ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, April 14, 2010

MPRL E & P Pte Ltd က သီးနှံပျက်စီးမှုအတွက် လျော်ကြေးငွေများ ပေးအပ်


ဈေးကွက်

မကွေးတိုင်း မင်းဘူး(မန်းရေနံမြေ)သည် ၁၉၇၂ ခုနှစ်ကစ၍ ရေနံ စထုတ်ခဲ့ပြီး သဘာဝအလျောက် တဖြည်းဖြည်း ရေနံထွက် ကျဆင်းလာသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကို နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုအားနည်း လာကာ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပြင်ပပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းရန် ကုမ္ပဏီများအား ဖိတ်ခေါ်သောအခါ မြန်မာ့ရေနံစွမ်းအင် MPRL က MOGE မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ပူးပေါင်းလာခဲ့သည်။
မင်းဘူးမြို့နယ်၊ မန်းရေနံမြေ၌ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ဖက်စပ်ပူးပေါင်း၍ ရေနံအထွက်တိုး လုပ်ငန်းများကို ဆောင်ရွက်နေသော MPRL E & P Pte Ltd သည် ၁၉၉၆ ခုနှစ်ကစ၍ ယနေ့အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးမြှင့် ထုတ်လုပ်ရေးအတွက် ဆောင်ရွက်လျက် ရှိသည်။
နိုင်ငံခြားရေနံရှာဖွေရေး SEISMIC ကုမ္ပဏီတစ်ခုဖြစ်သည့် GECO PRAKLA ကို ငှားရမ်းကာ 3D SEISMIC ကို စနစ်တကျ ရိုက်ယူဆောင်ရွက်ခဲ့ပြီး ပျက်စီးခဲ့သော သီးနှံများအတွက်လည်း လျော်ကြေးငွေများကို ပေးလျော်ပြီး ဖြစ်ကြောင်း သိရသည်။
ယခုအခါ ၁၃ နှစ်ကြာပြီး နောက်မန်းရေနံမြေ၏ ရေနံတွင်းနက်၊ အသစ်များ ဆက်လက်တူးဖော် ထုတ်လုပ်နိုင်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ SIETCO ရေနံရှာဖွေရေး SEISMIC ကုမ္ပဏီကို ငှားရမ်း၍ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်မှ ၂ဝ၁ဝ ခုနှစ် မတ်လအထိ 2D SEISMIC ရိုက်ယူလျက်ရေနံရှာ ဖွေရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း MPRL မှ Chief Premit/Public Realations Officer ဦးမောင်မောင်ခန့်က ရှင်းပြသည်။ ထို့သို့လုပ်ဆောင်ရာ၌ နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းဖြစ် သောကြောင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်များက အဆင့်ဆင့်တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။
ပထမအဆင့်အနေဖြင့် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်မှ စ၍ သီးနှံလျော်ကြေးပေးရေးအဖွဲ့မှ လုပ်ငန်းဆောင်ရွက်မှုများအတွက် ခွင့်ပြုချက်များရယူကာ သက်ဆိုင်ရာ ဆိုက်စမစ်လိုင်းဖြတ်သန်းမည့် မကွေး၊ မင်းဘူး၊ ပွင့်ဖြူမြို့နယ်များအတွင်းက ကျေးရွာပေါင်း ၆၅သို့ နေ့စဉ် တစ်လခွဲခန့်ကြာအထိ ရေနံရှာဖွေရေး လုပ်ငန်းများ၏ သဘောသဘာဝကို ရှင်းလင်းပြောကြားသည်။ ယင်းကိစ္စနှင့် စပ်လျဉ်းသော သရုပ်ဖော်ပုံများ စာစောင်များဝေငှသည်။ ပျက်စီးသီးနှံများအတွက် ကြေးတိုင်နှင့် မြေစာရင်းဌာန ဝန်ထမ်းများနှင့် စနစ်တကျတိုင်းတာဆောင်ရွက်ခဲ့သည်။ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက သတ်မှတ်ပေးသော အထွက်နှုန်းနှင့် ဒေသပေါက်ဈေး များကိုကျေးရွာတောင်သူများ သဘောပေါက် နားလည်အောင် ရှင်းလင်းလျက် တောင်သူများ၏ ပျက်စီးသွားသော မြေနှင့်လယ်ကန်သင်းရိုးများကို နဂို မူလအတိုင်းဖြစ်အောင် ပြန်လည်ပြုပြင် ပေးခဲ့သည်။
ယခုအခါ 2D SEISMIC လုပ်ငန်းအတွက် တိုင်းတာဆောင်ရွက်ပြီးဖြစ်သည့် မင်းဘူး(စကု)မြို့နယ် အတွင်းရှိ တောင်သူများကို လျော်ကြေး ငွေများစတင်ပေးလျက်ရှိရာ မတ် ၄ ရက် နံနက်က ပထမအကြိမ်အဖြစ် မင်းဘူး(စကု)မြို့နယ် ကံကုလားကျေးရွာ ရွာဦးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းပေးအပ်ပွဲသို့ MOGE မန်းရေနံမြေမှ အထွေထွေ မန်နေဂျာ ဦးမြစိန်၊ မင်းဘူးခရိုင် အေးချမ်းသာယာရေနှင့် ဖွံ့ဖြိုးရေး ကောင်စီအတွင်းရေးမှူး ဦးတင်လှိုင်၊ မြို့နယ်အတွင်းရေးမှူး ဦးအောင်စိုးထွန်း၊ မြို့နယ်မြေစာရင်းဌာနဦးစီး မှူး ဦးညိုကြီး MPRL E & P Pte Ltd မှ တာဝန်ရှိပုဂ္ဂိုလ်များက ကံကုလာ ကျေးရွာနှင့် ကံသစ်ကျေးရွာများမှ သီးနှံပျက်စီးမှုလျော်ကြေးငွေရရှိသော တောင်သူ ၅၆ ဦးအား လျော်ကြေးငွေများပေးအပ်ခဲ့သည်။
SEISMIC ဖြတ်သန်းမည့် မကွေး၊ မင်းဘူးနှင့် ပွင့်ဖြူမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း ၆၅ ရွာရှိပြီး 2D SEISMIC ရိုက်ယူဆောင်ရွက်သော ကီလိုမီတာပေါင်း ၃၁ဝ.၂ဝ အတွက် သီးနှံလျော်ကြေးငွေ ကျပ်သိန်း ၉ဝ ဝန်းကျင် ရှိကြောင်းသိရသည်။

သတင်းထောက်လှမြင့်ကြီး

No comments:

Post a Comment