ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, January 7, 2010

အဲပုဂံလေကြောင်းလိုင်း ချင်းမိုင်သို့ စတင်ပျံသန်း၊ ခရီးသည် သုံးပုံတပုံခန့်သာရှိ

မျိုးချစ်သူ

အဲပုဂံလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံမှ ချင်းမိုင်သို့ စတင်ပျံသန်းသော ဇန်န၀ါရီ (၇) ရက်၊ ယနေ့တွင် ချင်းမိုင်သို့ လိုက်ပါသူ ခရီးသည် ( ၃၀) ဦးခန့်သာ ရှိသည့်အတွက် လိုက်ပါသည့်ခရီးသည်မှာ သုံးပုံတပုံသာရှိကြောင်း အဲပုဂံလေယာဉ်လက်မှတ် အရောင်းဌာနမှ သိရသည်။

အဲပုဂံလေကြောင်းလိုင်းက ယနေ့စတင်သည့် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို လာမည့် ဧပြီလထိ သတ်မှတ်ထားသော်လည်း ခရီးသည် အနေအထားကို ကြည့်၍ ထပ်မံတိုးချဲ့သင့်မသင့် စဉ်းစားသွားမည်ဟု အဆိုပါ လေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။

အဲပုဂံလေကြောင်းလိုင်းကို ပိုင်ဆိုင်သည့် ဦးတေဇသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သူ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတခုလုံးကို လက်ဝါးကြီးအုပ် ရယူလိုနေသူဖြစ်ကြောင်း၊ ယင်းအတွက် ချင်းမိုင်ခရီးစဉ်ကို ၂၀၀၉ - ၂၀၁၀ ခရီးသွားရာသီတွင် စတင်ခြင်းဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောသည်။

လူဦးရေ (၁၀၃) ဦး စီးနိုင်သော လေယာဉ်နှင့် (၉၃) ဦး စီးနိုင်သော လေယာဉ် Fokker 100 အမျိုးအစား (၂) စီးဖြင့် တပတ်လျှင် ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့ (၂) ရက်ပြေးဆွဲမည်ဖြစ်ကြောင်း၊ ယနေ့ စတင်ပျံသန်းသောနေ့တွင် မြန်မာနိုင်ငံဘက်မှ လူဦးရေ (၃၀) ခန့် လိုက်ပါသည့်အတွက် နည်းကြောင်း ခရီးသွားကုမ္ပဏီတခုမှ မန်နေဂျာတဦးက ပြောသည်။

ခရီးစဉ်စတင်ပျံသန်းသည့် ဇန်န၀ါရီ (၇) ရက်နေ့အတွက် ပရိုမိုရှင်းထားရှိပြီး တယောက်စာ (၂၃၆) ဒေါ်လာ လက်မှတ်ဝယ်ယူပါက နောက်တယောက်အတွက် (၆၂) ဒေါ်လာ ဆောင်းပေးလိုက်ရုံဖြင့် ချင်းမိုင်သို့ (၁၄) ရက်ကြာခရီး အသွားအပြန်သွားနိုင် ကြောင်းလည်း လေယာဉ်လက်မှတ်အရောင်းဌာနမှ သိရသည်။

ယခုနှစ် ခရီးသွားရာသီတွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့  လာရောက်သည့်ခရီးသည်မှာ ယမန်နှစ်ကထက် များသည့်အတွက် ယခုခရီးစဉ်ကို PB Travel အေဂျင်စီနှင့် ပူးပေါင်းကာ Regular Charter အနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment