ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, February 27, 2010

ဒုတိယအကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းလည်း တရုတ်တာဝန်ယူ

ရန်ပိုင်
စစ်အစိုးရက ရှမ်းပြည်နယ် သံလွင်မြစ် အထက်ပိုင်း ကွမ်းလုံဒေသတွင် တရုတ်နိုင်ငံနှင့် ဒုတိယအကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း တခု တည်ဆောက်ရန် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ စာချုပ်ကို စစ်အစိုးရ အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန နှင့် တရုတ်နိုင်ငံ Hanergy Holding Group Ltd နှင့် Goldwater Resources Ltd တို့ နေပြည်တော်တွင် ချုပ်ဆိုခြင်းဖြစ်သည်ဟု မြန်မာ့အလင်း သတင်းစာတွင်ပါရှိသည်။

ယခုစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ၂၄၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံအတွက် သံလွင်မြစ်ပေါ်တွင် တည် ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းဖြစ်သည်။

ပထမစီမံကိန်းမှာ တာဆန်းရေကာတာစီမံကိန်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြုပ်နှံမှု ပြုလုပ် ထားသည်။ လျှပ်စစ်ဓာတ်အား ၇၁၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဟု သိရသည်။

အထက်သံလွင် (ကွမ်းလုံ)စီမံကိန်းနှင့် ပတ်သက်၍ မည်မျှရင်းနှီးမြုပ်နှံမှု ပြုလုပ်မည်ဟု ဖော်ပြမထားပေ။

အထက်သံလွင်(ကွမ်းလုံ)ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မည့်နေရာသည် သိန္နီ နယ်နှင့် ကိုးကန့်ဒေသ ချင်းရွှေ ဟော်မြို့နားတွင်ရှိသည်။

တရုတ်နိုင်ငံနှင့် သဘောတူစာချုပ်ချုပ်ဆိုလိုက်ခြင်းသည် နယ်ခြားစောင့် တပ်ပြောင်းလဲဖွဲ့စည်းရေးအတွက် စစ်အစိုးရ ကိုယ်စား လှယ် စစ်ဖက်ဆိုင်ရာလုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချန်းတို့ တန့်ယန်း မြို့တွင် ဆွေးနွေးနေသည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

စစ်အစိုးရ ကိုယ်စားလှယ်နှင့် UWSA ဥက္ကဋ္ဌတို့ ဆွေးနွေးပွဲတွင် တရုတ်စစ်ဖက်အရာရှိ ၃ဦးပါဝင်ကြောင်း သိရသည်။

မကြာသေးမီရက်ပိုင်းအတွင်းကလည်း တရုတ်မြန်မာနယ်စပ်ရှိ ၀ပြည်နယ်နှင့် မိုင်းလားဒေသတို့ရှိ နမ့်ခါမြစ်နှင့် နမ့်လွေမြစ်တို့တွင် ရေအားလျှပ်စစ်စီမံကိန်းများကို ဆောက်လုပ်ရန်အတွက် ယူနန်ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်း နှင့် ပြည်နယ်ဖွံဖြိုးရေးနှင့် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း(SDIC) တို့ စစ်အစိုးရနှင့် သဘောတူညီချက်ရရှိထားကြောင်း တရုတ်နိုင်ငံရှိ ဆိုဟု အင်တာနက် သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။

No comments:

Post a Comment