ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, December 1, 2009

ရန်ကုန်တွင် အမျိုးသမီးငယ်တဦး မိမိကိုယ်ကို အဆုံးစီရင်

မဇိၼ်မ
၁၆ နှစ်အရွယ်ရှိ မိန်းကလေးတဦးသည် မြို့တော်ဟောင်း ရန်ကုန်တွင် ၅ ထပ်တိုက်ပေါ်မှ ခုန်ချကာ ယနေ့ အဆုံးစီရင်သွားကြောင်း ရဲက ပြောသည်။

ရန်ကုန်မြို့တွင်းပိုင်းတွင် တည်ရှိသည့် လမ်းမတော်မြို့နယ် ၁၄ လမ်းတွင် နေထိုင်သည့် မဇင်သူထက်သည် ယနေ့ အစောပိုင်းတွင် သူမနှင့် သူမ၏ မိသားစုများ နေထိုင်သည့် ၅ ထပ်တိုက် အပေါ်ဆုံးထပ်မှ ခုန်ချခဲ့ကြောင်း ရဲစခန်းက ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။

''မိန်းကလေးက ပွဲချင်းပြီး ဆုံးသွားတာပါ။ ဒီကနေ့ မနက် ၆ နာရီ (ဒေသစံတော်ချိန်) မှာ အဆောက်အဦးပေါ်က ခုန်ချခဲ့တာပါ'' ဟု လမ်းမတော် ရဲစခန်းရှိ ရဲအရာရှိတဦးက ပြောသည်။

သေဆုံးသူ၏ မိဘများ ထွက်ဆိုချက်အရ မိဘများနှင့် စကားများပြီးနောက် အပေါ်ဆုံးထပ်မှ ခုန်ချသွားကြောင်း သိရသည်ဟု ရဲက ဆက်လက်ပြောဆိုသော်လည်း မည်ကဲ့သို့ ဖြစ်ပွားခဲ့ပုံနှင့် အမှုဖွင့်ခြင်း ရှိ၊ မရှိကိုမူ ပြောဆိုရန် ငြင်းဆိုခဲ့သည်။ သို့သော် အမှုကို ဆက်လက်၍ စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။

အိမ်နီးချင်းများနှင့် ရဲ အဆိုအရ သေဆုံးသူ မိန်းကလေးသည် ၁ဝ တန်းအောင် ကျောင်းသူတဦးဖြစ်ပြီး၊ လာမည့် ပညာသင်နှစ်တွင် ကောလိပ်ကျောင်းသို့ တက်ရောက်မည့်သူဖြစ်ကြောင်း သိရသည်။

(ဆလိုင်းဟံသာစန်း သတင်းပေးပို့သည်။ မုံပီး တည်းဖြတ်သည်။)

No comments:

Post a Comment