ်ခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ကူမင်း (Kunming)၊ ရှူဂျောင်း (Chuxiong)၊ လီရှန်း (Lijiang)၊ ဒလီဘိုင် (Dali Bai) စတဲ့မြို့တွေအထိ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ကြရပါတယ်။

ပြည်နယ်အစိုးရက ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသဆီကို ယာယီတဲပေါင်း ၄,၅၀၀ နဲ့ ခြုံစောင်ပေါင်း ၃,၀၀၀ ပေးပို့ထားပါတယ်။

No comments:

Post a Comment