ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, November 24, 2009

မိုးလေဝသသတင်း သိလိုက ငွေပေးဝယ်ယူရမည်

အောင်သက်ဝိုင်း
.စစ်အစိုးရက ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ကို ၀င်ငွေရှာရမည် ဟူသော ညွှန်ကြားချက်ကြောင့် ယခုအခါ အဆိုပါဌာနက မိုးလေ၀သသတင်း များကို အခမဲ့ မဖြန့်ဝေတော့ဘဲ အခကြေးငွေနှင့်သာ ရောင်းချနေသည်ဟု သတင်းရရှိသည်။

မိုး/ဇလ ဌာနသည် စစ်အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားလိုင်းများသို့ မိုးလေ၀သ သတင်းနှင့် ခန့်မှန်းချက်များ အခမဲ့ ဆက်လက်ပေးပို့နေသော်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိအဖွဲ့အစည်းများအနေနှင့် ရာသီဥတု ဆိုင်ရာ အချက်အလက်များ သိရှိလိုပါက အဆိုပါဌာနမှ အခကြေးငွေပေး ၀ယ်ယူရမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မိုး/ဇလ ဌာန အရာရှိတဦးက ပြောကြားသည်။

မိုး/ဇလ ဌာနကို ၀င်ငွေရှာရန်အတွက် ၀န်ကြီးရုံး၏ ညွှန်ကြားချက်အရ ပို့ဆောင်ရေး ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေကိုယ်တိုင် ပြောဆိုခိုင်းစေခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဌာနသည် မိုးလေ၀ သသတင်းကိုသာ ဦးစားပေးထုတ်ပြန်သော ဌာနဖြစ်သည့်အတွက် ၀င်ငွေရှာနိုင်သော အခွင့်အလမ်း မရှိသောကြောင့် မိုးလေ၀သ ဆိုင်ရာ အသေးစိတ် သတင်းအချက်အလက်များကို အခကြေးငွေ ယူ၍ ရောင်းချရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

“တီဗီနဲ့ သတင်းစာမှာ နေ့စဉ်ပါတဲ့ မိုးလေ၀သ သတင်းနဲ့ ခန့်မှန်းချက်ထက်ပိုပြီး သိချင်တဲ့ ရာသီဥတုသတင်း အသေးစိတ် အချက်အလက်တွေကို အရင်ကလို အလကားမပေးတော့ဘူး။ ဌာနမှာ လာဝယ်ရမှာပါ” ဟု နေပြည်တော် မိုး/ဇလ လက်ထောက်ညွှန်ကြားရေးမှူး တဦးက ဆိုသည်။

ရာသီဥတုဆိုင်ရာ မိုးလေ၀သသတင်း အသေးစိတ်အချက်အလက်များကို ၀ယ်ယူရာတွင် ဈေးနှုန်း သတ်မှတ်ထားခြင်းမရှိဘဲ မိမိသိရှိလိုသော သတင်းအပေါ်မူတည်ပြီး ကုန်ကျစရိတ် အနည်းအများ ကျသင့်မည်ဟုလည်း သိရသည်။

“အခုနောက်ပိုင်း ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုပြီး ပြောကြဆိုကြတယ်။ ကျနော်တို့ဌာနကိုလည်း အဲဒါနဲ့ ပတ်သက်ပြီး မေးကြ၊ မြန်းကြတယ်။ ဒါကြောင့် ဌာနက ရာသီဥတုဆိုင်ရာ သတင်း အသေးစိတ်အချက်အလက်တွေပါတဲ့ ကွန်ပျူတာ CD နဲ့ ရောင်းပေးဖို့ရှိတယ်” ဟု အဆိုပါ လက်ထောက် ညွှန်ကြားရေးမှူးက ရှင်းပြသည်။

ကမ္ဘာ့နိုင်ငံများတွင် မိုးလေ၀သနှင့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကို အခမဲ့ဖြန့်ချိပြီး အင်တာနက်ပေါ်တွင် အလကားရရှိနိုင်ချိန်၌ စစ်အစိုးရ၏ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အခကြေးငွေယူ၍ ရောင်းချမည်။

၂၀၀၈ခုနှစ် မေလက နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်ရောက် တိုက်ခတ်စဉ် မြန်မာနိုင်ငံ မိုး/ဇလ ဌာနသည် မုန်တိုင်းသတင်းကို အချိန်မီ ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိသည့်အတွက် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် လူပေါင်း ၁ သိန်း ၄ သောင်းနီးပါး သေကြေပျောက်ဆုံးခဲ့ရပြီး လူသန်းပေါင်းများစွာ အိုးအိမ်နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

အငြိမ်းစားပေးခြင်းခံရသည့် ဦးထွန်းလွင်နေရာတွင် ဒေါက်တာသိန်းထွန်းက ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေပြီး မိုးလေ၀သ သတင်းများ ရောင်းချခြင်း လုပ်ငန်းကို အသေးစိတ် ကိုင်တွယ်နေရသည်ဟု
သတင်းရရှိသည်။

No comments:

Post a Comment