ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, November 27, 2009

ဒါကြောင့်ဒင်း က မတရား ရိုကျိုးနေသကိုးဗျ

အခုရက်ပိုင်း ဒေါ်လာဈေးတွေ ကျနေပဗျာ ။ လူတွေလဲ အမျိုးမျိုးသုံးသပ်နေကြပါတယ်။
ဈေးကွက်ကတော့ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်ကြပေါ့ဗျာ။ တချို့ က အမေရိကန် က စီးပွားရေး ကျနေလို့ ဒေါ်လာငွေ ဖောင်းပွ တန်ဘိုးကျ နေလို့လဲ ပြောကြပါတယ်။
တချို့ ကျတော့ လဲ နယ်စပ်မှာ ဘိန်းပေါ်ချိန်ဖြစ်လို့ ဘိန်းက ရတဲ့ ဒေါ်လာတွေ
ပြည်တွင်း ကို လှိမ့်ဝင်လာတယ် ထင်ရတာတွေ ၊ အမျိုးမျိုး ယူဆကြပါတယ် ။
တကယ် က တော့ အစိုးရ ရဲ့ ငွေကြေးပေါ်လစီ က အဓိကအကျ ဆုံးပါ။
ပြည်တွင်း ငွေကြေးဈေးကွက်ထဲ လှည့်ပါတ်ငွေ အများဆုံး ဝင်လာအောင်
သုံးငွေ အများဆုံးထည့်နိုင်တာ လဲ သူပါဘဲ ၊ ဈေးကွက်ထဲ က ကျပ်ငွေ တွေ ကို ပြန်နှုတ်နိုင်
တာ က လဲ အစိုးရ ပါဘဲ ။

အစိုးရ က ရငွေ မရှိဘဲ ပိုက်ဆံ တွေ ရိုက်ပြီး ၊ အသုံးကြမ်းသွားရင် ဗမာငွေ ဖောင်းပွလာမှာပါ။
ရငွေ သုံးငွေ ကို ချင့်ချိန် ပြီး ၊ သူ ရ သလောက်ဘဲ ထိန်းသုံးရင် ၊ငွေဖောင်းပွ နှုန်းရပ်ပါတယ်။
တကယ်လို့ သူ မှာရှိတဲ့ ငွေမာ ကိုပါ ဈေးကွက်ထဲ ချသုံးရင် ၊ ငွေ မဖောင်းတော့ တဲ့ အပြင်
ဈေးကွက်ထဲ ကို ငွေမာ ထည့်သလောက် ဗမာငွေ ဈေးတက်လာပါတယ်။
လက်ရှိ အစိုးရရဲ့ တနှစ် ငွေမာ ဝင်နှုန်း က ဒေါ်လာ လေးဘီလျံကျော် ရှိပါတယ်။

အစိုးရ က တနေ့ကို ပျန်းမျှ ဒေါ်လာ ၁ဝသန်းကျော်လောက် ဈေးကွက်ထဲမှာ သူ သုံးနိုင်ပါတယ်။
အများပြည်သူရဲ့ ငွေမာသုံးအား က နိုင်ငံခြား က သားချင်းတွေ က ပြည်တွင်းက သူ့အိမ်ထောင်
တွေသုံးဘို့ ငွေပြန်ပို့တဲ့ ပမာဏ နဲ့ ၊ ပြည်တွင်း က နေ ၊ အပြင်မှာ ကျောင်းသွားတက်တာ တို့
အလုပ်မရခင် သုံးဘို့ ၊ ငွေထောက်ရတဲ့ ပမာဏ နှိုင်းယှဉ်ရင် ၊ အပြင် က နေ ပြည်တွင်း ကို
ငွေ ပြန်ဝင်တာ က အများကြီး ပိုနေပါတယ်။
ပြည်တွင်း က နေ အပြင် ကို ပြန်ထောက်ပေး ရတာ ၊ ဘယ်သူ မဆို အကြာကြီး မထောက်ရ
ပါဘူး ၊ ကျောင်းနေတဲ့ သူဆိုရင် ၊ ပတ်တိုင်မ်း အလုပ်လေး ရ အောင်ရှာ ၊ ပညာသင်
ထောက်ပံ့ငွေငွေ လျောက်ကြ ၊ ဘဏ်ချေးငွေရှာ ကြ နဲ့ ၊ သူ့ စရိတ် သူ စားနိုင်အောင်
ကြိုးစားပြီး နေကြတာများပါတယ်။

ငွေမာ ကို အများကြီးသုံးဘို့ လိုတာ ကလည်း အစိုးရပါ။ မသုံး တော့ဘဲ ချိုးခြံ နေနိုင်တာ က
လည်း အစိုးရပါ။ အစိုးရ က ဝင်ငွေ မရှိဘဲ ငွေမာ သုံးဘို့ အစီအစဉ် ရှိရင် ငွေဖောင်းပွပြီး
ငွေမာဈေး ထိုးတက်လာပါတယ် ၊ အစိုးရ က ငွေမာ အသုံးမလိုရင် ၊ သူ့ မှာ ရှိတဲ့ ငွေမာ
ကိုပါ ဈေးကွက်ထဲ လှည့်သုံးလာရင် ၊ ငွေမာဈေး ကျလာမှာပါ။

ပြည်တွင်း မှာ သုံးတဲ့ ဗမာငွေ က လှည့်ပါတ် ငွေ ပမာဏ ဘယ်လောက်ရှိတယ် ဆိုတာ
အစိုးရ ကဘဲ သိပါတယ် ။ ရိုက်ထားတဲ့ ငွေစက်ကူ တန်ဘိုးပေါင်း က ဘယ်လောက်
ညနေ တနေကုန်သွားရင် ‘ရိုက်ထားတဲ့ ပိုက်ဆံ တန်ဘိုး ဘယ်လေက် က ဘဏ်ထဲ မှာရှိတယ်
ကျန်တဲ့ တန်ဘိုး ဘယ်လောက် က လူတွေ လက်ထဲ မှာ ရှိတယ် ဆိုတဲ့ စာရင်းဇယား က
အစိုးရ ဘဲ သိတာပါ။ အဲ လူတွေ လက်ထဲ ပိုက်ဆံတွေ များနေရင် ၊ ဘယ်လို ရိုက်ပြီး
ပြန်ယူရမယ် ၊ ဘာတွေ ကို တက်ဈေး နဲ့ ထုတ်ရောင်း ပစ်လိုက်မယ် ၊
မြေ တိုက်ခန်း စက်ရုံ ၊ ဆိုင်ကယ်လိုင်စင် ၊ မော်တော်ကားတွေ အသုတ်လိုက် ရောင်းထုတ်ပြီး
ဘယ်လို ပြန်ဆွဲစား ရမယ် ဆိုတာ သူနားလည်ပါတယ်။

ငွေ က အစိုးရ လက်ထဲ များများပြန်ရောက် လာရင် ၊ ဘယ်လိုထိမ်းရ မယ်ဆိုတာ က လဲ
သူ သိပါတယ် ။ ဂျင် ဝိုင်း မှာ ဂျင်ထိုးကြ သလိုပါ။ ငွေကြေးဖောင်းပွ မှု က
ဘယ် ဝိသမ လောဘသား ၊ ဘယ် ကုန်သည် က မှ လုပ်လို့ မရ ပါဘူး။
ငွေကြေး စနစ်ကို လှည့်ပါတ် မောင်းနှင်နိုင်စွမ်း ရှိသူက သာ အကွက်ရွှေ့လို့ ရတာပါ။
အခု ဆို လူတွေ လဲ ၊ ဟို အကွက် အဆင်ပြေနိုး ၊ ကားဈေးကွက် အိုကေ နိုး
ငွေမာ ကိုင်ထားရင် အဆင်ပြေနိုး ၊ စပါး နဲ့ ပဲ ကိုင် လိုက် ရင် အကွက်ကောင်း ရ နိုး နိုး နဲ့
လူ ပင်ပမ်း ငွေ ပင်ပမ်း ဖြစ်နေကြတာ များပါတယ်။

ကိုင်း သဌေးကြီး ၊ ချမ်းသာသမျှ ပိုက်ဆံ စားပွဲ ပေါ် ပုံပြစမ်းပါ ဆိုရင်
ပြ နိုင် ၊ ကိုင်နိုင် တဲ့ သူ နဲ သွားပါဘီ။ ချမ်းသာ သမျှ က စာရင်း အဖြစ်ဘဲ ရှိနေတာ
များ ကုန်ကြပါဘီ ။ အခု ငွေမာဈေးကွက် က တော့ အစိုးရ က ငွေကို ဘုံးဘောလအော
မသုံးရင် ၊ ပြောင်းဘို့ မရှိပါဘူး ။

ငါးထောင်တန် က လဲ ရိုက်ထားတာ ကြာလှပေါ့ ဗျာ ၊ ဟို အရင် ဦးခင်ညွန့် တို့ ရှိ ကတဲက
ရိုက်ပြီးသားတွေပါ ။ ဟို တုံး ကတဲက ထုတ်သုံးလိုက်ရင် ဒေါ်လာဈေး က အခု အချိန် ဆို
ငွေမာဈေး က ငါးထောင်အောက် ဘယ်ရောက်မှာလဲ ခင်ဗျ။ ပြီးခဲ့ တဲ့ ၂ နှစ်ခွဲ လောက် ကတဲက
အစိုးရ က ငွေကြေးပေါ်လစီ ချိန်းလိုက်ပြီး ဘဏ်စာရင်းတွေ ၊ ပို့ ကုန် သွင်းကုန် စာရင်းတွေ
နေ့တိုင်း ၊ ညနေတိုင်း အပ်ဒိတ်ဖြစ်အောင် လုပ်ပြီး သူ က ဘဲ အထက်စီးရအောင် လုပ်လာတာပါ
အခုထိ ငါးထောင်တန် က နိတ်ပတ်လည်အောင် မထုတ်ပေးသေးပါဘူး။

ငါးထောင်တန် ကို ထုတ်လိုက်လို့ အပြင် မှာ ငွေဈေးပြောင်းရင်
ထိုးရောင်းမဲ့ သူတွေ အများကြီးပါ။ အမေရိကန် က လည်း ၊
သူ့ အကြောင်း နဲ့ သူ ငွေ လည်အောင် လုပ်နေရ မဲ့ အခြေအနေ
မှာ ကဘာ မှာ အမေရိကန် ငွေ က လည်း တန်ဘိုးချ အောင် ပြန်လုပ်နေရတဲ့ အခြေအနေပါ။
အမေရိကန်ငွေ တန်ဘိုး ကျ မှ အမေရိကန် အနေနဲ့ က ပို့ကုန် တိုးလာမှာဖြစ်ပါတယ် ။

တရုပ်ကြီး ဆီ က နည်းတွေ နဲ့ တရုပ်ကြီး ကို ပြန် ပြိုင်နေရတာပါ။
တရုပ်ကြီး က လည်း သူ့ ငွေလဲနှုန်း ကို ပြန် ပြင်ပေးမဲ့ သဘော မရှိတော့ ၊ သူ့ လိုဘဲ
အမေရိကန် က လိုက်ပြိုင် နေရတော့ ၊ နောက်ထပ် တနှစ် လောက်တော့ ဒေါ်လာဈေး
အားနည်းနေဘို့ များပါတယ် ခင်ဗျာ ။ ကဘာ့ စီးပွားရေး က လဲ နေ့ ည မနား
တချိန်လုံး အခြေအနေပြောင်း နေလွန်းပ ဗျာ။

ငါးထောင်တန် က လဲ လူတွေ လက် ထဲ သိပ် မတွေ့ ရပါဘူး ၊ ကျွန့်တော် မှာ တောင်
အခု တရွက် မှ မရှိတော့ ပါဘူး ၊ ကိုင် လဲ မကိုင်ချင်တော့ ပါဘူး ။
ဟို တနေ့ ညနေ က ကားမောင်းသွားရင် ဆပ်ပရိုက် ချက် နဲ့ တွေ့ ပါတယ်။
မော်တော် ပီကယ်က ကားလိုင်စင်စာအုပ် ဝှီးတက် နဲ့ ယဉ်မောင်းလိုင်စင် စစ် ပါတယ်။
ကျွန်တော်လဲ အဆင်သင့်အမြဲထားတော့ အကုန်လုံး ထုတ်ပြနိုင်ပါတယ်။

ပုလိပ် က စာရွက်စာတမ်းတွေ လဲစစ်ပြီးရော အမူအယာ ချက်ချင်းပြောင်းသွားပါတယ်။
ကျွန်တော့ ကို တော် တော် ရိုရို ကျိုးကျိုး ဆက်ဆံပြီး ၊ ဆရာချင်း မိုးမွှန်အောင်
ခေါ်တော့တာပါဘဲ ၊ စာအုပ် ကလေးတွေ ကို တရိုတသေ ပြန်ပေးပြီး ၊
ကား ပြန်ထွက်ခါနီး လမ်းရှင်း ခရာတွေ ဘာတွေ တောင် တွတ်ပေးလိုက်လို့
လုတောင် ဘဝင် အတော်မြင့်သွားပါတယ်။

အင်း ဘာကြောင့် များ ပုလိပ်မင်း က အပိုး ဒီလောက် ကျိုးသွားရပါသလဲ ဆိုတာပါ
စဉ်းစားကြည့်တော့ ငါ့ ကား ကို တော့ ရိုသေစရာ မရှိပါဘူး ၊ ငါ က ဘဲ
ဥပဒိ ရုပ်ကောင်းလွန်းလို့ ‘ဒင်း က လေးစားသွားတာ နေမှာပါ လို့
စိတ်ထဲ အောင်းမေ့ မိပြီး ၊ အတော် ဟုတ်တဲ့ ငါပါလားလို့ ထင်လိုက်မိပါတယ်။

အိမ်ရောက် မှ ၊ ပြန်ကြည့်တော့ ထင်နေခဲ့ မိတာ တွေ က ၊ မှား လှ ပါ လားဗျာ။
ကျွန်တော့် မှာ ငါးထောင်တန် လေး ၊ ၂ ရွက် ရှိတာ ၊ မှား ပြီး သုံးမိ မစိုးလို့
ကားစာအုပ်လေးထဲ ဝှီးတက် နဲ့ အတူ ညှပ်ထား မိတာ ၊ အခု ၊ မရှိတော့ပါလားဗျာ
ဟို ပုလိပ်မင်း ၊ ‘ဒီ ငါးထောင်တန် ၂ ရွက် ကို သူ့ ဘို့ လာဘ် ပေးတယ်
ထင်ပြီး နှိုက်ယူသွား ပါ ပလားဗျာ ၊ ‘ဒါကြောင့်ဒင်း က မတရား ရိုကျိုးနေသကိုးဗျ
နောင်များတော့ တော်ပါဘီ ၊ ငါးထောင် တန် ဆိုရင် မကိုင် ဝန့်တော့ ပါ ဗျား ။

(အေဇော်ကြီး)

No comments:

Post a Comment