ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, November 26, 2009

ရွှေပြည်နန်း သနပ်ခါး”ကို ဖိလစ်ပိုင်က ဆုချီးမြှင့်


သန်းထိုက်ဦး
ဖိလစ်ပိုင်နိုင်ငံမှ ပေးသော ၂၀၀၈ ခုနှစ် အရည်အသွေးဆိုင်ရာ 2008 Global Excellence Awards (GEA)နှင့် ၂၀၀၉ ခုနှစ် သုံးစွဲသူ အကြိုက် 2009 People's Choice Awards ဆု တို့ကို မြန်မာနိုင်ငံရှိ “ရွှေပြည်နန်း” သနပ်ခါး ကုမ္ပဏီအား ချီးမြှင့် လိုက်သည်။

အဆိုပါ ဆုများအား လက်ခံရရှိသည့် အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်တွင် ယမန်နေ့က ကျင်းပခဲ့ပြီး၊ ဖိလစ်ပိုင် နိုင်ငံ မှ ၎င်းတို့၏ ကိုယ်စားလှယ်ကိုယ်တိုင် လာရောက်ပေးအပ်ကြောင်း ရန်ကုန်မြို့ ရွှေပြည်နန်း ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့ ဖိလစ်ပိုင်မှာ သနပ်ခါးကို ဖြန့်ချီဖို့အတွက် ကိုယ်စားလှယ်ထားတယ်၊ သူ့နည်း သူ့ဟန်နဲ့ ရောင်းတယ်၊ ရောင်းရင်းနဲ့ သူတို့ ဖိလစ်ပိုင်မှာရှိတဲ့ ဒီဖိလစ်ပိုင် လူမျိုးတွေက ကြိုက်လို့ဆိုပြီး သူတို့က ဒီ သနပ်ခါးဟာ ကောင်းတယ်လို့ အသိအမှတ်ပြု ခံရလို့ အဲဒါကြောင့် ဒီဆုကို ရတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သော ရွှေပြည်နန်း သနပ်ခါးများကို ထိုင်း၊ ဖိလစ်ပိုင် နှင့် မလေးရှားနိုင်ငံတို့တွင် ရောင်းချလျက်ရှိပြီး၊ ကိုရီးယာနိုင်ငံသို့ တင်သွင်းရန် စီစဉ်ထားကြောင်းသိရသည်။ ၎င်း သနပ်ခါးနှင့် ရေမွှေး အပါအ၀င် စသည့် အသုံးအဆောင် ပစ္စည်း အမျိုးအစား ၂၀ ခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ယင်း GEA သည် ဂုဏ်သိက္ခာရှိသော နိုင်ငံတကာဆုတခု ဖြစ်ပြီး အဆင့်မီ အလှကုန်ထုတ်လုပ်သူများ၊ ကုမ္ပဏီများ၊ လူများနှင့် သက်ဆိုင်သော လုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများကို ချီးမြှင့်ပေးခြင်းဖြစ်သည်။ ၎င်း GEA ဆုသည် ၁၉၉၃ ခုနှစ်က စတင် တည်ထောင်ခဲ့သည့် ၁၅ နှစ်သက်တမ်းရှိပြီဖြစ်သော Asia Pacific Awards ( APEA ) ဆုမှ ခွဲထွက်လာသော ဆုဖြစ်သည်။

သက်တမ်း ၁၈ နှစ်ခန့်ရှိ ရွှေပြည်နန်း ကုမ္ပဏီသည် ထိုကဲ့သို့ မြန်မာ့သနပ်ခါး အား ကမ္ဘာနှင့် မိတ်ဆက်ပေးရန်အတွက် ရိုးရာအလှကုန် ပြခန်းကို ပုဂံတွင် ဖွင့်လှစ်ခဲ့ပြီး ယင်းပြခန်းတွင် ပြသရန်အတွက် နှစ်ပေါင်း ၁၀၀ ရှိ ရှားပါးသနပ်ခါး အပင်နှင့် သွေးရန်အတွက် ကျောက်ပြင်ကို ၁၉၉၉ ခုနှစ်က မြန်မာပြည်တ၀န်း လိုက်လံစုဆောင်းခဲ့ကြောင်း သတင်းများ ဖော်ပြချက် များအရ သိရသည်။

ထို့အပြင် မြန်မာ့သနပ်ခါးသည် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး မြန်မာနိုင်ငံရောက် ခရီးသွားများအတွက် ၀ယ်ယူကြသည့် အလှကုန် တမျိုးလည်း ဖြစ်သည်။

No comments:

Post a Comment