ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, February 23, 2010

မေးလ် ပြီးတော့ ပတ်စ်ဝတ်စ် ခေါ် ဒစ်ဂျစ်တယ် သက်သေခံလက်မှတ် ထုတ်ပေးခွင့် မြန်မာအင်ဖိုတက် ရရှိ

စိုးမိုး
အီလက်ထရောနစ် ဆက်သွယ်မှု စနစ်များတွင် သတင်းအချက်အလက် ဖောက်ယူခံရခြင်းများ မဖြစ်စေရန် အာမခံပေးမည့် ဒစ်ဂျစ်တယ် သက်သေခံလက်မှတ် ထုတ်ပေးခွင့်ကို မြန်မာအင်ဖိုတက် ကုမ္ပဏီလီမိတက် ရရှိကြောင်း သိရသည်။

မြန်မာအင်ဖိုတက် ကုမ္ပဏီလီမိတက်က ယခင် အများပြည်သူသုံး အင်တာနက်ဆိုင် လိုင်စင် ထုတ်ပေးပိုင်ခွင့်နှင့် လစဉ်ကြေး ကောက်ခံပိုင်ခွင့် ရရှိထားပြီး ယခုတဖန် အွန်လိုင်း လုံခြုံမှု သက်သေခံလက်မှတ် လိုင်စင် ထုတ်ပေးပိုင်ခွင့် ရရှိခြင်းဖြစ်သည်။ မြန်မာအင်ဖိုတက် ကုမ္ပဏီလီမိတက်သည် ဒစ်ဂျစ်တယ်သက်သေခံလက်မှတ် ထုတ်ပေးခွင့်ရှိသည့် မူလအရင်းအမြစ် အာဏာပိုင်ဖြစ်ပြီး ၎င်းမှဆင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီကို ထုတ်ပေးခွင့်ပြုခြင်းဖြစ်သည်။

“အခု အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ် ထုတ်ပေးခွင့် အာဏာပိုင်ဆိုပြီး ရတနာပုံ တယ်လီပို့ကုမ္ပဏီက လက်မှတ်ထုတ် ရောင်းချခွင့်ရတယ်။ နောက်လည်း ရတနာပုံလို လုပ်ချင်တဲ့သူကို မြန်မာအင်ဖိုတက်က လိုင်စင်ပေးမှာပဲ။ သူက လိုင်စင် ရောင်းချခွင့် ရသွားတာပေါ့” ဟု မြန်မာကွန်ပျူတာပညာရှင်အသင်း အမှုဆောင်က ပြောသည်။

ယခုပြုလုပ်မည့် ဒစ်ဂျစ်တယ် သက်သေခံလက်မှတ်စနစ် စာပို့စနစ်တွင် မိမိပေးပို့လိုသူ တဦးကသာ လျှို့ဝှက်နံပါတ် အသုံးပြု ဖွင့်နိုင်မည်ဖြစ်ပြီး ပေးပို့သူနှင့် လက်ခံသူ (၂) ဦးစလုံးက ဒစ်ဂျစ်တယ် သက်သေခံ အာမခံ ၀ယ်ယူရမည်ဖြစ်သည်။

သက်သေခံလက်မှတ်နှင့် ပတ်သက်ပြီး ရတနာပုံတယ်လီပို့က အသေးစိတ် ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးဘဲ မကြာမီ ထုတ်ဝေရောင်းချမည်ဟု ကြေညာထားသည်။

နိုင်ငံတကာတွင် အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ်ကို အသုံးပြုနေသော်လည်း မြန်မာနိုင်ငံတွင်မူ စစ်အစိုးရ စစ်ရေး လျှို့ဝှက်မှတ်တမ်းများ၊ လျှို့ဝှက်စီမံကိန်းများ ပေါက်ကြားခဲ့ပြီးနောက်မှ စတင်အသုံးပြုရန် စီစဉ်လာခြင်းဖြစ်သည်။

သို့သော် ယခုအသုံးပြုမည့် ဒစ်ဂျစ်တယ် သက်သေခံလက်မှတ်စနစ်တွင် နိုင်ငံတကာ၌ အသုံးပြုနေသည့်အတိုင်း အပြည့်အ၀ ၀န်ဆောင်မှုပေးမည်မဟုတ်ဘဲ စာပေးစာယူ ကိစ္စများသာ ပါဝင်ပြီး ပြည်သူလူထု အွန်လိုင်းဆက်သွယ်မှုတွင် အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရသည်။

No comments:

Post a Comment