ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, March 4, 2010

ထိုင်းလေကြောင်းကို ပြိုင်ဆိုင်၍ ဗီယက်နမ် ၀င်ရောက်

မျိုးချစ်သူ
ဗီယက်နမ်လေကြောင်းလိုင်းမှ ပြေးဆွဲသော ရန်ကုန်-ဗီယက်နမ် (ဟနွိုင်း) ခရီးစဉ်ကို မတ်လ (၂) ရက်တွင် ပထမဆုံး ပျံသန်းပြီဖြစ်သည်။

မြန်မာနိုင်ငံမှ ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှနိုင်ငံများသို့လည်း ယင်းလေကြောင်းလိုင်းဖြင့် တိုက်ရိုက်လက်မှတ် ၀ယ်ယူကာ ထရန်စစ်ဖြင့် သွားလာနိုင်ကြောင်း၊ ယခင်ကကဲ့သို့ ဘန်ကောက်မှတဆင့် ထရန်စစ်လုပ်ရန် မလိုတော့ဘဲ ဟနွိုင်းမှ ထရန်စစ်လုပ်ကာ သွားလာနိုင်ကြောင်း မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံးမှ သိရသည်။

ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံမှ ဗီယက်နမ် လေကြောင်းလိုင်းသည် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများတွင် အင်အားကြီးသော လေကြောင်းလိုင်းတခုဖြစ်ရန် ရည်ရွယ်ထားကြောင်း၊ မကြာမီကာလများတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့အပြင် အခြားမြို့ကြီးများကိုလည်း ဆက်လက်ပြေးဆွဲနိုင်ရန် ရည်ရွယ်ထားကြောင်း ယင်းလေကြောင်းလိုင်း၏ အထွေထွေမန်နေဂျာ Mr. Cao Xuan Phu က ပြောသည်။

အဆိုပါလေကြောင်းလိုင်းက စတင်ပျံသန်းသောလေယာဉ်မှာ fokker 70 ဖြစ်ပြီး လေယာဉ်လက်မှတ်ခ ဈေးနှုန်းမှာ အသွား လက်မှတ်တစောင်လျှင် (၁၉၅) ဒေါ်လာဖြစ်ပြီး အသွားအပြန်အတွက် (၂၆၀) ဒေါ်လာဖြစ်ကြောင်း၊ စတင်ပျံသန်းသောနေ့မှစ၍ ဧပြီလ (၃၀) ရက်အထိကို ပရိုမိုးရှင်းအစီအစဉ်ဖြင့် အသွားအပြန်လက်မှတ်အတွက် (၂၁၀) ဒေါ်လာဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း၊ ရန်ကုန်- ဟနွိုင်း တိုက်ရိုက်ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေနေ့တို့တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ကိုရီးယား အသွားအပြန်ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ (၄၇၀) နှင့် ရန်ကုန်မှ ဂျပန်၊ ပြင်သစ်၊ ဂျာမနီသို့ အသွားအပြန် (၆၇၀) ဒေါ်လာ အသီးသီးသတ်မှတ်ထားကြောင်း ဗီယက်နမ်လေကြောင်းလိုင်းရုံးမှ သိရသည်။

ဗီယက်နမ် လေကြောင်းလိုင်းသည် ၁၉၅၆ ခုနှစ်က စ၍ ဥရောပ၊ အာရှနှင့် သြစတြေးလျ နိုင်ငံတို့ရှိ မြို့ (၂၆) မြို့သို့ ပျံသန်းနေသော လေယာဉ်အစီး (၇၀) ခန့်ရှိသော လေကြောင်းလိုင်းတခုဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment