ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, December 5, 2009

နအဖအတွင်း ရာထူး အပြောင်းအလဲများ

ဒါ့အပြင် ပြီးခဲ့တဲ့ နအဖ စစ်တိုင်းမှူးတွေရဲ့ ယခုနှစ်ကုန် (၄) လပတ် အစည်းအဝေးမှာ နအဖ အတွင်း ရာထူး အပြောင်းအလဲတချို့ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ် ဆန်းဆင့်၊ စစ်ဥပဒေချုပ် ဗိုလ်ချုပ် စိုးမောင်၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် လှဌေးဝင်းတို့ကို ဒု-ဗိုလ်ချုပ်ကြီး အဆင့် အသီးသီး တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ် ဆန်းဆင့်ဟာ ၂ဝဝ၂ ခုနှစ်မှာ ရန်ကုန်တိုင်း ဒု-တိုင်းမှူး၊ နောက်ပိုင်း စစ်ရာထူးခန့်ချုပ် ဖြစ်လာသူပါ။ ဗိုလ်ချုပ်စိုးမောင် ဆိုရင် ၂ဝဝ၃ မှာ အမှတ် (၆) စကခမှူးကနေ စစ်ဥပဒေချုပ် ဖြစ်လာပါတယ်။ ဗိုလ်ချုပ် လှဌေးဝင်းကတော့ ရန်ကုန်တိုင်း တိုင်းမှူးကနေ ၂၀၀၇စက်တင်ဘာ အရေးအခင်းနောက်ပိုင်း ရာထူးတက်လာသူ တဦးဖြစ်တယ်။

အလားတူ အခြားအဆင့်တွေကိုလည်း ရာထူးတိုးပေးတာတွေ ဒီရက်ပိုင်းမှာ ရှိခဲ့တယ်လို့ ကြားသိရပါတယ်။ ပြီးခဲ့တဲ့လ ၂၃ ရက်က စခဲ့တဲ့ ၄ လပတ် အစည်းဝေးမှာ ဒီလို ရာထူးတိုးတာတွေ ရှိနေပေမယ့် အသေးစိတ် အတည်မပြုနိုင်သေးပါဘူး။

No comments:

Post a Comment