ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, November 27, 2009


နာဂစ်ဒုက္ခသည်များ အကူအညီ လိုအပ်နေဆဲ
Thursday, 26 November 2009 18:53 ဧရာဝတီ
လူပေါင်း ၁ သိန်း ၄ သောင်းခန့် အနည်းဆုံး သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်း တိုက်ခိုက်ခဲ့သည်မှာ ၁၈ လ ကြာခဲ့ပြီ ဖြစ်သော်လည်း ထောင်ပေါင်း များစွာသော ဒုက္ခသည်များသည် ယာယီတဲများတွင် နေရဆဲ ဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကပြောသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံရပြီး ၁၁ လအကြာ ဒေးဒရဲ မြို့နယ်အတွင်းရှိ အိုးအိမ်မဲ့ ဒုက္ခသည်များကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ရိုက်တာ)
ယမန့်နေ့က နိုင်ငံတကာ အလှူရှင်များအဖွဲ့နှင့် ကမ္ဘာ့ကုလသမဂ္ဂ၊ အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) တို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် နိုင်ငံတကာ အလှူရှင်များက နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၈၈ သန်း လှူဒါန်းရန် ကတိပြုခဲ့ကြောင်း TCG ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။

ထိုလှူဒါန်းငွေများအနက် နာဂစ်မုန်တိုင်းဒုက္ခသည် ၁ သန်းအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အကောင်အထည် ဖော်ရန်၊ အိမ်ခြေသစ် ၁၇၈၀၀ တည်ဆောက်ရန်၊ ကျောင်းသစ်ပေါင်း ၄၀ တည်ဆောက်ရန် စသည့် လုပ်ငန်းများ အတွက် လှူဒါန်းမည်ဖြစ်ကြောင်း TCG စာရင်းအရ သိရသည်။

သို့သော်လည်း ကုလသမဂ္ဂအရာရှိ လူသားချင်း စာနာထောက်ထားသော လုပ်ငန်းများဆိုင်ရာ ပူးတွဲညှိနှိုင်း ဆောင်ရွက်ရေးမှူးက ထို လှူဒန်းငွေသည် လိုအပ်သည်ထက်များစွာ လျော့နည်းနေသေးသည်ဟု ယမန်နေ့က ပြောဆိုခဲ့သည်။ TCG အဖွဲ့က လာမည့် ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၁၀၃ သန်း တောင်းဆိုထားကြောင်း သိရသည်။


နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေးလုပ်သားများ၏ စာရင်းကောက်ယူချက်အရ မိသားစုပေါင်း ၁၇၈၀၀၀ မှာ ကယ်ဆယ်ရေး အစောပိုင်းကာလက ဝေခြမ်းခဲ့သော တာလပတ် ယာယီတဲအိမ်များဖြင့် ဖြစ်သလို နေရဆဲဖြစ်ပြီး လူ ၁ သိန်းမှာ အိုးအိမ်လိုအပ် နေသေးကြောင်း သိရသည်။

၂၀၀၈ ခုနှစ် မေလလက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းနာဂစ်ကြောင့် အိမ်ပေါင်း ၄ သိန်း ၅ သောင်းပျက်စီးခဲ့ကာ လူ ၁ သိန်း ၄ သောင်း သေဆုံးခဲ့ပြီး ၂. ၄ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ မုန်တိုင်းတိုက်အပြီး မေ ၃၁ ရက်နေ့တွင် နာဂစ်မုန်တိုင်းသင့် ပြည်သူများအတွက် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့TCG ကို ဖွဲ့စည်းခဲ့သည်။

အလားတူ ထိုင်းနိုင်ငံ၊ ထိုင်းအမျိုးသားကြက်ခြေနီအဖွဲ့ကလည်း နာဂစ်မုန်တိုင်းသင့်ရာ ဒေသဖြစ်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ကျေးရွာ ၂ ရွာ တွင် ဆေးရုံ ၁ ရုံစီ တည်ဆောက်နိုင်ရန် အမေရိကန်ဒေါ်လာ ၁ သိန်း ၈ သောင်းကျော်ကို လှူဒန်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိုင်း ဘုရင့်သမီးတော် မဟာ ချက်ကရီ သီရိဒုံ နှင့် ထိုင်းကြက်ခြေနီအဖွဲ့တို့က ရန်ကုန်မြို့တွင် “အမျိုးသား သွေးလှူဘဏ်” အဆောက်အဦးအသစ် တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၇ သိန်း ၈ သောင်း လှူဒါန်း ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

ယင်း အဆောက်အဦးကို နောင်နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး သွေးလှူဘဏ်ဖြစ်လာလိမ့်မည် ဟု ဆိုသည်။

သွေးအိတ်ပေါင်း ၁၅၀၀ ကျော်သိုလှောင်နိုင်မည် ဖြစ်ပြီး နိုင်ငံတွင်းရှိ တခြားသော သွေးလှူဘဏ်များသို့ နည်းပညာပိုင်းဆိုင်ရာ အကူညီမျာလည်း ပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ဆေးရုံများတွင် သွေးပြတ်လပ်သည့် အခက်အခဲတွေ့ကြုံနေရသဖြင့် မြန်မာ့ကျန်းမာရေးအာဏာပိုင်များက ပြည်သူများ သွေးလှူဒါန်းရန် နှိုးဆော်ထားသည်။

ရန်ကုန်ဆေးရုံ သတင်းရပ်ကွက်၏ အဆိုအရ လစဉ် သွေးအိတ်ပေါင်း ၃ ထောင်လိုအပ်နေပြီး ထိုအထဲမှ ၈၀ ရာခိုင်နှုန်းမှာ ဆေးရုံများတွင် လိုအပ်နေသော သွေးအတွက် ပံ့ပိုးရကြောင်းသိရသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ၄ နှစ်တာ ကာလအတွင်း လူနာပေါင်း ၆၂၇၁၅ ဦးကို ဆေးရုံများတွင် သွေးသွင်းပေးနိုင်ခဲ့သော်လည်း ၄၀၈၃၇ ဦးမှာ သွေးလိုအပ်ခဲ့သည်ဟု ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။

သွေးလှူခြင်းဖြင့် လူ့အသက်ကယ်တင်နိုင်ရန် တိုက်တွန်းနှိုးဆော်သည့် နည်းတူ ကျန်းမာရေးဌာနက အကြိမ် ၅၀ အထက် သွေးအလှူရှင်များကို ဂုဏ်ပြုမှတ်တမ်း တင်ပေးကြောင်းလည်း သိရသည်။

No comments:

Post a Comment