ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, October 20, 2009

(ဆရာ စံဇာဏီဘိုနှင့် မေးမြန်းချက်)

အင်တာဗျူး
နန်းဒေဝီ
ဆရာ စံဇာဏီဘိုက ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဖြစ်ပေါ်မည့် မြန်မာနိုင်ငံတွင် အကြာမြင့်ဆုံး နေကြတ်မှု (နေအရစ်ကြတ်မှု) သည် ဆိုးကျိုးဖြစ်ထွန်းမည်မဟုတ်ဟု ဆိုသည်။ မြန်မာနိုင်ငံ အလယ်တည့်တည့်မှ ဖြတ်သန်းသွားမည့် နေအရစ်ကြတ်မှု ဖြစ်စဉ်တွင် မုံရွာနှင့် ရွှေဘိုမြို့များပေါ်က ဖြတ်သွားမည်ဖြစ်ပြီး ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ မန္တလေး၊ စစ်ကိုင်း အပါအဝင် မြို့ ၁၇ မြို့မှ ကောင်းစွာ မြင်ရမည်ဖြစ်သည်။

နေအရစ်ကြတ်တာကို မြင်ရမယ့် အလယ်ပိုင်းဒေသတွေမှာ ဗေဒင်၊ နက္ခတ်ပညာအမြင်နဲ့ ဘယ်လို အယူအဆမျိုး ရှိပါသလဲ။

အရင်တုန်းကတော့ ဒီလိုနေကြတ်တာမျိုး တွေ့မြင်ရတဲ့ နိုင်ငံ၊ မြို့တွေအနေနဲ့က အထူးသဖြင့် မြန်မာနိုင်ငံလိုက ဆိုးကျိုးလို့ တစိုက်မတ်မတ် ယူလာခဲ့တယ်။ ဆိုးကျိုးဆိုတာက အုပ်ချုပ်တဲ့လူတွေအတွက် မကောင်းသလို၊ လက်အောက်ခံ တိုင်းပြည်သူတွေအတွက်လည်း မကောင်းဘူး။ ဆန်၊ ရေ၊ စပါး၊ ဒီလိုအခက်အခဲ ရှိတတ်တယ်ဆိုတဲ့ ရှေးအယူအဆ ရှိတယ်။ သူတယောက်ထဲ ဆိုးပြီး၊ တယောက်ထဲ ကောင်းဆိုတာမျိုး မဟုတ်ဘဲနဲ့ အားလုံးပေါ့။ လူတွေအားလုံးအတွက် မကောင်းတဲ့၊ ဆိုးတဲ့ ယာယီဖြစ်ပေါ်မှုလို့ နိမိတ်ဖတ်ကြတာပေါ့လေ။

ကြာမြင့်ချိန်က ၁၀ မိနစ်ဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုအဓိပ္ပာယ် ကောက်ယူနိုင်ပါသလဲ။

သူက လောင်တီကျူ မျဉ်းကြောင်းတခုကို ဖြတ်သန်းရင် ၄ မိနစ်ကြာတယ်။ ၁၀ မိနစ်ဆိုတော့ မျဉ်းကြောင်း ၂ ခုကို ဖြတ်တယ်ဆိုတော့ ကျနော်တို့ခေါ်တာ ၂ အံစာခေါ်တာပေါ့။ ၂ ဒီဂရီနဲ့ တဝက်ဆိုတော့ နည်းနည်းကြာတာပေါ့။ ကြာမြင့်မှု အတိုင်းအတာများရင် ဆိုးတဲ့ သဘော၊ ပိုအားများတဲ့ သဘော ရှိတာပေါ့။

၂၀၁၀ ကိုတော့ ကျနော်တို့ရော၊ တကမ္ဘာလုံးက ကောင်းတဲ့နှစ်လို့ ကျနော်တို့ မယူဆထားကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ နေကြတ်တာထက်ဆိုးတာက ၂၀၁၀ ကျော်ပြီး ၁၄ ရက်ကျော်ပြီးရင် ကျားနှစ်ရောက်ပြီ။ ကျားနှစ်တွေကတော့ တိုင်းပြည်တွေမှာ အကြီးအကျယ်အုံကြွမှုတွေ၊ နိုင်ငံအစိုးရ ပြောင်းလဲတာတွေ၊ ကမ္ဘာကြီးမှာ ဒုက္ခအန္တရာယ် ဖြစ်တာတွေ ရှိတတ်တယ်။

The end of the world. အဲဒါကို ကျနော်တို့ ဗေဒင်ဆရာတွေက စိတ်ဝင်တစားနဲ့ လေ့လာနေကြတာ။ အယူသည်းမှုနဲ့ မဆိုင်ဘူး။ သိပ္ပံပညာရှင်တွေကိုယ်တိုင်က လက်ခံထားတာ။ အဲဒါကို ပိုပြီး စိတ်ဝင်စားပါတယ်။

No comments:

Post a Comment