ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, February 23, 2010

မြန်မာ့ဆက်သွယ်ရေး

မြန်မာ့ဆက်သွယ်ရေးဌာနက ထုတ်ပြန်သည့် စာရင်းများအရ မြန်မာတနိုင်ငံလုံးတွင် လက်လှည့်နှင့် အော်တိုတယ်လီဖုန်း အလုံးရေ (၄) သိန်းခွဲနီးပါး၊ မိုဘိုင်းဖုန်းအလုံးရေ (၄) သိန်း (၈) သောင်းကျော် ချထားပြီးဖြစ်ကြောင်း၊ ၂ဝ၁ဝ -၂ဝ၁၁ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက်မှာ အော်တိုတယ်လီဖုန်း အလုံး (၄) သောင်းကျော်နှင့် မိုဘိုင်းဖုန်း အလုံးပေါင်း (၁) သိန်း (၃) သောင်း တပ်ဆင်ပေးရန်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အီလိုက်တက် ကုမ္ပဏီက ချပေးနေသည့် (၈ဝဝ) မဂ္ဂါဟက်စ် စီဒီအမ်အေ ဖုန်းများကို ယခင်က ရန်ကုန်တွင် (၁) သိန်း၊ မန္တလေးတွင် (၅) သောင်း လျာထားသော်လည်း ယခုနောက်ပိုင်း လိုသလောက် ထုတ်ရောင်းပေးမည်ဖြစ်ကြောင်း၊ စီဒီအမ်အေ (၄၅ဝ) မဂ္ဂါဟပ်စ် ဖုန်းများကိုမူ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း အပါအဝင် ပြည်နယ်နှင့် တိုင်း (၉) ခုတွင် ချပေးမည်ဖြစ်ပြီး အလုံးရေ (၅) သိန်းပင် ကျော်သွားနိုင်ကြောင်း အတည်ပြုပြောဆိုသည်။

ကျပ် (၅) သိန်းတန် စီဒီအမ်အေ (၈၀၀) မဂ္ဂါဟက်စ် ဖုန်းများကို ရန်ကုန်မြို့တွင် ယခင်သတ်မှတ်ထားသောအလုံးရေ (၁) သိန်းမှ (၅) သိန်းအထိ တိုးချဲ့ငှားရမ်း တပ်ဆင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မန္တလေးတွင်လည်း ထပ်မံတိုးမြှင့် ချထားသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြောကြားချက်ကို ကိုးကား၍ ဖေဖော်ဝါရီလအတွင်း ထုတ်ဝေသော အပတ်စဉ်ထုတ် ပြည်တွင်းသတင်းဂျာနယ်များတွင် ဖော်ပြသည်။

No comments:

Post a Comment