ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, January 5, 2010

ထူးနှင့် လုပ်ငန်းရှင်များကို ရေအားလျှပ်စစ် လုပ်ခွင့်ပေး

ရန်ပိုင်
လျှပ်စစ်စွမ်းအင် ကဏ္ဍတွင် ပုဂ္ဂလိကနှင့် ဖက်စပ် လုပ်ကိုင်ခြင်းကို ပထမဆုံးအကြိမ် ခွင့်ပြုလိုက်ရာ စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီး ဦးတေဇ အပါအ၀င် ပြည်တွင်းပြည်ပ ကုမ္ပဏီများ ရရှိသွား သည်ဟု ကြာသပတေးနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

ထူးကုမ္ပဏီသည် အထက်ဆည်တော်ကြီး နှင့် ထာခ ရေအားလျှပ်စစ် စီမံကိန်း တို့ကို အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် စနစ်ဖြင့် ၇၅ နှစ် လုပ်ကိုင်ခွင့် ရရှိမည်ဟု ဆိုသည်။

ဆည်တော်ကြီး စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို ထူးကုမ္ပဏီက မန္တလေးမြို့သို့ ဖြန့်ဝေပြီး ဓာတ်အား သုံးစွဲခများကို ကောက်ခံမည်ဟု သတင်း ထွက်ပေါ်နေကြောင်း မန္တလေးမြို့ခံ တဦးက ပြောသည်။

“ရွေးကောက်ပွဲ အတွက် မီး ပုံမှန်ပေးမယ်လို့ ပြောတာ နေမှာပါ” ဟု ၎င်းက ဆိုသည်။

မန္တလေးတွင် တရက်ခြား မီးပေးသည့် စနစ်ဖြင့် လျှပ်စစ်မီး ဖြန့်ဝေနေသည်ဟု ဆိုသော်လည်း သတ်မှတ်ထားသည့် အချိန်အတိုင်း လျှပ်စစ်မီး ရရှိခြင်း မရှိဟု ဆိုသည်။ မီးအား လွန်စွာ နည်းပါးသည်ဟုလည်း သိရသည်။ မီတာခမှာ ၁ ယူနစ် ကျပ် ၅၀ ကောက်ခံသည်ဟု အဆိုပါမြို့ခံက ပြောသည်။

ဆည်တော်ကြီး စီမံကိန်းသည် မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် တည်ရှိပြီး တနှစ်လျှင် ၃၁၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဟု သိရသည်။

တခြား ကုမ္ပဏီကြီးများဖြစ်သည့် ရွှေစွမ်းအင်ကုမ္ပဏီက သောက်ရေခပ် ၂၊ အနာဂတ်စွမ်းအား ကုမ္ပဏီက ဘီလူးချောင်း ၃၊ Delco ကုမ္ပဏီက အညာဖျား စသည့် ရေအားလျှပ်စစ်စီမံကိန်း တို့ကို ဆောင်ရွက်ခွင့် ရသွားသည်။

၁၉၈၈ ခုနှစ် မတိုင်မီက ရေအားလျှပ်စစ်စက်ရုံ ၂ ရုံ၊ သဘာဝဓာတ်ငွေ့ သုံး ဓာတ်အားပေးစက်ရုံ ၇ ရုံရှိပြီး စုစုပေါင်း ၅၂၉ ဒဿမ ၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။ ၁၉၈၈ နောက်ပိုင်း တွင် ဆည်တော်ကြီး၊ ဘီလူးချောင်း၊ ဇော်ဂျီ၊ ဇောင်းတူ၊ သဖန်းဆိပ်၊ ပေါင်းလောင်း၊ မုန်း၊ ပသိ၊ ရဲနွယ်၊ ခပေါင်း နှင့် ကျိုင်းတောင်း စသည့် ရေအားလျှပ်စစ်စက်ရုံများ၊ ကျောက်မီးသွေးသုံး၊ ရေနွေးငွေ့သုံး၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများကြောင့် ၂၂၅၅ ဒဿမ ၉ မဂ္ဂါဝပ် ထုတ်နိုင်ခဲ့သည့်ဟု နှိုင်းယှဉ် ရေးသားထားသည်။

သို့သော် လူဦးရေ ၇ သန်း နီးပါး နေထိုင်သည့် ရန်ကုန်မြို့တော်တွင် လုပ်ငန်းရှင် အများစုမှာ ဒီဇယ်ဆီသုံး ကိုယ်ပိုင် မီးစက်များဖြင့် လုပ်ငန်း လည်ပတ်နေရကြောင်း လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်း ရှင်တဦးက ပြောသည်။

“စက်မှုဇုန်ကတော့ ညနေ ၅ နာရီက မနက် ၅ နာရီ အထိပဲ မီးရတယ်”ဟု ၎င်းက ဆိုသည်။

ရေအားလျှပ်စစ် စီမံကိန်းများသည့် ပြည်သူများ လျှပ်စစ်မီး အပြည်အ၀ အသုံးပြုစေရန် အတွက် မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံများသို့ လျှပ်စစ်ဓာတ်အား ရောင်းချ၍ နိုင်ငံခြားငွေ ရှာရန်သာ ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းစာဆရာတဦးက သုံးသပ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “အမှန်တကယ် ဖွံဖြိုး သော နိုင်ငံဖြစ်လိုလျှင် စက်မှုနိုင်ငံဖြစ်အောင် ထူထောင်ရမည်”ဟု ပြောဆိုခဲ့သေးသည်။

ဆက်လက် တည်ဆောက်ရန် လျာထားထားသည့် ရေအားလျှပ်စစ် စီမံကိန်းများမှာ ရွှေလီ ၃၊ ဘောဂထ၊ ဘီးလင်း၊ဒယိုင်ချောင်း၊ သကျက်၊ တာပိန်၂၊ ရွှေလီ ၂၊ ရွှေစာရေး၊ တနသာင်္ရီ၊ လေးမြို့၊ မြစ်ဆုံ၊ ရီနန်၊ ခေါင်လံဖူး၊ ပီဇာ၊ ၀ူဆောက်၊ ချီဖွေ၊ လဇာ၊ ဟတ်ကြီး၊ ဘီးလင်း၊ စိုင်ဒင်၊ တာဆန်း၊ အထက်သံလွင်၊ အထက်ရဲရွာ၊ ဗူး၊ မြို့ကြီး၊ မြစ်သာ တို့ ဖြစ်သည်။

ယခုနှစ်တွင် ပြီးစီးတော့မည့် စီမံကိန်းများမှာ ရဲရွာ၊ ရွှေကျင်၊ ချီဖွေငယ်၊ ကွန်းချောင်း၊ ဖြူးချောင်း၊နန်ချို၊ တာပိန် ၁ ၊ အထက်ပေါင်းလောင်း၊ သောက်ရေခပ် ၂၊ ဘီလူချောင်း ၃ စီမံကိန်းတို့ ဖြစ်သည်။

သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများအတွက်လည်း ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ပိုက်လိုင်းများ သွယ်တန်း၍ ပို့ပေးမည်ဟု သိရသည်။

No comments:

Post a Comment