ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, October 22, 2009

ရန်ကုန်မြို့လယ် မြို့နယ်များတွင် ရေမလာသဖြင့် လူအများစိတ်ညစ်နေကြရ

မိုးမခ
အောက်တိုဘာ ၂၀ရက်နေ့ နံနက်မှ စတင်ပြီး ရန်ကုန်မြို့လယ် မြို့နယ်များသို့ ရေပေးဝေခြင်း မရှိသဖြင့် ရန်ကုန်မြို့လယ်တွင် နေထိုင်သူ၊ စီးပွားရေးလုပ်ကိုင်သူ များအပါအ၀င် စိတ်ညစ်နေကြရသည်ဟု သိရသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက“မနက်တတည်းက ရေမရတာကို မသိပဲ ရေသုံးနေကြအတိုင်း သုံးပြီးညနေစောင်းမှ တင်လို့မရတော့ ပတ်ဝန်းကျင်ကိုမေးမှ တော်တော်များများ ရေမလာတာသိရတယ်၊ ရေမလာဘူးဆိုတာကို စောစောသိရင်လည်း ချွေတာသုံးတာ၊ လှောင်ထားတာတို့ လုပ်လို့ရတာပေါ့၊ အခုတော့ ဘာမှလဲ မကြေငြာ၊ အသိမပေးတာလူတွေကို ဂရုမစိုက်တဲ့သဘောပဲ” ဟုဆိုသည်။

ဗိုလ်တထောင်မြို့နယ်ရှိ ကုမ္ပဏီ တခုတွင် အလုပ်လုပ်နေသူ တဦးကလည်း“ ကျွန်မတို့ရုံးမှာ နေ့လည်က ၀န်ထမ်းတွေကို အော်လံနဲ့ လိုက်သတိပေးနေတယ်။ ရေကုန်သွားလို့ အိမ်သာတက်ရင် ရေမရှိတော့ တခြားနေရာကို သွားကြဖို့ လိုက်ပြောနေတာ” မိုးတွင်းမကုန်သေးလည်း ရေကပြတ်နေတာ၊ လျှပ်စစ်မီးကြောင့်လား ရေကြောင့်လား မပြောတတ်တော့ဘူး” ဟုဆိုသည်။

ရန်ကုန်မြို့တွင် ရေပြတ်မည်၊ မီးပျက်မည် ဆိုသည်ကို မည်သည့် အခါမျှ လူထုအား ကြိုတင် အသိပေးလေ့မရှိပေ။

ရန်ကုန်မြို့စည်ပင်သာယာရေး ကော်မတီမှ ထုတ်လွှင့်သည့် စီတီးအက်ဖ်အမ် မှလည်ုး ရန်ကုန်မြို့တွင် နေထိုင်သူများအတွက် အသုံးဝင်မည့် ယခုလို သတင်းအချက်အလက်မျိုးကို ထုတ်ပြန်လေ့မရှိပဲ အခကြေးငွေ ရသည့် စီးပွားရေးကြော်ငြာများကို သာအသားပေး ထုတ်လွှင့်လေ့ရှိသည်။

ထိုသို့ ရေတွန်းစက်မှ ရေမတွန်းသဖြင့် ပိုက်ထဲရေမရှိသည်ကို မသိရှိပဲ ရေမော်တာဖြင့် ရေတင်ထားမိပြီး မော်တာလောင်ကျွမ်းကာ ပြင်ဆင်ရသည့် အဖြစ်မျိုးလည်း ရန်ကုန်တွင်မကြာခဏ ဖြစ်ပျက်လေ့ရှိသည်။

No comments:

Post a Comment