ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, October 3, 2009

ကော့သောင်းတွင် မိုးသည်းထန် တောင်ပြို၍ သံဃာ ၃ပါး ပျံလွန်

Saturday, 03 October 2009 17:31
ဘစောတင်

.မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် ယမန်နေ့  နေ့လယ် ပိုင်းက မိုးသည်းထန်စွာရွာသွန်း မှုကြောင့် တောင်ပြိုကာ မြေကြီးများ ရွှံ့နွံများပိ၍ ရွှေပြည်သာရပ်ကွက်မှ ရွှေပါရမီကျောင်းတိုက်အတွင်းရှိ သံဃာ ၃ ပါး မြေပိကာ ပျံလွန်တော်မူသွားခဲ့ပြီး တပါးမှာ ကော့သောင်းဆေးရုံတွင်ဆေးကုသမှုခံယူနေရကြောင်း သိရှိရ သည်။

အဆိုပါ ကျောင်းတိုက်အတွင်းရှိ ဆွမ်းချက်ဆောင်နှင့် ကျောင်းဆောင်များအပေါ် တောင်ပြိုကျရာမှ သံဃာ များ မြေပိ၍ ပျံလွန်တော်မူရခြင်းဖြစ်သည်ဟု ရွှေပါရမီကျောင်းတိုက် စာချဆရာတော် ဦးဝိသုဒ္ဒက မိန့်ဆို သည်။

“မနေ့ က ကျောင်းမှာ ပဌာန်းရွတ်နေတုန်း မြေပြိုတာ ဆွမ်းချက်တဲ့အဆောင်နဲ့ ကျောင်းဆောင်လေးတွေကို မြေပိသွားတယ်၊ တောင်ပြိုတာက ကျလာတဲ့ ခဲလုံးကြီးတွေက လူအယောက် တရာ နှစ်ရာ ဖက်လောက်ရှိ တယ်၊ အဲဒါတွေက ကျောင်းဆောင်တွေကိုပိသွားတာ၊ ကျောင်းဘေးနားက စမ်းချောင်းကလေးဆို ချောင်းကြီး တချောင်းလို ဖြစ်သွားတာ၊ ဒါကြောင့် ဦးပဉ္ဇင်း နှစ်ပါးနဲ့ ကိုရင်လေး တပါး မြေထဲမှာ ပိဝင်သွားပြီး ပျံလွန်တော် မူသွားတယ်၊ ဒီမနက်က မြေတူးစက်တွေနဲ့ ပြန်ရှာကြလို့ အလောင်းအားလုံးကို ရပြီ”ဟု ဦးဝိသုဒ္ဒက မိန့်သည်၊

ပျံလွန်တော်မူသွားသော သံဃာများမှာ ဦးသြဘာသ သက်တော် (၃၀)နှစ်ခန့်နှင့် ဦးနန္ဒ၀ံသ သက်တော် (၂၇) နှစ်ဖြစ်ပြီး ရခိုင်လူမျိုးများဖြစ်ကြောင်း သိရသည်။ ကိုရင်လေးမှာ ထားဝယ်လူမျိုးဖြစ်သည်ဟု အထက်ပါ စာချဆရာတော်က ဆက်လက်မိန့်ကြားသည်။

မြေပြိုပြီးနောက် အလောင်းရှာဖွေခြင်း သန့် ရှင်းရေးလုပ်ခြင်း စသည်တို့၌ ပါဝင်ကူညီခဲ့သည့် ဦးပဉ္ဇင်း ဦးဝိစိတ္တကလည်း“တကယ့်ကို ကြောက်စရာကောင်းတာ၊ ကျောင်းမကြီး ကိုမပိခဲ့လို့ ပိရင် ဒီထက် ပိုဆိုးမှာ ကျောင်းမှာက ပဌာန်းရွတ်နေတာဆိုတော့ ဒကာဒကာမ တွေ ဧည့်သည်တွေလည်းရှိတယ်၊ ရေစီးကြောင်းက ကျောင်းဘေးက စမ်းချောင်းလေး အတိုင်း အရှိန်နဲ့စီးချသွားတာ ဘေးနားက ကျောင်းဆောင်တွေ အိမ်တွေ ကို အကုန်လုံး တိုက်စားချသွားတာ”ဟု မိန့်သည်။

ယင်းသို့ ရေကြီး တောင်ပြိုမှုကြောင့် ကျောင်းတိုက်အနီးမှ အိမ်နှစ်လုံးလည်း မျောပါသွား သည်ဟု ရွှေပြည်သာရပ်ကွက်နေ ကိုရွှေထွန်း ဆိုသူက ပြောသည်။

“အိမ်နှစ်လုံးလည်းပါသွားတယ်၊ တိုက်တလုံးနဲ့ သစ်သားအိမ်တလုံး၊ တလုံးက မြို့ နယ်စည်ပင်ဝန်ထမ်း အိမ်၊ တောင်ပြိုကျလို့ ရွှံ့ တွေ နွံတွေက ဒီနေ့ မနက်ထိ လမ်းမပေါ်ရောက်နေတာ ပေါင်လယ်လောက်ရှိမယ်၊ အခုတော့ ရွှေပါရမီကျောင်းကို မီးသတ်တို့ စစ်သားတို့က ၀ိုင်းထားလို့ ၀င်မရဘူး”ဟု ၎င်းကဆိုသည်၊

အခင်းဖြစ်ပွားပြီးနောက် မြို့ နယ်အတွင်းမှ တာဝန်ရှိသော လူကြီးများရောက်ရှိလာပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရန် ရောက်ရှိလာသကဲ့သို့ ထိုင်းဘက်ခြမ်းမှ လည်း လိုအပ်သောအကူအညီ များကို ပေးအပ်ရန်ရောက်ရှိနေသည်ဟု ဒေသခံ ကျောင်းဆရာ ဦးစိုးထက်ကလည်း ပြောပြသည်။

No comments:

Post a Comment