ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, January 16, 2010

အချိန်အကြာဆုံး နေကြတ်မှု မြန်မာပြည်သူတို့ မြင်ခဲ့ရ


ပုဂံမြို့မှ ကိုရင်အချို့ နေကြတ်သည်ကို ကြည့်ရှုနေစဉ်။
အပြည့်အ၀နီးပါး နေကြတ်တာကို ဒီကနေ့မှာပဲ မြန်မာနိုင်ငံ အပါအ၀င် အာရှနဲ့ အာဖရိကဒေသ အတော်များများက တွေ့မြင်ခဲ့ကြရပါတယ်။ နေရဲ့ ရှေ့တည့်တည့်မှာ လ ကျရောက်ခဲ့တာမို့ နေရဲ့အနားလောက်ကိုသာ လရဲ့နောက်ခံနဲ့ တောက်ပနေတာကို တွေ့မြင်ခဲ့ကြရတာပါ။

အာဖရိက အလယ်ပိုင်းဒေသက ဒီကနေ့ နေကြတ်တာကို အဦးဆုံး စတင်မြင်တွေ့ခဲ့ကြရပြီး တခြား ယူဂန်ဒါ၊ ကင်ညာ၊ ဆိုမားလီးယား၊ မော်လဒိုက်၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ တရုတ်နိုင်ငံတွေ အပါအ၀င် နိုင်ငံအတော်များများက တွေ့မြင်ခဲ့ကြရတာပါ။

မြန်မာနိုင်ငံမှာတော့ မွန်းလွဲ ၁ နာရီခွဲလောက်ကနေ ညနေ ၄ နာရီခွဲလောက်အထိ တွေ့မြင်ခဲ့ကြရကြောင်း ဒေသခံတွေက ပြောကြပါတယ်။

ဒီကနေ့ နေကြတ်ခဲ့တဲ့ ဖြစ်စဉ်ကိုတော့ ရခိုင်ပြည်နယ်ဘက်က အစောဆုံး တွေ့မြင်ရပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စတဲ့ ဒေသတွေကလည်း တွေ့မြင်ခဲ့ကြရသလို ရှမ်းပြည်နယ် မြောက်ပိုင်းဒေသဘက်က နောက်အကျဆုံး တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒီ ၂၁ ရာစုနှစ်မှာ အချိန်အကြာဆုံး နေကြတ်မှု ဖြစ်စဉ်ကို စိတ်ဝင်တစား စောင့်ဆိုင်း ကြည့်ရှုကြတဲ့ မြန်မာနိုင်ငံသားတွေသာမက ကမ္ဘာလှည့် ခရီးသွားတွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment