ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, January 9, 2010

စစ်အစိုးရ ရွေးကောက်ပွဲ အောက်တိုဘာလမှာ ကျင်းပမယ်ဟု ဂျပန်နိုင်ငံ ထုတ် အဆာဟိ ရှင်ဘွန်းရဲ့ အင်တာနက်သတင်းမှာ ဖော်ပြ

ကိုအောင်လွင်ဦး
မြန်မာစစ်အစိုးရက ဒီနှစ်မှာ ပြုလုပ်မယ်လို့ ဆိုထားတဲ့ ရွေးကောက်ပွဲတွေကို လာမယ့် အောက်တိုဘာလမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံက သတင်းစာကြီးတစောင်က ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရ အကြီးတန်း အရာရှိတွေလည်း ရာထူးကထွက်ပြီး ပါဝင်နိုင်ဖို့ အခုလို နှစ်ကုန်ပိုင်းကို ရွေးချယ်ခဲ့တာ ဖြစ်တဲ့ အကြောင်းကိုလည်း ဂျပန်နိုင်ငံထုတ် အဆာဟိ ရှင်ဘွန်း သတင်းစာက စစ်အစိုးရနဲ့နီးစပ်သူ အသိုင်းအ၀န်းကို ကိုးကားပြီး မနေ့တုန်းကပဲ ဖော်ပြခဲ့တာပါ။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို လာမယ့် ဧပြီလလောက်မှာ ထုတ်ပြန်ပြီး ရွေးကောက်ပွဲတွေကိုတော့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျင်းပပေးလိမ့်မယ်ဆိုပြီး အဆာဟိ ရှင်ဘွန်းရဲ့ အင်တာနက်သတင်းမှာ ဖော်ပြလိုက်တာပါ။ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကတော့ ဒီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာမှာ ရွေးကောက်ပွဲတွေ ကျင်းပသွားမယ့်အကြောင်း ထည့်သွင်းပြောဆိုသွားပေမဲ့ အခုအချိန်အထိတော့ အစိုးရဘက်က နေ့ရက် အတိအကျကို တရားဝင် သတ်သတ်မှတ်မှတ် ထုတ်ပြန်တာမျိုး မရှိသေးပါ။

No comments:

Post a Comment