ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, March 18, 2010

မိတ္ထီလာရှိ ပါတီ ရုံးခွဲ ဖွင့်ခွင့် ကြိုးပမ်းမှု ဆိုင်းဘုတ်တင်တာနဲ့ ဥပဒေအရ အရေးယူမည့် မြန်ပြည်ရွှေးကောက်ပွဲ

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ဥပဒေတွေ ထုတ်ပြန်လာတဲ့ တချိန်တည်းမှာပဲ အဓိက ကန့်သတ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေက ရုံးတွေမှာ ဆိုင်းဘုတ်မတင်ရ၊ အစည်းအဝေး မလုပ်ရ၊ လူမစုရ၊ စသဖြင့် တားမြစ်ပိတ်ပင်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မိတ္ထီလာရှိ ပါတီ ရုံးခွဲ ၁၄ ရက်နေ့က မြို့နယ် အစည်းအဝေးခေါ်တယ်၊ ရုံးပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ်တယ်၊ ဆုံးဖြတ်ပြီး မတ်လ ၁၅ ရက်နေ့မှာ ကိုယ့်ပါတီကို တရားဝင် အကြောင်းကြားပြီးတော့ မြို့နယ် ထွေအုပ်ကို မိတ္တူပေးပြီး အသိပေးလိုက်တယ်။ အဲဒီမှာ ၁၅ ရက်နေ့ နေ့စွဲနဲ့ နေ့လယ်မှာပဲ ဥပဒေ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်နဲ့ အညီသာ နိုင်ငံရေးပါတီရုံး ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း ဆောင်ရွက်ရန်ကိစ္စဆိုပြီး အကြောင်းပြန်တယ်။

“အဲဒီရဲ့ အဓိပ္ပာယ်က စာပိုဒ် ၃ ပိုဒ်နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၁၀ နဲ့ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီ အသစ်တွေနဲ့ ပတ်သက်လို့ ရုံးဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတွေကို ဆောင်ရွက်ခြင်းနဲ့ ပတ်သက်ပြီး သူတို့က ညွှန်ကြားတဲ့အခါမှာ ကျမကို နိုင်ငံရေးပါတီရုံး အသစ်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတို့ကို ဆောင်ရွက်ခဲ့လို့ရှိရင် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ် ဆိုတဲ့ဟာကို အကြောင်းကြားတယ်။”

No comments:

Post a Comment