ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, February 11, 2010

ကချင် မြစ်ဆုံဒေသ ရွှေတူးခွင့် ပိတ်ပင်


ရှောင်ဆန့်
မြစ်ဆုံ ရေလှောင်တမံ ဆောက်လုပ်ပါက ရေလွှမ်းမိုးမှု ခံရမည့် နေရာများတွင် ရွှေတူးနေမှုကို လွန်ခဲ့သည့် အပတ်တွင် ဒေသဆိုင်ရာ အာဏာပိုင်များက ရပ်တန့်ခိုင်း လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ လဆန်းပိုင်းက မြစ်ကြီးနားမြို့ ဗလမင်းထင် တံတား အနီးတွင် ဒေသခံရွာသား တချို့ ရွှေကျင်နေကြပုံ (ဓာတ်ပုံ - Reuters)
“ဒီနေရာအားလုံးက တရုတ်တွေကို ရောင်းပြီးသား ဒါကြောင့် ဗျူပာာမှူးက ပိတ်ခိုင်းတယ် ဆိုပြီး ဒီမှာ လုံခြုံရေး ချထားတဲ့ စစ်တပ်က ပိတ်ခိုင်းတာပဲ”ဟု ဒေသခံ ရွှေကျင်သူ တဦးက ပြောသည်။

သတ္တုတွင်း ၀န်ကြီးဌာနသို့ ပုဂ္ဂလိက ကုမ္ပဏီများက ရွှေတူးခွင့်ကို တင်ထား ကြောင်းလည်း သိရသည်။

ဒေသခံများက တန်ဖဲရွာ၌ ချထားသော လုံခြုံရေးတပ်တွင် အခွန်ဆောင်ကာ လွန်ခဲ့သည့် ဒီဇင်ဘာ လဆန်းပိုင်းမှ စတင် ရွှေတူးဖော်နေ ကြခြင်းကို ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

“ကျမတို့ ဒီမှာ ဟိုအရင် ကတည်းက တနေ့စာ တနေ့ဟင်းဖိုး ရှာနေကြတာပါ၊ အခုက အတော်ဆိုးတာ ကိုယ့်ခြံမှာတောင် လုပ်ခွင့်မ ရှိတော့တာပါ”ဟု တန်ဖဲရွာမှ အိမ်ရှင်မ တဦးက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ယက် (KDNG) မှ ရေကာတာဆောက်လုပ်မှု ရပ်တန့်ရေး ဆောင်ရွက်နေသူ ကိုနော်လာက “ ဒေသခံတွေက ဘိုးဘွားစဉ်ဆက် တနိုင်စာ ရွှေကျင်ပြီးတော့ အသက်မွေးဝမ်းကြောင်း ပြုလာကြတာပါ၊ ဒေသခံတွေရဲ့ဒုက္ခက မသေးဘူး၊ တဘက်ကနေကြည့်မယ်ဆို ဒါ ဖိအားအမျိုးမျိုးကြောင့် ရေကာတာဆောက်လုပ်မှုအပေါ် စဉ်းစားလာတာဖြစ်နိုင်သလို ၀င်ငွေကို ဗဟိုက တိုက်ရိုက် ချုပ်ကိုင်လာတာလည်းဖြစ်နိုင်တယ်”ဟု သုံးသပ်သည်။

ရွှေ စတင်တူးသည့်အချိန်တွင် ယင်းဒေသခံလုံခြုံရေးတပ်ကို ကျပ် ၁၀၀,၀၀၀ ပေးရပြီး ရေငုတ်ကျင်းတွင် နေ့ကျင်းတူးသူများ အနေဖြင့် ကျပ် ၅၀၀၀ မှ ၁၀,၀၀၀ ပေးဆောင်ရပြီး ညကျင်းတူးသူများသည်လည်း အလားတူပေးဆောင်ရကြောင်း၊ ကုန်းကွက် ယူသူများမှာမူ လစဉ်ကျေးစနစ်ဖြင့် တလလျှင် ကျပ် ၃၀၀၀၀ မှ ၅၀၀၀၀ စသည်ဖြင့် အသီးသီး အခွန်ဆောင်ကာ ရွှေတူးသည့် လုပ်ငန်း လုပ်နေကြ ကြောင်း သိရသည်။

ရေလှောင်တမံ ဆောက်လုပ်ပါက ရေလွမ်းမိုးမှုခံရမည့် ရွာပေါင်း ၆၀ ကျော်တွင် ရွှေတူးခွင့်လျှောက်သူများမှာ အေးရှားဝေါလ် ကုမ္ပဏီ အပါအ၀င် ကုမ္ပဏီကြီး ၇ခု ဖြစ်ကြောင်း သိရသည်။

“အေးရှားဝေါလ် အပါအ၀င် ကုမ္ပဏီကြီး ၇ ခု ပါတယ်ပြောတယ်၊ ဘယ်သူရမယ်တော့ မသိသေးဘူး”ဟု ကိုနော်လာ ကပြောသည်။

ရွှေတူးခွင့်ကို ကချင်အထူးဒေသ (၂) ဦးဇခုန်တိမ်ယိန်း ခေါင်းဆောင်သော ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) မှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး လဆန်အောင်ဝါ အဖွဲ့တို့လည်း လျှောက်ထား ကြောင်း သိရသည်။

No comments:

Post a Comment