ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, September 2, 2009

ငါးဖမ်းသင်္ဘောနစ်မြုပ် ၁၇ ဦး သေဆုံး

မဇိၼ်မ
ရန်ကုန်မြစ်ဝတွင် သြဂုတ်လ ၂၄ ရက်နေ့က ငါးဖမ်းသင်္ဘောတစီး နစ်မြုပ်သွားရာ သင်္ဘောပေါ် ပါရှိသူ ၁၇ ဦးလုံး သေဆုံးသွားခဲ့ကြောင်း ရေကြောင်းပို့ဆောင်ရေး သတင်းရပ်ကွက် အဆိုအရ သိရသည်။

နစ်မြုပ်သွားသော သင်္ဘောသည် ပုဂ္ဂလိကပိုင် သင်္ဘောဖြစ်ပြီး၊ ပါရှိလာသူ တရုတ်လူမျိုး ၃ ဦးနှင့် မြန်မာ ၁၄ ဦး သေဆုံးသွားခဲ့ကြောင်း ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ အရာရှိတဦးက ပြောသည်။

“ပါသွားတဲ့လူ အကုန်သေပါတယ်။ ၁၇ ဦး သေပါတယ်” ဟု သူက ပြောသည်။

သင်္ဘောနစ်မြုပ်သွားသည့် အကြောင်းရင်းကို မသိသေးသော်လည်း အခြား သင်္ဘောတစီးနှင့် တိုက်မိခြင်း ဖြစ်နိုင်သည်ဟူ၍ သံသယရှိနေကြပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။

No comments:

Post a Comment