ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, April 17, 2010

ငှက်ပျော်သီး

ဖီးကြမ်း လည်း
ငှက်ပျော်သီး

ရေသည်လန် လည်း
ငှက်ပျော်သီး

ခွံစိမ်းလည်း
ငှက်ပျော်သီး

ရွှေငှက်ပျော် လည်း
ငှက်ပျော်သီး

အစို လည်းစား
ငှက်ပျော်သီး

အခြောက်ခံ လည်းစား
ငှက်ပျော်သီး

အကျော် လည်းစား
ငှက်ပျော်သီး

နှပ် လို့ လည်း စား
ငှက်ပျော်သီး

ပူတင်း လုပ် လည်းစား
ငှက်ပျော်သီး

ဘယ်လိုစား စား
ငှက်ပျော်သီး

မစားကောင်းတာများ
တောဝင်
ငှက်ပျော်သီး

အစေ့ တွေက များ
ငှက်ဖျား
ငှက်ပျော်သီး

မြို့ မှာစိုက်တော့
မြို့ 
ငှက်ပျော်သီး

တောကို ရောက်တော့
တော
ငှက်ပျော်သီး

တောဝင်တော့
ရိုင်း
ငှက်ပျော်သီး

အစေ့ ရှိ ငြား ငှက် ဖျားခေါ်ဆောင်
လူတို့ ဘောင်
ဝေးဝေးကရှောင်
မစားကောင်း အသီး
ငှက်ပျော်သီး။ ။

No comments:

Post a Comment