ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, January 7, 2010

မိုဘိုင်းလ်ဖုန်းများ ဈေးပြုတ်ကျ

စိုးမိုး

မြန်မာနိုင်ငံတွင် ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ ဖုန်းခေါ်ဆိုခ နှုန်းထားများ (၂) ဆ မြင့်တက်သွားခြင်းကြောင့် ဂျီအက်စ်အမ် စီဒီအမ်အေ မိုဘိုလ်ဖုန်း ရောင်းဝယ်ငှား ဈေးကွက် ထိုးကျသွားကြောင်း သိရသည်။

စစ်အစိုးရ ဆက်သွယ်ရေးလုပ်ငန်းက အငှားချထားပေးသော ဂျီအက်စ်အမ်နှင့် စီဒီအမ်အေဖုန်းများမှာ စစ်အစိုးရနှင့် နီးစပ်သူများ၊ စစ်အစိုးရ အကြီးအကဲ မိသားစုဝင်များက အစိုးရထုတ်ဈေး ကျပ် (၁၅) သိန်းခွဲဖြင့် ထုတ်ယူပြီး ပြင်ပတွင် ကျပ်သိန်း (၃၀) ခန့်အထိ ရောင်းချနေရာမှ ယခု ကျပ် (၁၈) သိန်း ၀န်းကျင်ခန့်ထိ ရောင်းဈေးထိုးကျသွားခြင်းဖြစ်သည်။

“အငှားက တလ ကျပ် (၃) သောင်းဝန်းကျင်၊ အရောင်းက ကျပ် (၁၈) သိန်းဝန်းကျင်လောက်ထိ ကျသွားတယ်။ ဆက်ကျမှာ။ အရင်းရဖို့တောင် မလွယ်ဘူး” ဟု ဖုန်း ရောင်း၊ ငှား လုပ်သည့် အကျိုးဆောင်က ပြောသည်။

ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ ဖုန်းများမှာ စစ်အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက စစ်ခေါင်းဆောင်များ၏ လက်မှတ် ထောက်ခံချက်ဖြင့် လျှောက်ထားရယူပြီး ပြင်ပသို့ တဆင့်ရောင်းချခြင်းကြောင့် အမှန်တကယ် အသုံးလိုသူများက ဈေးကြီးပေး ၀ယ်ယူသုံးစွဲကြရခြင်းဖြစ်သည်။

ယခုကဲ့သို့ ဖုန်းခေါ်ဆိုခ တိုးမြှင့်လိုက်သည့်အပြင် တခါသုံး ဂျီအက်စ်အမ်ဖုန်းကတ်များ၊ စီဒီအမ်အေ ဖုန်းကတ်များ ထုတ်လုပ် ရောင်းချလာခြင်းကြောင့် ယခင် ဂျီအက်စ်အမ် အမည်ပေါက်ဖုန်းများကို တဆင့်ဝယ်ယူ အသုံးပြုသူများသည် ကျပ် (၁၅) သိန်းခန့် အရှုံးပေါ်နေကြောင်း သိရသည်။

အမည်ပေါက် ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ ဖုန်းများမှာ ခေါ်ဆိုခ သက်သာခြင်း၊ ဖုန်းနံပါတ် မပြောင်းရခြင်းတို့ကြောင့် တခါသုံး ဂျီအက်စ်အမ်၊ စီဒီအမ်အေ ဖုန်းများထက် ဈေးကွက် အကြိုက်တွေ့ခဲ့သည်။

ယခု အမည်ပေါက် ဂျီအက်စ်အမ်၊ စီဒီအမ်အေနှင့် ကမ်းရိုးတန်း စီဒီအမ်အေ မိုဘိုင်းလ်ဖုန်းတို့ကို တမိနစ် ခေါ်ဆိုခ ကျပ် (၅၀) တိုးမြှင့်လိုက်ခြင်းကြောင့် တဆင့်ခံ ၀ယ်ယူထားသူများအတွက် အရှုံးပေါ်စေခြင်းဖြစ်သည်။

No comments:

Post a Comment