ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, May 31, 2010

ဂျာမနီနိုင်ငံ၏ ၂၀၁၁-၂၀၁၂ ပညာသင်နှစ် စကောလားရှစ် လျှောက်လွှာများ တင်သွင်းနိုင်ပြီ


ဂျာမနီနိုင်ငံ အဆင့်မြင့် ပညာ ဦးစီး ဌာနများ စုပေါင်း ဖွဲ့စည်း ထားသော DAAD (German Academic Exchange service) မှ ၁၉၅၀ ခုနှစ် မှစ၍ မြန်မာနိုင်ငံရှိ ဘွဲ့လွန် တက်ရောက်လို ကြသူများအား ပညာ သင် ထောက်ပံ့ကြေး ပေးလျက် ရှိသည်ဟု ဂျာမာန် သံရုံးမှ တာဝန်ရှိသူက ဆိုသည်။ ဂျာမနီ အနေနဲ့ ၁၉၅၀ လောက် ကတည်းက စပြီး တစ်နှစ် တစ်ကြိမ် မြန်မာနိုင်ငံမှာ ရှိတဲ့ ဘွဲ့လွန် တက်ရောက် လိုတဲ့ သူတွေကို စကောလားရှစ် ပေးနေ ပါတယ်။ တစ်နှစ်ကို ပျှမ်းမျှ (၁၅-၂၀) ယောက်လောက် ဒီကပါ နေကျပါ။ ပြီးတော့ တခြား နိုင်ငံ ဥပမာ- ဘန်ကောက်မှာ ရှိတဲ့ မြန်မာတွေလဲပါ ပါ တယ်ဟု အဆိုပါ ဂျာမာန် သံရုံးမှ တာဝန်ရှိ သူက ပြောပြသည်။ ယခုအခါ ထို DAAD အဖွဲ့ အစည်းမှ ၂၀၁၁-၂၀၁၂ စာသင်နှစ် အတွက် ဘွဲ့လွန် ပရို ဂရမ်များ အတွက် စကောလားရှစ် လျှောက်လွှာများ စတင် ခေါ်ယူလျက် ရှိရာ M.Sc Courses ရော Ph.D Cources များအတွက်ပါ ဖြစ်သည်ဟု ဆိုသည်။ အခုက M.Sc ရော Ph.D တွေရော နှစ်မျိုးစလုံး အတွက် ခေါ်ထားတယ်။
အရင်ကဆို Ph.D အတွက်ပဲ ဆိုတော့ တော်ရုံလူက သတ်မှတ်ချက် နဲ့ မဝင်ဘူး။ Ph.D ဆိုတော့ M.Sc ပြီးထားရမယ်။ တခြား လုပ်သက်ကလည်း တော်တော်လေး တောင်းတော့ Government to Government ပဲဖြစ် သွားတယ်။ အစိုးရ ဝန်ထမ်းဆိုက်ငွေ ဘက်ကပဲ ရတာများ သွား တယ် ဟု ၄င်းက ရှင်းပြသည်။ ဆက်လက်ပြီး အခုတော့ အဲလို မဖြစ်ရအောင် ၊အပြင် လူတွေပါ ပါအောင် ဆိုပြီး M.Sc အတွက် ပါပါတယ်။ M.Sc ဆိုတော့ ဘွဲ့ တစ်ခုခု ရထားရုံနဲ့ တက်လို့ ရပြီဟု အ သေးစိတ် ပြောပြသည်။ လျှောက်လွှာ ခေါ်ယူ ထားသည့် အဓိက ဘာသာရပ် များမှာ Economic Sciences (Business Administration), Political Economic, Development Cooperation Engineering and related sciences, Mathematics, Regional Planning, Agricultural and Forest sciences, Medicine, Public Health, Veterinary, Public Health, Veterinary, Public Health, Sociology and Education တို့ ဖြစ်ကြသည်။ ထို့ပြင် ခေါ်ဆိုသော ဘာသာရပ် တစ်မျိုးစီ အတွက် ဝင်ခွင့် လိုအပ်ချက် အမျိုးမျိုး ရှိပြီး ပျှမ်းမျှ အရည်အချင်း ကန့်သတ်ချက်များမှာ သတ်မှတ်ထားသော Bachelor ဘွဲ့တစ်ခု၊ ဘာသာရပ် နှင့် သက်ဆိုင်သော လုပ်သက် (၁) နှစ် TOEFL (550 points) သို့ IELTS band 6 ရှိရမည် ဖြစ်သည်။

အခု စကောလားရှစ် ပရိုဂရမ်က ၁၀ဝ ရာခိုင်နှုန်း အပြည့် ပေးတာပါ။ ဘာမှ ဂရုစိုက်စရာ မလိုပါဘူး။ လူနဲ့ ဦးနှောက် စိုက်ရုံပါပဲ။ ဒါကြောင့် ကန့်သတ်ချက် တွေတော့ ရှိနေပါ တယ်။ ဒါပေမယ့် အဓိက အားဖြင့် မြန်မာတွေ အတွက် ကြည်တော့ အင်္ဂလိပ်စာ အရည်အသွေး ပါပဲ။ ပြီးတော့ တောင်းထားတဲ့ လုပ်သက် (၂) နှစ်ကလည်း၊ လူတိုင်း အတွက် မဟုတ်ပါဘူး။ တက္ကသိုလ် တက်ခဲ့တဲ့ သက်တမ်း (၃) နှစ် အထက်ရှိတဲ့ သူတွေ (ရှိတဲ့ ဘာသာရပ်)ဆိုရင် အဲဒီ (၂) နှစ်ကို မကြည့်ပါဘူး။ အဲလိုပဲ လျှောက်တဲ့ ဘာသာရပ် အလိုက် တောင်းတဲ့ လိုအပ်ချက် လေးတွေ မတူတာကို တွေ့ရ ပါတယ်ဟု ယင်း လျှောက်လွှာ လက်ခံသူ ဂျာမာန် သံရုံးမှ တာဝန်ရှိသူ ကဆိုသည်။ ထို့ကြောင် လျှောက်ထား သည့် ဘာသာရပ်ပေါ် မူတည်၍ လိုအပ်ချက် အမျိုးမျိုး ကွဲပြား တက်သောကြောင့် အသေးစိတ် သိရှိလိုပါက daad.de ဝက်ဘ်ဆိုက်တွင် လျှောက်လွှာများ ရယူရင် ဖတ်ရှုနိုင်ပါသည်။

အခြားဖတ်ရှုနိုင်သော နည်းလမ်း တစ်ခုမှာ ဂူဂဲလ် search မှ Post-graduate Scholarship Programme board club ဟု ရိုက်ထည့်ကာ သက်ဆိုင်ရာ Link အား ရှာဖွေနိုင် သည်။ ဤသို့ ဖတ်ရှုပြီး မိမိ အရည် အချင်းနှင့် လိုက်ညီသည့် ဘာသာရပ်ကို တွေ့ရှိပါက ဂျာမန် သံရုံးရှိ တာဝန်ရှိသူအား ဆက်သွယ်၍ ဦးစွာ ပြောကြား ရမည် ဖြစ်ပြီး ၄င်းတို့မှ လိုအပ်သည့် စာရွက် စာတမ်းများ အကြောင်း ရှင်းလင်း ပြောကြားမည် ဖြစ်သည်။ သို့မှသာ လျှောက်လွှာ တင်နိုင်ရန် ပြည့်စုံသည့် အချက် အလက်များ အား ရရှိ နိုင်မည်။

ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ ၅၄၈၉၅၁၊ ၅၄၈၉၅၂၊ ၅၄၈၉၅၃ ဂျာမာန်သံရုံး၊ ရန်ကုန်သို့ ဖြစ်ကြောင်း True News Journal တွင် ဖော်ပြထားသည်။

Sunday, May 30, 2010

မြန်မာပြည်တွင် ၃ ထပ်နှင့်အထက် အဆောက်အဦး ဆောက်ရာတွင် မီးသတ် ရေကန်ပါရှိ လူနေခွင့်ပြုမည်

၃ ထပ်နှင့်အထက် ဆောက်လုပ်သော အထပ်မြင့် အဆောက်အဦများတွင် မီးငြှိမ်းသတ်ရေးအတွက် အနည်းဆုံး ရေဂါလန် ၅၀၀၀ဆံ့မီးသတ် ရေကန်တစ်ခု ပါရှိမှသာ မီးသတ်ဦးစီးဌာနက လူနေထိုင်ရန် သင့်တော်ကြောင်း ထောက်ခံချက်ပေးမည် ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန( ရုံးချုပ်) မှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။


၎င်းအပြင် ယင်းမီးသတ် ရေလှောင်ကန်ကိုအမြဲတမ်း ရေပြည့်အောင် စီစဉ်ထားရန် လိုအပ်ကြောင်း ၊ အထပ်မြင့် တိုက်များတွင် အရေးပေါ်လှေကားနှင့် မီးသတ်ဆေးဘူးများ ထားရှိရန်လည်း လိုအပ်ကြောင်း အဆိုပါအရာရှိက ဆိုသည်။ “မီးလောင်မှု ဖြစ်စဉ်တွေမှာ ကန်ထရိုက် တိုက်ဆောက်တဲ့သူတွေရဲ့ တာဝန်လဲမကင်းဘူး။ ကန်ထရိုက် တိုက်ခန်းတွေမှာ တစ်ခန်းကို မီးသတ်ဆေးဘူး တစ်ဘူး ထားရမယ်လို့ ညွှန်ကြားထားတာ ရှိတယ်။ လာစစ်တုန်းကတော့ သေချာချိတ်ထားပြတယ်။


မီးသတ်က စစ်ဆေးပြီးလို့ပြန်လဲသွားရော ဆေးဘူးကို အခန်းဝယ်သူကို မအပ်ဘဲ ရတဲ့ဈေးနဲ့ ရောင်းစားပစ်တယ်။ ရေနဲ့ငြှိမ်းမရတဲ့ လျှပ်စစ်ကလောင်တဲ့ မီးမျိုးဖြစ်ရင် အခန်းပိုင်ရှင်မှာ ငြှိမ်းစရာဆေးဘူး မရှိတော့ဘူး။ အသက်ကယ်လှေကား ထားဖို့ပြောလဲ ထန်းတက်တဲ့ လှေကားလိုအဖြစ် လှေကားတွေ ထားတယ်။ မီးသတ်ကပြောရင်လဲ အပိုအလုပ်ဆိုပြီး လျစ်လျူရှုနေတယ်”ဟု ၎င်းကဆိုသည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် လွန်ခဲ့သော ၂၂နှစ်အတွင်း မီးလောင်သည့်အကြိမ်မှာ ၂၃၇၂၇ ရှိခဲ့ပြီး လူပေါင်း ၉၅၆ ဦးသေဆုံးကာ ၁၅၇၅ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Tuesday, May 25, 2010

မင်္ဂလာဈေး မီး ည ၂ နာရီကျော်တဲ့အထိ လောင်နေ နံနက် ၄ နာရီခွဲဝန်းကျင်၌ မီးညွန့်အား ထိန်းသိမ်းနိုင်ခဲ့ပြီ။


မင်္ဂလာဈေး မီး ည ၂ နာရီကျော်တဲ့အထိ လောင်နေတုန်း ဖြစ်ပါတယ်။

လောင်ကျွမ်းခဲ့တဲ့မီးဟာ ညဖက်မိုးရွာပြီးမှပဲ ထိမ်းနိုင်တဲ့ အခြေနေကိုရောက်ခဲ့ပါတယ်။

မင်္ဂလာဈေး မီး မေလ ၂၅ ရက်နေ့ နံနက် ၄ နာရီခွဲဝန်းကျင်၌ မီးညွန့်အား ထိန်းသိမ်းနိုင်ခဲ့ပြီ။ နေ့ လည်ပိုင်းက ရေ နဲ့  မီး
မီးသတ်သမား က တော့ ကြိုးကြိုးစားစား ....
ဝန် နဲ့  အား မ မျှတာတော့ ဘာတတ်နိုင် မှာလဲ...

Monday, May 24, 2010

မင်္ဂလာဈေးညနေ ၆ နာရီ ၁၅ ၀န်းကျင်၌ မီးထပ်မံလောင်ကျွမ်း



မင်္ဂလာဈေးမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေဆဲကာလတွင် ညနေ ၆ နာရီ ၁၅ ၀န်းကျင်၌ မီးထပ်မံလောင်ကျွမ်းနေ ၊ ဒဏ်ရာရရှိသူ ၂၅ ဦးအထိရှိကြောင်းသိရသည်

မင်္ဂလာဈေးမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေဆဲကာလတွင် ညနေ ၆ နာရီ ၁၅ ၀န်းကျင်၌ မီးထပ်မံလောင်ကျွမ်းနေကြောင်းသိရှိသည်။ မီးလောင်ကျွမ်းမှုနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။

မင်္ဂလာဈေးမီးလောင်မှုသည် နံနက် ၈နာရီဝန်းကျင်ကတည်းက လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးငြိမ်းသတ်နေစဉ်ကာလအတွင်းမှာပင် ယခုကဲ့သို့ ထပ်မံလောင်ကျွမ်းခဲ့ခြင်းဖြစ်ပါသည်။ မီးစတင်လောင်ကျွမ်းမှုသည် မင်္ဂလာဈေးစတုတ္ထထပ်မှဖြစ်ပြီး ယခုထပ်မံလောင်ကျွမ်းရခြင်းမှာ စတုတ္ထထပ်အပေါ်ရှိ skyhall မှ စားသောက်ဆိုင်အချို့၏ ဂတ်စ်အိုးများပေါက်ကွဲလောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် စတုတ္ထထပ်မှ တစ်ဆင့် skyhall ရှိ style-3 စားသောင်ဆိုင်သို့ ကူးဆက်လောင်ကျွမ်းနေကြောင်းသိရသည်။ အဆိုပါ စားသောက်ဆိုင်ရှိ ဂက်စ်အိုးများ ၊ ဘီယာစည်များ ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပေါ်နေကြောင်းသိရသည်။ ထို့အပြင် မီးလောင်ကျွမ်းမှုနှင့် မီးတောက်များ၏အနေအထားအရ မီးငြိမ်းသတ်နိုင်ရန် မလွယ်ကူကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုအခါတွင် skyhall သို့ လှေကားထောင်မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်နေကြောင်းသိရသည်။

7:40pm Update: ထပ်မံရရှိသောသတင်းများအရ မီးလောင်ကျွမ်းမှုအား ငြိမ်းသတ်ရာတွင် ရန်ကုန်တိုင်းအတွင်းရှိ မီးသတ်ယာဉ်များဖြင့် မလုံလောက်သောကြောင့် ပဲခူးတိုင်းအတွင်းရှိ မီးသတ်ယာဉ်များပါ ထပ်မံခေါ်ယူထားကြောင်း သိရသည်။ ယခုလက်ရှိတွင် မီးသတ်ယာဉ်စုစုပေါင်း ၆၅ စီး ဖြင့် မီးငြိမ်းသတ်နေကြောင်း သိရသည်။ skyhall ရှိ စားသောက်ဆိုင် အပါအ၀င် ဆေးပစ္စည်းနှင့် အခြားပစ္စည်းများ သိုလှောင်သိမ်းဆည်းရာ စတိုခန်းများကိုလည်း မီးလောင်ကျွမ်းနေကြောင်း သိရသည်။

မင်္ဂလာဈေးကြီး မီးလောင်မှု ဖြစ်စဉ်တွင် ပိတ်မိခဲ့သော လူ ၁၁ ဦးအား အသက်ကယ် လှေကားဖြင့် ကယ်တင်ခဲ့ရကြောင်း သိရ
မင်္ဂလာတောင်ညွန့် မြို့နယ် သပြေကုန်းရပ်ကွက် မင်္ဂလာဈေးမှာ မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်မှုမှာ မင်္ဂလာဈေး စတုတ္ထထပ်ဆိုင်အမှတ်မှ ၀ါယာရှော့ခ်ဖြစ်ပြီး စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
နံနက် ၉ နာရီခွဲအချိန် ၀န်းကျင်ခန့် တွင် မင်္ဂလာဈေးစတုတ္ထထပ် ခေါင်မိုးပေါ်တွင် ပိတ်မိခဲ့သော လူ ၁၁ ဦးအား သက်ဆိုင်ရာမီးသတ် တပ်ဖွဲ့မှ အသက်ကယ်လှေခါးဖြင့် ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းမှုမှာ ညနေ သုံး နာရီခွဲဝန်းကျင်အထိ ဆက်လက်လောင်ကျွမ်းလျက် ရှိကြောင်းသိရှိရသည်။
လောင်ကျွမ်းလျက်ရှိသော စတုတ္ထထပ်၌ ဆေးပစ္စည်း အရောင်းဆိုင်အများစု ပါဝင်ပြီး အလှကုန် ပစ္စည်းအရောင်းဆိုင်နှင့် စာရေးကိရိ ယာ အရောင်းဆိုင်များ ရှိကြောင်း သိရသည်။
ဆေးပစ္စည်းများကို လောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် မီးခိုငွေ့များကြောင့် မီးငြှိမ်းသတ်နေစဉ် အတွင်း မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူအချို့ သတိလစ်မေ့မျောခြင်း အချို့ရှိခဲ့သော်လည်း လူအသေအပျောက် မရှိခဲ့ကြောင်း သိရှိရသည်။
မင်္ဂလာဈေးသွေးလှူရှင်များ အဖွဲ့မှ အဖွဲ့သားတစ်ဦးက ''အခု လောင်ကျွမ်းနေတဲ့ စတုတ္ထထပ်က ဆေးပစ္စည်း အဓိကရောင်းချရာ အထပ် ဖြစ်ပါတယ်။ မင်္ဂလာဈေးက တစ်နိုင်ငံလုံးရဲ့ ဆေးပစ္စည်း ရောင်းဝယ်ရာ ဗဟိုဖြစ်ပါတယ်။ မြန်မာ တစ်နိုင်ငံလုံး ဆေးဈေးကွက်ရဲ့ရာခိုင် နှုန်း ၇၀ လောက်က ဒီဈေးကနေ ဖြန့်ချိနေတာ ဖြစ်ပါတယ်။ ဒီဈေးမှာ ရောင်းချနေတဲ့ တချို့ကင်ဆာဆေးတွေ၊ အိတ်ခ်ျအိုင်ဗီ နဲ့သက်ဆိုင်တဲ့ဆေးဝါးတွေ စတဲ့ တန်ဖိုးကြီးဆေးဝါးတွေ ပါဝင်ပါတယ်။ တချို့ ကင်ဆာဆေး ထိုးဆေးတွေဆိုရင် ဆေးတစ်လုံးထဲနဲ့ သိန်းဂဏန်းအထိ တန်ဖိုးရှိတဲ့ ဆေးတွေပါဝင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းနေသည့် စတုတ္ထထပ်၌ ဆေးပစ္စည်း၊ အလှကုန် ပစ္စည်းနှင့် စာရေးကိရိယာပစ္စည်း အဓိကရောင်းချပြီး တတိယထပ်၌ စားသောက်ကုန်ကို အဓိကရောင်းချသည်။ ဒုတိယထပ်၌ ထီး၊ ဖိနပ်၊ လူသုံးကုန်ပစ္စည်းနှင့် ပထမထပ်နှင့် မြေညီထပ်၌ အထည်အလိပ် ပစ္စည်းများကို အဓိကရောင်းချကြောင်း သိရှိရသည်။

မင်္ဂလာဈေး ဒုတိယထပ်မှ စာရေးကိရိယာဆိုင်မှ တာဝန်ရှိသူတစ်ဦးက ''နံနက် ၈း၄၀ လောက်မှာ ကျွန်မတို့ အထပ်ကိုလာပြီး မီးလောင်တဲ့အကြောင်း အသံချဲ့စက်နဲ့ လာအော်တယ်။ မီးလောင်ကြောင်း ကျွန်မတို့အချိန်မီ သိပေမယ့် ဘာပစ္စည်း မှ သယ်ချိန်မရလိုက်ဘူး။ ပစ္စည်းတွေ အကုန်လုံးကို သော့ခတ်ပြီး အကုန်လုံးထားခဲ့ရတယ်။ ကျွန်မလို ဆိုင်အများစုလည်း ပစ္စည်းအတော်များများကို သယ်ချိန်မရလိုက်ဘူး။ မြေညီထပ်မှာရှိတဲ့ အထည်အလိပ် ပစ္စည်းတွေလောက်ပဲ သယ်ချိန်ရလိုက်တယ်''ဟု ပြောကြားခဲ့သည်။

အဆိုပါ မင်္ဂလာဈေးကို ၁၉၉၇ ခုနှစ်ဝန်းကျင်က စတင်ဖွင့်လှစ်ခဲ့ပြီး မီးလောင်ကျွမ်းလျက်ရှိသည့် စတုတ္ထထပ်၌ အခန်းပေါင်း ၇၉၀ ကျော်နှင့် မင်္ဂလာဈေးတစ်ခုလုံး၌ ဆိုင်ခန်းစုစု ပေါင်း ၄၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။

မန္တလေးမြို့ရှိ ရတနာပုံဈေး၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်ဈေးကြီး နှင့် ရန်ကုန်မြို့တွင် သင်္ဃန်းကျွန်းဈေးနှင့် မင်္ဂလာဈေးကြီးတို့မှာ ဈေး ပိတ်ချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဈေးလုံခြုံရေး စနစ်မှာ ယခုထက် ပိုမိုစနစ်တကျရှိစေရန် လိုအပ်လာကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလကုန် အထိ မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှုဖြစ်စဉ် (၁၅၈) ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုဖြစ်စဉ် စာရင်းများအရ ရန်ကုန်တိုင်းတွင် မီးလောင်မှု အများဆုံးဖြစ်ခဲ့ပြီး ဒုတိယ အများဆုံးမှာ မန္တလေးတိုင်း၊ တတိ ယအများဆုံးမှာ ပဲခူးတိုင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''အခုအချိန်မှာ မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းအရာတွေအများစုက လျှပ်စစ်ဝါယာ ရှော့ကြောင့်ရယ်၊ ပေါ့ဆမီးကြောင့်ရယ် ဖြစ်ပါတယ်။ လျှပ်စစ်မီးဆိုတာကလည်း တကယ်တန်းပြောရရင် လူတွေရဲ့ပေါ့ဆမှုကြောင့် ဖြစ်ရတဲ့ မီးပါပဲ။ လျှပ်စစ်မီးကြောင့် မီးလောင်မှုဖြစ်တဲ့နေရာမှာ အရည်အသွေးညံ့တဲ့ လျှပ်စစ်ပစ္စည်းများ သုံးစွဲကြလို့ ဖြစ်ကြပါတယ်။ လျှပ်စစ်ပစ္စည်းဆိုတာ သူ့သက်တမ်းရှိသလောက်ပဲ ခံနိုင်ရည်ရှိတာမျိုး ဖြစ်ပါတယ်။ ဟောင်းနွမ်းပြီး ပျက်စီးမှုရှိ ရင် လဲသင့်ပါတယ်။ ဒါတွေကို လူတွေက ပေါ့ပေါ့လေးထားပြီး သုံးစွဲနေကြလို့ မီးလောင်မှုဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

မေလ ၂၄ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မင်္ဂလာဈေး အပေါ်ဆုံးထပ်မှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကို မီးသတ်များမှ ငြှိမ်းသတ်နေစဉ် အဆောက်အဦး အစိတ်အပိုင်းအချို့ ပြိုကျပျက်စီးခဲ့သော်လည်း လူသေဆုံးမှု မဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ နံနက် ၈နာရီ ၁၅ ၀န်းကျင်၌ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂နာရီခွဲအချိန်ထိ မီးငြိမ်းသွားခြင်း မရှိသေးကြောင်း သိရှိရသည်။

မီးလောင်မှုကို ငြှိမ်းသတ်နေစဉ် အဆောက်အဦးအချို့ အက်ကွဲမှုများဖြစ်ခြင်း၊ ပြိုကျမှုများဖြစ်ခြင်းနှင့် ပတ်သက်၍ ''အတွင်းထဲက မီးတွေက တော်တော်လေးပြင်းပါတယ်။ အဲဒါကြောင့် မီးအရှိန်တွေနဲ့ မှန်တွေကွဲတယ်။ အုတ်နံရံတွေ ပြိုကျခဲ့တယ်။ ဒါပေမယ့် ပြိုကျတဲ့နေရာမှာ လူတွေ လုံးဝမရှိလို့ ထိခိုက်ဒဏ်ရာရတာတွေ သေဆုံးတာတွေ လုံးဝမဖြစ်ခဲ့ပါဘူး''ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့၊ မင်္ဂလာဈေးကြီး မီးလောင်ကျွမ်း

ကိုသားညွန့်ဦး

ဓာတ်ပုံ
မီးလောင်ကျွမ်းနေသည့် မင်္ဂလာဈေး။

ဒီကနေ့မနက် ၈ နာရီခွဲလောက်ကနေ စတင်လောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးမီးဟာ မြန်မာစံတော်ချိန် ညနေ ၄ နာရီအထိ မငြိမ်းသတ်နိုင်သေးပါဘူး။ နေ့လည်ဘက် မိုးရွာသွန်းပြီးနောက်ပိုင်းမှာ မူလစလောင်တုန်းကလို မီးအရှိန်မကြီးတော့ဘူးလို့ ပတ်ဝန်းကျင်ကလူတွေရော မီးသတ်က တာဝန်ရှိသူတွေကပါ ပြောကြပါတယ်။

ဒီကနေ့မနက် မီးစလောင်တဲ့နေရာကတော့ ဆေးဝါး၊ အလှကုန်နဲ့ စာရေး ကိရိယာတွေရောင်းချတဲ့ ၄ လွှာမှာဖြစ်ပါတယ်။ မီးလောင်ချိန်ဟာ ဈေးဖွင့်စ အချိန်ဖြစ်တာမို့ ဈေးအတွင်းမှာ လူများများစားစားမရှိသေးပေမယ့် အပေါ်ဆုံး ထပ် ခေါင်မိုးပေါ်မှာဖွင့်ထားတဲ့ စားသောက်တန်း မှာတော့ ဈေးသည်အချို့ ကနဦး ပိတ်မိနေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မီးသတ်က လှေကားတွေနဲ့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ မျက်မြင်တွေ့သူတဦးကပြောပါတယ်။

မြန်မာစံတော်ချိန် ညနေ ၄ နာရီ ရန်ကုန်မီးသတ်ကြီးကို မီးအခြေအနေ ဖုံးဆက် ကြည့်တော့ အခုအချိန်အထိ မီးမငြိမ်းသေးဘူးလို့ပဲပြောပြီး ကျန်အခြေအနေတွေ မေးခွင့်မရပါဘူး။

AP
မီးလောင်ကျွမ်းနေသည့် မင်္ဂလာဈေး။ မေ ၂၄၊ ၂၀၁၀
ထိခိုက်ဒဏ်ရာရသူ တချို့ရှိတယ်လို့ သတင်းထွက်ပေမဲ့ အတည်ပြုလို့ မရသေး ပါဘူး။ အနီးမှာ စောင့်ကြည့်နေတဲ့သူတွေကတော့ နေ့လည် တနာရီလောက် မိုးရွာပြီး မီးညွန့်က အရင်ကလောက် မကြီးတော့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တိုက်ထဲကနေ မီးခိုးတွေ အူထွက်နေပြီး ၄ လွှာ ကြမ်းခင်းအချို့ ပြိုကျနေပြီလို့ ပြောပါတယ်။

ဈေးအတွင်းက ပစ္စည်းတွေကိုတော့ ဆိုင်ပိုင်ရှင်တွေ သယ်ယူခွင့်မရလိုက်တာ ကြောင့် ဈေးတခုလုံး လောင်မယ်ဆိုရင် ပစ္စည်းတွေအားလုံးပါ ဆုံးရှုံးမယ့် သဘောရှိတယ်လို့ ရန်ကုန်မြို့ခံ မျက်မြင်တဦးကလည်း ပြောပါတယ်။

အခု မီးလောင်တာဟာ ၀ါယာရှော့ဖြစ်ပြီး လောင်တာလို့ ယူဆကြပေမယ့် အတိအကျတော့ ဘယ်သူမှ မပြောနိုင်ပါဘူး။
အာဏာပိုင်တွေကတော့ မီးလောင်ရာတ၀ိုက်လမ်းတွေကို ပိတ်ထားပြီး အဆောက်အဦးတွင်းကိုလည်း မီးသတ်နဲ့ အခြား တာဝန်ရှိသူတွေမှအပ ဘယ်သူမှ ပေးမ၀င်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်း မီးလောင်မှု ၇၁၉ ခု ရှိခဲ့ပြီး မီးလောင်မှုတွေကြောင့် လူ ၂၈ ဦး သေဆုံးခဲ့တယ်လို့ အစိုးရကိန်းဂဏန်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Sunday, May 23, 2010

ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေပြ မြေပုံ ထုတ်ပြန်


ကမ္ဘာ့ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ ဆိုင်ရာ သတင်း အချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) က မြန်မာနိုင်ငံ အတွင်း ရေရှားပါး ပြတ်လပ်မှုဆိုင်ရာ အခြေအနေပြ မြေပုံတစ်ခုကို ၂၀၁၀ ခု မေလ ၁၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန် လိုက်ကြောင်း www.reliefweb.int တွင် ဖော်ပြ ထားသည်ကို တွေ့ရသည်။

မြေပုံကို PDF ဖိုင်အဖြစ် ဖော်ပြထားပြီး ယင်းမြေပုံတွင် ဂန့်ဂေါ၊ ထီးလင်း ၊သံတွဲ၊ ပေါင် ၊ရေး၊ မုဒုံ၊ ချောင်းဆုံ၊ ကျိုက်ထိုတို့ကို ရေရှားပါးမှု ကြုံနေရသော ဒေသများ အဖြစ်နှင့် တီးတိန်၊ ဟားခါး၊ မင်းတပ်တို့ကို ရေပြတ်လပ်သော ဒေသများအဖြစ် ဖော်ပြထားသည်။

ထို့ပြင် စစ်တွေမြို့တွင် လွန်ခဲ့သော လကတည်းက ရေကန်များ ခြောက်ခမ်းသွားပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ ရေပြတ်လပ်မှုနှင့် ကြုံနေရခြင်း၊ ဒလမြို့တွင် နေ့စဉ် သုံးရေရော သောက်ရေပါ ပြတ်လပ်နေခြင်း။

ဝေါမြို့နယ်တွင် ရေပြတ်လပ်ပြီး မေလ ၅ ရက်မှ ၁၁ ရက် အတွင်း ၀မ်းရောဂါများ ကူးစက်ပျံ့ပွားခဲ့ရာ အသေအပျောက် မရှိပဲ မြို့ပြလူထု ၈၂ ဦးကို ဆေးရုံတင် ကုသပေးခဲ့ရခြင်း၊

ရေနံချောင်းနှင့် ချောက် ဒေသ များတွင် ပင်းချောင်း နှင့် ဒေါင်းသေချောင်း ၀န်းကျင်ရှိ ရွာများမှ လွဲ၍ ရေကန်အားလုံး ခမ်းခြောက်ကာ သုံးပြီးသား ရေကို ပြန်စစ်ကာ သုံးကြရခြင်း၊ ယင်းရေကို တိရစ္ဆာန်များကို တိုက်ကွေး ရခြင်း၊ ထန်းပင်များပင် ခြောက်ကုန်ခြင်း၊ နတ်မောက်တွင် သောက်ရေ ရှားပါးလှပြီး လက်ယက်တွင်းများ တူးကာ သောက်ရေ ရှာဖွေရခြင်း၊

မြင်းခြံ နှင့် မုံရွာမြို့ များတွင် ၁၅ ဒီဂရီ စင်တီဂရိတ်အောက် ထားရှိရမည့် ဆေးများကို လျှပ်စစ်ဓါတ်အား ပြတ်တောက် မှုကြောင့် သိုလှောင် မထားနိုင်ခြင်း၊ ပေါက်မြို့နယ်တွင် သောက်ရေရော သုံးရေပါ ရှားပါးနေပြီး ရေရှာဖွေမှုဖြင့် တစ်နေကုန် ကြရခြင်း၊ ချောင်းဦး တွင် သုံးရေ နှင့် သောက်ရေများ ဘေးကင်း သန့်စင်မှု မရှိခြင်း၊

လပ္ပတ္တာတွင် ၀န်းကျင် ဒေသများမှ ရေ၀ယ်သုံး နေရခြင်း၊ ဖျာပုံ၊ ဒေးဒရဲနှင့် ဘိုကလေးမြို့နယ်များတွင် ထူးခြားစွာ ရေပြတ်လပ် နေခြင်းတို့ကို မြေပုံအညွှန်း များနှင့်တကွ စနစ်တကျ ဖော်ပြထား သည်ကို တွေ့ရသည်။

တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်

ဗွီအိုအေ
တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ဟာ မေလ ၂၈ ရက်ကနေ ဇွန်လ ၃ ရက်နေ့အထိ မြန်မာနိုင်ငံအပါအ၀င် အာရှလေးနိုင်ငံဆီ ခရီးထွက်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ကြေညာပါတယ်။

မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ရဲ့ ဖိတ်ကြားချက်အရ မြန်မာ နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပြောရေးဆိုခွင့်ရှိသူ Ma Zhaoxu က ပြောကြောင်း အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက ရေးထားပါတယ်။

မြန်မာနိုင်ငံအပြင် မစ္စတာဝမ်သွားရောက်မယ့် တခြား အာရှသုံးနိုင်ငံကတော့ တောင်ကိုရီးယား၊ ဂျပန်နဲ့ မွန်ဂိုလီးယားနိုင်ငံတွေ ဖြစ်ပါတယ်။
မစ္စတာဝမ်ဟာ တောင်ကိုရီးယားနိုင်ငံ၊ Jeju ကျွန်းမှာကျင်းပမယ့် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် သုံးနိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကိုလဲ တက်ရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

အိန္ဒိယလေယာဉ် ပြေးလမ်းချော် ပျက်စီး၊ လူ ၁၅၉ ယောက် သေဆုံး

ဗွီအိုအေ

ဓာတ်ပုံ ASSOCIATED PRESS
မီးလောင် ပျက်စီးနေသည့် အိန္ဒိယ လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်။ မေ ၂၂၊ ၂၀၁၀

အိန္ဒိယလေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ်တစင်းဟာ စနေနေ့မနက်အစောပိုင်းက နိုင်ငံမြောက်ပိုင်း လေဆိပ်တခုမှာ ဆင်းသက်တဲ့ အချိန် လေယာဉ်ပြေးလမ်းကနေကျော်ပြီး မီးလောင် ပျက်စီးသွားတာကြောင့် လေယာဉ်ပေါ်ပါသူတွေထဲက ၁၅၉ ယောက်ထက်မနည်း သေဆုံး သွားပါတယ်။

မီးလောင်ကျွမ်းနေတဲ့ လေယာဉ်အပျက်အစီး အပိုင်းအစတွေထဲကနေ အသက်မသေကျန်ရစ်တဲ့သူ ရှစ်ယောက်ထက်မနည်းကို ကယ်တင်ပြီး ဆေးရုံကို အလျင်အမြန်ပို့ခဲ့ပေမဲ့ အဲဒီထဲက တယောက် ထပ်ပြီး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒူဘိုင်းလေဆိပ်ကနေ ပျံသန်းလာတဲ့ အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ၁၆၀ နဲ့ လေယာဉ်အမှုထမ်း ခြောက်ယောက်ပါပြီး အားလုံးဟာ အိန္ဒိယ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

လေယာဉ်ဟာ ကာနာတာကာပြည်နယ်၊ မန်ဂလိုလေဆိပ်မှာ ဆင်းလာပြီးတဲ့နောက် လေယာဉ်ပြေးလမ်းအဆုံးကနေ ပေ ၂,၀၀၀ နီးပါး ကျော်ထွက်သွားခဲ့ပြီး မီးတောက်ကြီးတွေနဲ့ ပေါက်ကွဲထွက်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ဆီတိုင်ကီ နှစ်ပိုင်းကျိုးထွက်ပြီး မီးလောင်ခဲ့ပြီးတဲ့နောက် လွတ်မြောက်အောင် ဘယ်လိုထွက်ပြေးခဲ့ရတယ်ဆိုတာကို အသက်မသေ ကျန်ရစ်သူတွေက ပြန်ပြောပြကြပါတယ်။

ဂျပန်နိင်ငံ အိုကီနာဝါကျွန်းက လေတပ်စခန်းရွှေ့ရေး အမေရိကန်နဲ့ဂျပန် ကနဦးသဘောတူ

ဗွီအိုအေ
ဂျပန်နိင်ငံ အိုကီနာဝါကျွန်းက အမေရိကန်လေတပ်စခန်းပြောင်းရွှေ့  နေရာချထားရေးကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်အစိုးရတို့ကြား ကနဦး သဘောတူညီမှု ရရှိသွားပါပြီ။ မနေ့က ဂျပန်သတင်းမီဒီယာတွေထဲမှာ အမည်မဖော်လိုသူ ဂျပန်အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး၊ Futenama အမေရိကန်လေတပ်စခန်းဟာ အိုကီနာဝါကျွန်း Ginowan မြို့ကနေ ကျွန်းမြောက်ပိုင်းရှိ Nago မြို့ ကိုပြောင်းရွှေ့မှာဖြစ်တယ်လို့ ရေးသားထားတာပါ။

Futenama လေတပ်စခန်းရဲ့ တချို့လုပ်ငန်းတာဝန်တွေကိုလည်း အိုကီနာဝါကျွန်းမှာမဟုတ်ဘဲ တခြားနေရာ ပြောင်းရွှေ့ မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကျန်အသေးစိတ် အချက် အလက်တွေနဲ့ ပတ်သက်ပြီး ဆက်ပြီး သဘောတူညီမှုတွေရနိုင်ဖို့အတွက် နှစ်ဘက်စလုံးက လအတန်ကြာစောင့်ရဦးမှာဖြစ်တယ်လို့ ဂျပန်အစိုးရ သတင်းရပ်ကွက်က ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama အိုကီနာဝါကျွန်းကို သွားပြီး ဒေသခံ လူထုခေါင်းဆောင်တွေနဲ့ မတွေ့ဆုံမီ တရက်အလိုမှာ အခုလို ဂျပန်နဲ့ အမေရိကန် အကြား ကနဦး သဘောတူညီမှုရသွားပြီးဆိုတဲ့ သတင်းထွက်ပေါ်ခဲ့တာပါ။ ဒေသခံပြည်သူအများစုကတော့ အမေရိကန်လေတပ်စခန်းကို အိုကီနာဝါ ကျွန်းကနေ ဖယ်ရှားပစ်တာကို လိုလား နေကြတာဖြစ်ပါတယ်။

Wednesday, May 19, 2010

ဘန်ကောက်တွင် ညမထွက်ရအမိန့်ထုတ်ပြန် ရွှေ့ပြောင်းအလုပ်သမားများ သတိထားရန်လို

မြတ်ခိုင်ဦး
ဘန်ကောက်မြို့တော်တွင် မီးရှို့မှုများ နေရာတိုင်း၌ ဖြစ်ပေါ်နေကာ အစိုးရမှ ည (၈) နာရီမှ မနက် (၆) နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည်။

ယနေ့နေ့လယ် (၁) နာရီခွဲတွင် အင်္ကျီအနီဝတ် ဆန္ဒပြခေါင်းဆောင်များ အဖမ်းခံလိုက်သော်လည်း ဆန္ဒပြသူအချို့သည် ဘန်ကောက်မြို့တော် နေရာတဝိုက်တွင် ပြန့်ကျဲရောက်ရှိသွားကာ အထင်ကရ အဆောက်အဦများကို မီးတင်ရှို့မှုများ ဖြစ်ပွားနေပြီး ဘန်ကောက်မြို့တော် ကောင်းကင်ယံတွင် (၅) စီးထက်မနည်းသော ရဟတ်ယာဉ်များ ပျံဝဲလျက်ရှိသည်။

ထိုသို့အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ရွှေ့ပြောင်းအလုပ်သမားရေးရာတာဝန်ခံ ကိုသက်ခိုင်က “ညမထွက်ရအမိန့်ဆိုတာ ရှင်းရှင်းပြောရရင် သတ်မှတ်ချိန်ကျော်လို့ မိမိနားနေရာမှာ မရှိဘဲ၊ လမ်းပေါ်မှာတွေ့ရင် လုံခြုံရေးအဖွဲ့ဝင်တွေက ပစ်ဖမ်းလို့ရတယ်။ မသိနားမလည်တာ တခုတည်းနဲ့ အသက်ပျောက်သွားနိုင်တယ်။ အဲဒီအတွက် အလုပ်သမားတွေ အခုညနေကစပြီး ကိုယ့်အိမ်ကိုယ်ပြန်ကြပါ။ အချင်းချင်းဖုန်းနဲ့ ဆက်သွယ်သတိပေးကြပါ။ လိုအပ်ရင် အလုပ်သမားရေးအဖွဲ့တွေကို သတင်းမေး သတင်းပို့ကြပါ။ ဖြစ်နိုင်ရင် တယ်လီဗီးရှင်းသတင်းတွေကို အမြဲဖွင့်ထားပါ” ဟု သတိပေးပြောကြားသည်။

ရွှေ့ပြောင်းအလုပ်သမားအများစုသည် လုပ်ငန်းရှိရာ၊ နားနေရာများမှ မလိုအပ်ဘဲထွက်မည် မဟုတ်သည်ကို နားလည်သော်လည်း အများစုသည် နယ်စပ်ဒေသမှလာသော အလုပ်သမားများဖြစ်သည့်အတွက် ပါးရေနပ်ရေ အားနည်းသည်ဟု ၎င်းက ပြောသည်။

ဘန်ကောက်မြို့တော်တွင် အနီခေါင်းဆောင်များက ယနေ့နေ့လယ် (၁) နာရီခွဲတွင် အဖမ်းခံခဲ့သော်လည်း ယခင်က အနီဝတ်များကို လုံခြုံရေး ယူပေးခဲ့သော ဆန္ဒပြသူများက ဘန်ကောက်မြို့ပေါ်သို့ ပြန့်ကျဲထွက်သွားကာ အထင်ကရ နေရာများကို မီးတင်ရှို့ရန် ကြိုးပမ်းနေကြသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ မစ္စတာပန်တိနန်က ယနေ့ညနေ (၅) နာရီတွင် ရုပ်မြင်သံကြားလိုင်း အသီးသီးမှပြောကြားရာ၌ လူတိုင်းသည် မိမိ၏သက်သေခံ ကတ်ပြားများကို တပါတည်း ကိုင်ဆောင်ထားရမည်ဖြစ်ပြီး လိုအပ်၍ လုံခြုံရေးဝန်ထမ်းများမှ စစ်ဆေးလျှင် ပြသနိုင်ရမည်ဟုဆိုသည်။

ဘန်ကောက်မြို့တော်တွင် ရွှေ့ပြောင်းအလုပ်သမား (၂) သိန်းခန့်သည် အလုပ်လုပ်ကိုင်နေကြပြီး အများစုမှာ သွားလာလှုပ်ရှား နေရသည့် ဈေးရောင်း၊ စားသောက်ဆိုင်၊ ပန်းရန်လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည့်အတွက် အချိန်မီ မိမိနားနေရာသို့ ပြန်ရောက်ရန်လိုကြောင်း၊ အရေးကြုံပါက ဆက်သွယ်ရန် အရေးပေါ်နံပါတ်မှာ ၀၂-၅၁၁၁၅၁၅ ဖြစ်ကြောင်း အလုပ်သမားအရေး လုပ်နေသူများက ပြောကြားသည်။

ဦးသုမောင်ဈာပန..





စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင်သည် ယနေ့ ၁၆ - ၅ - ၂၀၁၀ (တနင်္လာ)နေ့ ည ( ၉း၀၀ ) နာရီအချိန်တွင် သုခကမ္ဘာဆေးခန်းတွင် ကွယ်လွန်သွားခဲ့ပါသည်။ ၄င်း၏ ရုပ်ကလပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မော်တော်ယာဉ်မောင်းနှင်ပြီး သုခကမ္ဘာဆေးခန်းမှ သယ်ဆောင်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ထူးခြားချက် တစ်ခုမှာ ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုမရှိ၍ ပြင်းပြလှသော အပူဒဏ်ကို ခံစားနေရသော မြို့သူ မြို့သားများအား ဦးသုမောင်၏ ရုပ်ကလပ်ကို သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်ချိန်တွင် မိုးရွာသွန်းပေးမှုကြောင့် အအေးဓါတ် လွှမ်းခြုံပေးမှုကို ခံစားလိုက် ရပါသည်။

၂၀ - ၅ - ၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ရုပ်ကလပ်အား ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည် ဖြစ်ပါသည်။
မိုးမခမှရယူသည်။

သောကြာဂြိုဟ်နှင့် လ နီးကပ်မှု ယူဆချက်အမျိုးမျိုး

ခိုင်စု
လနှင့် သောကြာဂြိုဟ် နီးကပ်မှုသည် စကြာဝဋ္ဌာအတွင်း ဖြစ်ရိုးဖြစ်စဉ်သာ ပြောဆိုသော်လည်း မြန်မာပြည်တွင်း၌ အကောင်း-အဆိုး နိမိတ်ကောက်ယူမှုများ ရှိခဲ့သည်။

ယခုလ ၁၆ ရက်နေ့က လနှင့် သောကြာဂြိုလ်တို့ နီးကပ်မှုကို မြန်မာ အပါအဝင် အာရှနိုင်ငံအချို့ မြင်တွေ့ခဲ့ကြရပြီး မြန်မာနိုင်ငံတွင် ည ၇ နာရီခန့်တွင် ထိုသို့သော ဖြစ်စဉ်ကို လူအများ တွေ့ရှိခဲ့ကြသည်။

လသည် ကမ္ဘာကို တပတ်ပတ်မိရန် တလခန့် ကြာမြင့်တတ်သဖြင့် လနှင့် ဂြိုဟ်များ၏ နီးကပ်မှုသည် လစဉ်ဖြစ်နေကြောင်းနှင့် လသည် ကမ္ဘာကို ပတ်နေစဉ် သောကြာဂြိုဟ်နှင့် တတန်းတည်း ကျရောက်သဖြင့် ယခုဖြစ်စဉ်မျိုး မြင်တွေ့ရခြင်းသာဖြစ်ကြောင်း အိန္ဒိယ နက္ခတ်ဗေဒပညာရှင်များက ပြောဆိုကြသည်။

ယခုလ ၁၇ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာ မြန်မာ့အလင်းတွင်မူ ယင်းဖြစ်ရပ်ကို အာကာသ၌ အအေးဓာတ်ကို ဖြန့်ဝေပေးနေသည့် အရံဂြိုဟ်အနီး အာကာသဓာတ်ကို ထိန်းညှိပေးသည့် ကြယ်တာရာတို့ နီးကပ်စွာ ဖြစ်ပေါ်ခဲ့သဖြင့် ကမ္ဘာမြေအား အေးမြသည့် ဓာတ်ကိုပေးသည့် သဘောနိမိတ်အဖြစ် ဖော်ပြခဲ့သည်။

ပဲခူးမြို့ခံ လူကြီးတဦးက “ပဲခူးမြို့ပေါ်မှာ လူတွေ တော်တော်များက ဒီအဖြစ်ကို ထွက်ကြည့်ပြီး သောကြာဂြိုဟ်ကြီး လနဲ့နီး ပြည်ကြီးတံခွန် ပျက်လတံ့ဆိုပြီး၊ မကြာခင် မင်းပြောင်းမင်းလွဲဖြစ်မယ်ဆိုပြီး ပြောနေကြတယ်'' ဟု ပြောသည်။

လကို ကြယ်ဖောက် ဂျပန်ရောက်ဆိုသည့် တဘောင်ရှိကာ ၎င်းငယ်စဉ်က ၁၉၄၂ ခုနှစ်တွင် ထိုသို့ မြင်ခဲ့ဖူးပြီး မကြာခင်တွင် ဖက်ဆစ်ဂျပန်များ ရောက်ရှိလာခြင်း၊ ၁၉၆၂ ခုနှစ်တွင် တကြိမ်ထပ်ဖြစ်ရာ ဝန်ကြီးချုပ် ဦးနုဆီမှ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းခဲ့ခြင်း၊ ၂ဝဝ၄ ခုနှစ်တွင်လည်း ထိုသို့ထပ်ဖြစ်ရာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့် အထိန်းသိမ်းခံခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ နက္ခတ်ဗေဒင်သဘောအရ မြန်မာဝေဒပညာရှင်များကလည်း အကောင်း-အဆိုး နိမိတ်ဖတ်သည့် ကြိုတင်ခန့်မှန်းမှုများ ရှိနေသည်။

ရန်ကုန်ရှိ ဝေဒပညာရှင် ဆရာမြတ်သစ်က ယခုဖြစ်စဉ်တွင် အင်္ဂါဂြိုဟ်သည် လနှင့် သောကြာဂြိုဟ်ရှေ့တွင် တည်ရှိနေခဲ့သဖြင့် ကမ္ဘာပေါ်ရှိ အင်အားကြီး တိုင်းနိုင်ငံများနှင့် စစ်လက်နက်ပိုင်ဆိုင်သော နိုင်ငံ့ခေါင်းဆောင်များသည် လက်နက်များ ခဝါချပြီး မနေနိုင်လျှင် တိုင်းနိုင်ငံ ပျက်စီးမည့် နိမိတ်ဖြစ်ကြောင်း ပြောသည်။

ဗေဒင်ကိန်းခန်းအရ နိမိတ်မှတ်ယူခြင်းနှင့် ပြည်သူများအကြား ရှေးရိုးအယူအဆများနိမိတ်အဖြစ် မှတ်ယူ ပြောဆိုကြသည်။

ပဲခူးတွင် မိုးရွာ၊ ဒေသခံများ ဝမ်းမြောက်

ဆလိုင်း ဟံသာစန်း
ရက်ပေါင်း ၂ဝ ကျော် ပူပြင်း၍ ရေရှားသောဒဏ်ခံနေရသော ပဲခူးမြို့တွင် အင်္ဂါနေ့ က စတင်မိုးရွာသွန်းသဖြင့် ဒေသခံများ ဝမ်းမြောက်နေကြသည်။

အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်ဝန်းကျင်အထိရှိခဲ့သော ပဲခူးမြို့တွင် အင်္ဂါနေ့ နေ့လည် ၁ နာရီခန့်က စတင်ရွာသွန်းနေပြီး သတင်းပေးပို့ချိန် ၂ နာရီခွဲအထိ ဆက်လက်ရွာသွန်းနေဆဲဖြစ်ကာ ပဲခူးမြို့၏ နေ့အပူချိန်မှာ သိသိသာသာကျဆင်းသွားပြီး ၃၄ ဒီဂရီစင်တီဂရိတ်သို့ ရောက်သွားသည်။

“ရေတော့ နည်းနည်းပဲ ပါတယ်။ ဒါပေမဲ့ ဝမ်းသာတယ်ဗျာ။ အခုလောလောဆယ်တော့ နေရတာ အေးသွားတယ်” ဟု ပဲခူးမြို့ခံ ကိုမြတ်မိုးကပြောသည်။

“မိုးရွာတော့ ဝမ်းသာတယ်ရှင်။ အပူချိန်လျော့တော့မှာပေါ့။ ရပ်ကွက်ထဲကလူတွေ တော်တော်များများ မိုးရေထွက်ချိုးကြတယ်” ဟု အင်းဝေရပ်ကွက်မှ မြို့ခံ အိမ်ရှင်မတဦးက ပြောသည်။

မိုးရွာစေရန်အတွက် ပဲခူးမြို့ ကြခတ်ဝိုင်းဘုန်းကြီးကျောင်းမှ သံဃာတော်များကလည်း ပြီးခဲ့သည့် စနေနေ့မှ စတင်ကာ ၃ ရက်ဆက်တိုက် မြို့ကိုပတ်၍ ငရံ့မင်းပရိတ်များ လှည့်လည်ရွတ်ဖတ်ခဲ့ကြသေးသည်။

ယနေ့ ပဲခူးမြို့၏ အပူချိန်သည် ယမန်နေ့က ၃၈ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ယနေ့တွင် ၃၄ ဒီဂရီစင်တီဂရိတ်သာ ရှိတော့ကြောင်း www.wunderground.com မိုးလေဝသအင်တာနက် ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

နောက် သုံးရက်တွင်လည်း နေ့အပူချိန် အမြင့်ဆုံး ၃၅ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံး ၂၇ ဒီဂရီစင်တီဂရိတ်ကြားရှိနေကာ အပူချိန်ကျဆင်းမှာဖြစ်သည်ဟုလည်း ခန့်မှန်းထားသည်။

အလားတူပင် အပူဒဏ်ခံစားနေရသည့် ရန်ကုန်မြို့တွင်လည်း ယနေ့ မိုးနှစ်ကြိမ်ရွာသွန်းသွားသည်။“ပြောမပြတတ်အောင် ပျော်ပါတယ်ရှင်။ မိုးနတ်မင်းကြီးကိုလည်း အရမ်းကို ကျေးဇူးတင်မိပါတယ်။ လိုနေတဲ့အချိန်မှာ လူတွေကို ညှာတာပေးလို့လေ” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြောသည်။

“မိုးမရွာခင်တုန်းကဆို မီးကလည်းပျက်၊ ပူလွန်းအိုက်လွန်းတော့ ငိုတောင် ငိုချင်တယ်။ ဘယ်လိုမှ နေလို့မရဘူး။ အရမ်း စိတ်ညစ်တယ်” ဟု သူက ဆက်ပြောသည်။

ရန်ကုန်မြို့၏ ယနေ့အပူချိန်သည် ၂၅ံC ဖြစ်ပြီး မနက်ဖြန်တွင် ၃၈ံC မှ ၂၇ံC ကြားနှင့် မိုးရွာရန် ရာနှုန်း ၄ဝ ၊ ကြာသာပတေးနေ့တွင် ၃၅ံC မှ ၂၆ံC ကြားနှင့် မိုးရွာရန်ရာနှုန်း ၄ဝ ၊ သောကြာနေ့တွင် ၃၅ံC မှ ၂၆ံC ကြားနှင့် မိုးရွာရန်ရာနှုန်း ၅ဝ ဖြစ်သည်။

မြန်မာနိုင်ငံတဝှန်းတွင် ဧပြီလကုန်ပိုင်းမှ စတင်ကာ အပူချိန်ပြင်းထန်မှုကြောင့် လူသေဆုံးမှုများရှိခဲ့ပြီး သောက်သုံးရေ ရှားပါးမှုမှာလည်း ဒေသအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သည်။

Tuesday, May 18, 2010

မြန်မာ ကျောင်းသားများ ဂျာမဏီ ပညာသင်ဆု ရမည်

စိုင်းဇွမ်ဆိုင်း
.မြန်မာဘွဲ့ရ ကျောင်းသားများ ဂျာမဏီ နိုင်ငံတွင် ပညာဆက်လက် သင်ကြားနိုင်ရန် ပညာသင် ဆုကြေးများကို ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် ဂျာမဏီ သံရုံးက ပြောသည်။

“အဆင့်မြင့်ပညာ ဘွဲ့ရပြီးသူတွေကို ဂျာမဏီနိုင်ငံမှာ မဟာတန်းနဲ့ ပါရဂူ တန်းတွေတက်ဖို့ ဂျာမန်အစိုးရက ထောက်ပံ့တာဖြစ်ပါတယ်။ ကျောင်းသားအရေအတွက် ကန့်သတ်ထားတာမျိုး မရှိပါဘူး”ဟု ရန်ကုန်မြို့ရှိ ဂျာမဏီသံရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ ပညာသင်ဆုကြေးသည် ၂၀၁၁- ၂၀၁၂ ပညာသင်နှစ်အတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်များ၊ အင်ဂျင်နီယာ ဘာသာရပ်များနှင့် တခြား သိပ္ပံဘာသာရပ်များ ဆက်လက်သင်ကြားနိုင်ရန် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူများသည် ဘွဲ့တခုခု ရရှိပြီး မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်မှုများ လိုအပ်ကြောင်း၊ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်ကြောင်း ဂျာမန်သံရုံး တာဝန်ရှိသူက ဆိုသည်။

ဆက်လက်၍ ၎င်းက “အဓိက ကတော့ အင်္ဂလိပ်စာ အရည်အချင်းပေါ့၊ TOEFL ဆိုရင် အနည်းဆုံး ၅၅၀ မှတ် ရရှိထားသူ၊ IELTS ဆိုရင် ၆ မှတ် ရရှိထားသူဖြစ်မှ ပညာသင်ဆုကြေးရရှိဖို့ အခွင့်အလမ်းပိုများမယ်” ဟု ပြောသည်။

ဂျာမဏီနိုင်ငံသည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ သံတမန်အရေး စတင်ထားရှိခဲ့သည့် ၁၉၅၀ ပြည့်နှစ်ကပင် မြန်မာ ကျောင်းသားများကို တနှစ်လျှင် ပျမ်းမျှ ၂၀ ဦးခန့် ထောက်ပံ့ခဲ့ပြီး မြန်မာနိုင်ငံမှ စာနယ်ဇင်းသမားများအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ၊ နိုင်ငံတကာ ညီလာခံများ တက်ရောက်ရန် ထောက်ပံ့ခြင်းမျိုးများလည်း ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင် တက္ကသိုလ်တွင် မဟာသိပ္ပံသင်တန်း တက်ရောက်နေသူတဦးကလည်း “အဘက်ဘက်က ယိုယွင်းနေတဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်အောက်က ကျောင်းသားတွေအတွက် ပညာသင်ဆုကြေး ဆိုတာ တကယ်ကို လိုအပ်နေပါတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် အင်ဂျင်နီယာ ဘာသာရပ်နှင့် မဟာတန်း တက်နေသူ ကိုညီလင်းအောင်က “တခြားနိုင်ငံမှာ ပညာသင်တယ်ဆိုတာ အင်မတန် စရိတ်ကြီးတဲ့အလုပ်ပါ။ မိဘက ထောက်ပံ့ပြီး လာတက်တဲ့သူ ရှားတယ်။ ပညာသင်ဆု ပေးတယ်ဆိုတာ အင်မတန် ဝမ်းသာစရာကောင်းတဲ့ သတင်းပါ” ဟု သူကဆိုသည်။

မြန်မာနိုင်ငံမှ ကျောင်းသားများအတွက် ပညာသင်ဆု ပေးရာတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သော ဘာသာရပ်များကိုသာ အများဆုံး ထောက်ပံ့သည်ဟု သိရသည်။

“နိုင်ငံရပ်ခြားမှာ ပညာသင်ပြီးပြန်လာတဲ့ ကျောင်းသားတွေက မြန်မာပြည်အတွက် အများကြီး အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ကိုညီလင်းအောင်က ဆက်ပြောသည်။

ဒလ မြို့မှ ရေပြဿနာ နောက်ဆုံးအခြေအနေ.....



ရန်ကုန်မြို့မှ လှမ်းကြည့်လျှင် သာမာန်မျက်စိဖြင့် မြင်နိုင်သော….ရန်ကုန်မြစ်ကို ၁၀မိနစ်ခန့် ဖြတ်ကူးလျှင် ရောက်နိုင်သော…. ရန်ကုန်မြစ်ကမ်းနဖူးပေါ်တွင် ရန်ကုန်မြို့ကြီးနှင့် မျက်နှာချင်းဆိုင် တည်ရှိသော မြို့ ဒလမှာတော့…သမိုင်းတလျှောက်မှာ တခါမှ မဖြစ်ဖူးသော သောက်သုံးရေ ရှားပါးပျက်လပ်မှု နဲ့ ရင်ဆိုင်နေကြရပါတယ်…... ရေကိုလည်း ရွှေလိုသုံးနေကြရပါပြီ။ နောက်ပိုင်းမှာတော့ ဘယ်လို သုံးရမယ်မသိပါ….။

ဒလမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၁၈၀၀၀ ခန့်နေထိုင်လျက်ရှိပြီး ငွေရေးကြေးရေးအစဉ်ပြေသော အိမ်ထောင်စု ၂၀၀၀ခန့်သာ မြို့နယ်စည်ပင်မှ ပေးဝေလျက်ရှိသော ပိုက်ရေကို ရရှိသုံးစွဲနေရပြီး….ဒါကလည်း အမြဲတမ်း ပုံမှန်ရတာတော့လည်း မဟုတ်ပါ။ ဒါကြောင့် ကျန် အိမ်ထောင်စုပေါင်း ၁၆၀၀၀ ခန့်က ကန်ရေကိုသာ လုံးဝမှီခိုအားထားနေခဲ့ရပါတယ်။ အခုလို ကန်တွေအားလုံးနီးပါး ရေခန်းခြောက် ကုန်ဆုံးသွားချိန်မှာတော့ ဆားငံမြေအောက်ရေကို သုံးသူကသုံး…. သုံးစွဲရန် လုံးဝမသင့်လျော်သော ချောင်းရေကို အကြည်ထားပြီး သုံးသူကသုံး…. မြောင်းရေကိုသုံးသူကသုံး… ရေအလှုရှင် လာရောက်လှုဒါန်းသော ရေကို စောင့်မျှော်သုံးသူကသုံး….. စုံလို့ပါဘဲ။

အခုလိုဖြစ်ရတဲ့ အကြောင်းအရင်း တွေကတော့ လူဦးရေကတိုး… ကန်တွေကမတိုး… ရာသီဥတုကပူ…. ရေကခန်း…. လူတွေကလည်း ရေပိုလိုအပ်လာ….မိုးရာသီကနောက်ကျ.. မိုးရေကိုလည်းတနိုင်တပိုင်တောင် မသိုလှောင်နိုင်ကြ….လှောင်စရာအိုး…. ကျောက်စည်…. အုတ်ကန်တွေလည်းမရှိ… ၀ယ်လည်းမ၀ယ်နိုင်… ဆောက်လည်းမဆောက်နိုင်….. ခုတော့ ကုန်ပြီ… ပြောင်ပြီ…. ဘာမှမကျန်တော့…. ဘယ်မှာမှမရှိတော့…. ဘာလုပ်ကြမလည်း…

ရာသီဥတုကတော့ဖောက်ပြန် ပြောင်းလဲလာပါပြီ။ သဘာဝပတ်ဝန်းကျင်ကလည်း ပျက်စီးယိုယွင်းလာပါပြီ။ ဒါတွကို ကျွန်တော်တို့ တတွေ သဘောပေါက်နားလည်ဖို့ကောင်း နေပါပြီ။ ပြုပြင်ထိန်းသိမ်းဖို့ သင့်ပြီဆိုတာ ကျွန်တော်တို့ လူသားတွေရဲ့ အပြုအမှု သဘောထားတွေကို ပြောင်းသင့်ပြီဆိုတာ သိလောက်ရောပေါ့။ အခုမှနောင်တ တရားနဲ့… အနာဂတ်အတွက် ကန်တူးသူတွေကတူးကြ (ရေမှမလောက်တာ)….. အပူချိန်တွေကမြင့်လာတော့ သစ်တပင်ရဲ့ တန်ဖိုးကိုသိပြီး သစ်ပင်စိုက်သူကစိုက်ပေါ့(အရိပ်ရပင် တွေမှ များများစားစားမရှိတော့ပြီကိုး)။

လက်တလော ရေပြဿနာကိုတော့…ကော့မှုး၊ တွံ့တေး နှင့် ရန်ကုန်မြို့မှ စေတနာရှင် ရေအလှုရှင်များမှ ထောက်ပံ့ ပေးလျက်ရှိပါသည်။ ရေတွေဝေတော့လည်း ရတဲ့နေရာကရ ….မရတဲ့နေရာက လုံးဝမရ… ပြဿနာကတဖုံ။ မြို့နယ်အဆင့် စီမံခန့်ခွဲမှု နှင့် အလှုရှင်မျာနဲ့ ပူပေါင်းဆောင်ရွက်မှု ရာပေါင်းများစွာသော ရေကားများကို လမ်းညွှန်မှုပေးနိုင်ရန် ကလည်းလိုအပ်နေဆဲ။ အခုအချိန်မှာ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ၀မ်းပျက်ဝမ်းလျော ရောဂါ ဖြစ်ပေါ် ပြန့်ပွားမှာကိုလည်း စောင့်ကြည့်နေရပါတယ်။

ယနေ့....၁၇-၅-၁၀ မှာတော့...ပထမဆုံး မိုးရွာခဲ့ပါပြီ....ဒီမိုးကြောင့်...လက်ကျန် ကန်ရေအားလုံး ပျက်စီးသွားပြီး..... သောက်ရေပြဿနာ ဆိုးရွားပါတော့မည်။ ပထမဆုံး မိုးရေမို့... သောက်လို့လည်း မရနိုင်သေး။ မိုးဆက်တိုက် ရွာလျင်တော့ အားလုံးအစဉ်ပြေ သွားနိုင်ပါသည်။ မိုးဆက်မရွာခဲ့ပါက...... အခုလို အရေးပေါ် အခြေအနေမျိုးမှာ ….ဒလမြို့နေ ပြည်သူများအား ….လူသားချင်း စာနာထောက်ထားသော အားဖြင့်… တတ်စွမ်းသ၍ ကူညီနိုင်ကြပါစေရန်…. ဒလမြိုခံပြည်သူ တဦးအနေဖြင့် အခြေအနေမှန်ကို ဖော်ပြလိုက်ရပါသည်။

ဆက်သွယ်လှုဒါန်းနိုင်ရန် နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်

ခင်ဇော်ဝင်း

အုပ်ချုပ်ရေးမှုး

နိုင်ငံတကာဆေးဘက်ဆိုင်ရာကူညီထောက်ပံ့ရေးအဖွဲ့ (ဒလ စီမံကိန်း)

ဖုန်း - ၂၆၉၅၅၆ / ၀၉ ၅၁ ၅၄၃၄၂

အီးမေးလ် - khinzawww@gmail.com
http://www.demowaiyan.co.cc/ မှ ရယူဖေါ်ပြသည်။

မြို့ တော်ရန်ကုန်မှာ ရွှေထက်တန်ဖိုးကြီးတဲ့ ရွှေမိုးရွာလေပြီ


ယမန်နေ့က မေလ ၁၇ ရက် နေ့ နံနက် ၁၀း ၃၅ အချိန်ခန့်တွင် လူအများတောင့်တလျှက်ရှိသော မိုးမင်းကြီးသည် ရုတ်တရက် မိုးတိမ်များ မည်းမှောင်လာပြီး အင်အားပြင်းထန်စွာဖြင့် သဲသဲမဲမဲ ရွာသွန်းပါတော့သည်။ မိုးရွာသွန်းမှုကြောင့် အချိန်ကြာမြင့်စွာ နှိပ်စက်ခဲ့သော အပူဒဏ်သည်လည်း လျော့ပါးသွားခဲ့ပါသည်။ ရန်ကုန်မြို့ ထဲရှိ လမ်းမများ ပေါ်တွင်လည်း ရန်ကုန်စည်ပင်သာယာရေး ကော်မတီ၏ ပြည်သူများ အပေါ်ထားရှိသော စေတနာကြောင့် ကျွပ်ကျွပ်အိတ်နှင့် အမှိုက်များသည် ဧရာဝတီမြစ်အတွင်းခုတ်မောင်း သွားလာနေသော သင်္ဘောများကဲ့သို့ ပေါလောမျောပါ ခရီးနှင်နေကြပါသည်။

http://www.demowaiyan.co.cc/ မှကူးယူဖေါ်ပြသည်။

ကွမ်းခြံကုန်း ဒရယ်လူးကျေးရွာ ဓားပြတိုက်မှု ရွာသား (၂) ဦး ပွဲချင်းပြီး သေဆုံး

အောင်ထက်
ကွမ်းခြံကုန်းမြို့မှ (၈) မိုင်ခန့်အကွာ ဒရယ်လူးကျေးရွာတွင် မေ (၁၆) ရက် ည (၉) နာရီခန့်က ဓားပြတိုက်မှု ဖြစ်ပွားပြီး သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ရွာသား (၂) ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဓားပြတိုက်သည့်နေအိမ်မှာ ဒရယ်လူးကျေးရွာ၏ သူဌေးစာရင်းဝင် ဒေါ်သိန်းမြင့် ခေါ် ဒေါ်ကြွက်မဆိုသူ၏ နေအိမ်ဖြစ်သည်။

“ဓားပြတွေက (၅) ဦး၊ မရှင်းဂန်းသေနတ်ကိုယ်စီ ကိုင်ဆောင်ထားတယ်။ ရွာသားတွေက သိသိချင်း အဲဒီအိမ်ကို ၀ိုင်းလိုက်ကြတယ်။ ဒါနဲ့ ဓားပြတွေလည်း ကမန်းကတန်းနဲ့ ယူသွားတာ ငွေ (၁) သိန်း (၃) သောင်းလောက်နဲ့ လက်စွပ်တကွင်းပဲ ရသွားတယ်” ဟု ဒေါ်ကြွက်မနှင့် ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။

ဒေါ်ကြွက်မမှာ သေနတ်ဒင်နှင့် ထုရိုက်ခံရ၍ ဦးခေါင်းဒဏ်ရာ ရရှိသွားပြီး ဓားပြများက ရွာသားများအား သေနတ်များဖြင့် ပစ်ခတ် ထွက်ပြေးကြကာ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းသို့ ပစ်ခတ်ခဲ့မှုကြောင့် ရွာသား (၂) ဦး သေဆုံးပြီး ရန်ကုန်ဆေးရုံကြီးသို့ ရွာသား (၆) ဦး အရေးပေါ်လူနာအဖြစ် တင်ပို့လိုက်ရသည်ဟု သိရသည်။

မေ (၁၇) ရက်တွင် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသထားသူ ရွာသား (၁) ဦး သေဆုံးသွားသည်ဟု သိရပြီး ကွမ်းခြံကုန်းဆေးရုံ၌ ရွာသား (၇) ဦး သေနတ်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူလျက်ရှိသည်။

ရန်ကုန်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွမ်းခြံကုန်းဆေးရုံသို့ သွားရောက်ကာ လိုအပ်သော ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့သည်ဟု ကွမ်းခြံကုန်း မြို့ခံတဦးဖြစ်သည့် အခင်းဖြစ်ပွားနေရာအနီး နေထိုင်သူတဦးက ပြောသည်။

၎င်းက “ဓားပြ (၅) ဦးစလုံး မျက်နှာတွေ ဖုံးထားတယ်။ ထူးခြားတာက အဲဒီထဲမှာ စစ်တပ် ယူနီဖောင်းဝတ် (၂) ဦး ပါနေတယ်။ နောက်ပြီး ဒီလိုကျေးရွာမျိုးမှာ ဒီလို လက်နက်မျိုး ဘယ်သူမှမကိုင်နိုင်ဘူး။ ဒီလက်နက်တွေက စစ်တပ်မှာပဲ ရှိနိုင်တယ်။ ဒါကြောင့် ဒီဓားပြမှုမှာ နယ်မြေခံစစ်တပ် စခန်းခွဲက စစ်သားတချို့ ပါဝင်နိုင်တယ်” ဟု ပြောဆိုသည်။

ဓားပြ (၅) ဦးမှာ ထွက်ပြေးလွတ်မြောက်လျက်ရှိပြီး ရန်ကုန် တောင်ပိုင်းခရိုင် စစ်ဒေသမှ တာဝန်ရှိသူများ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးမှ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူများဖြင့် လုံခြုံရေး တင်းကြပ်လျက်ရှိသည်။

ဒလကားလမ်းမနှင့် လှိုင်သာယာတံတားအဆင်း လမ်းဆုံမှလည်းကောင်း၊ ကွမ်းခြံကုန်းမြို့အ၀င် နေရာမှလည်းကောင်း အ၀င်အထွက် စစ်ဆေးလျက်ရှိပြီး ဒရယ်လူးကျေးရွာသို့ သောက်သုံးရေပေးဝေရန် သွားရောက်သည့် ကားများလည်း လုံခြုံရေးစစ်ဆေးမှုများ ခံနေကြရသည်။

ဒရယ်လူးကျေးရွာသည် အိမ်ခြေ (၃၀၀) ခန့်ရှိပြီး နယ်မြေခံ ကြည်းတပ်၊ ရေတပ် စခန်းခွဲငယ်များ၊ ရဲကင်းများ ထားရှိသော ကျေးရွာကြီးဖြစ်သည်။

Monday, May 17, 2010

စွယ်စုံရ အနုပညာရှင် သုမောင် ကွယ်လွန်

ရှပ်ရှင်သရုပ်ဆောင် စာရေးဆရာ နဲ့ တေးသံရှင်အဆိုတော်အဖြစ်ပါ အောင်မြင် ကျော်ကြားတဲ့ သုမောင်ဟာ မနေ့က မေလ (၁၆) ရက် တနင်္ဂနွေနေ့ ည (၉) နာရီအချိန်လောက်မှာ ရန်ကုန်မြို့  သုခကမ္ဘာဆေးခန်းမှာ ကွယ်လွန်သွားပါပြီ။ ကွယ်လွန်ချိန်မှာ အသက် (၆၀) နှစ်ရှိပြီး ဇနီးသည် ဒေါ်အေးအေးမေ (ခေါ်) အေးဘုံနဲ့အတူ သားသမီး (၄) ယောက် ကျန်ရစ်ခဲ့ပါတယ်။
(ကွမ်းစကား ရေးသားသော စာရေးဆရာသုမောင်)

စွယ်စုံအနုပညာရှင် ရုပ်ရှင်မင်းသား သုမောင် ကွယ်လွန်

ခိုင်စု
ပရိသတ်၏ ချစ်ခင်နှစ်သက်မှုကို ရရှိထားသူ စွယ်စုံအနုပညာရှင် ရုပ်ရှင်မင်းသား သုမောင်သည် နာတာရှည် အသည်းရောဂါနှင့် အဖျားကြီးမှုကြောင့် ယမန်နေ့ ညပိုင်းတွင် အသက် ၆ဝ အရွယ်၌ ရန်ကုန်မြို့တွင် ကွယ်လွန်သွားသည်။

စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ အကယ်ဒမီ သုမောင် ခေါ် ဦးဗလသည် ရန်ကုန်မြို့ရှိ သုခကမ္ဘာ ဆေးခန်း၌ ယမန်နေ့ ည ၉ နာရီတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“အဖေက ၁၄ ရက်နေ့ကတည်းက ဆေးရုံတက်ပါတယ်။ အသည်းရောဂါကို ခံစားနေရတာတော့ ကြာပါပြီ။ ဘာမှ မဖြစ်ခဲ့ပါဘူး။ အခုက အပူတအားများသွားလို့ တိုက်ဆိုင်သွားတာပါ။ အဖျားက ၁ဝ၆ ထိ ဖြစ်သွားတယ်” ဟု ဦးသုမောင်၏ သားဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် ဖိုးသောကြာက ပြောသည်။

ဘက်စုံထူးချွန်သည့် ဦးသုမောင် ဆုံးပါးသွားဖြင့် ရုပ်ရှင်၊ ဂီတနှင့် စာပေ အသိုင်းအဝိုင်းအကြား နှမြောတသ စိတ်မကောင်းဖြစ်နေကြသည်။

“အခုလို စွယ်စုံရတဲ့ အနုပညာရှင်တယောက် ဆုံးပါးသွားတာတော့ စိတ်မကောင်းဘူးဗျာ။ လွန်ခဲ့တဲ့ တလလောက်က သူနဲ့တွေ့တော့ သူအရက်ပြတ်သွားပြီလို့ ပြောတယ်။ သူကိုယ်တိုင် ကားအဝါလေးကို မောင်းပြီး လာတာ။ အဲဒီတုန်းက သူ့အတွက် ဝမ်းသာလိုက်တာ။ ဒီမတိုင်ခင်ကတော့ သူ့သားက တွဲပြီး လာရတယ်” ဟု ကဗျာဆရာ မောင်စိမ်းနီက ပြောသည်။

ရုပ်ရှင်လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သူ မင်းသားကျော်သူကလည်း “ကျနော် သရုပ်ဆောင်ဘဝကို စရောက်တော့ ဦးဗလကြီးက ကျနော့်အဖေခန်းက သရုပ်ဆောင်ရတယ်။ ဖိုးသောကြာ သရုပ်ဆောင် လောကထဲကို စရောက်တော့ ကျနော်က သူ့အဖေနေရာက သရုပ်ဆောင်ခဲ့ရတယ်။ ဦးဗလကြီးက ဒါကို ကျနော့်ကို ပြောပြခဲ့ဖူးတယ်။

သူရေးခဲ့တဲ့အထဲမှာ ကျနော်တို့ လူပျိုဘဝတုန်းက ထွက်ခဲ့တဲ့ “အချစ်” ဆိုတဲ့ စာအုပ်ကို အရေးကောင်းလွန်းလို့ တော်တော်ကြိုက်ခဲ့တယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ကျနော် ရုပ်ရှင်လောကကို စဝင်တဲ့ အချိန်မှာ ကျနော် စကားမပီတော့ ကိုဗလကြီးက သတင်းစာ မဂ္ဂဇင်းတွေ ဖတ်တဲ့အခါ အသံထွက်ဖတ်ဖို့ လမ်းညွှန်ခဲ့တယ်။ အဲဒါက ကျနော့်ကို အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်” ဟု ဦးသုမောင် အမှတ်တရအဖြစ် ပြန်ပြောပြသည်။

ဦးသုမောင်ကို ဖခင်ဖြစ်သူ စာရေးဆရာနှင့် ဒါရိုက်တာ ဦးသာဓုနှင့် မိခင် ဒေါ်ခင်ညိုက ၁၉၅၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အင်ဂျင်နီယာဘွဲ့ရရှိကာ ၁၉၆၉ ခုနှစ်မှ စတင်၍ ယုဝတီဂျာနယ်တွင် စာပြင်အလုပ် ဝင်လုပ်ရာမှ ကဗျာများ ရေးဖွဲ့လာရင်း စာပေလောကသို့ ရောက်ရှိလာကာ၊ ယင်းနောက်ပိုင်းတွင် ရုပ်ရှင်နှင့် ဂီတနယ်ဘက်သို့ပါ ဝင်ရောက်လာခဲ့သည်။

၁၉၇၄-၁၉၇၄ ခုနှစ်တွင် ချစ်စံနမူ၊ နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယား စသော ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကာ၊ သဘာဝ မင်းသားအဖြစ် အောင်မြင်လာခဲ့ရာမှ ၁၉၉ဝ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုကို `ခုနှစ်စဉ်အလွမ်း´ ဇာတ်ကားဖြင့် ရရှိခဲ့သည်။ မကွယ်လွန်ခင်အထိ ဇာတ်ကားကြီးပေါင်း ၄ဝ ကျော် ရိုက်ကူးခဲ့ပြီးဖြစ်သည်။

တေးဂီတနှင့် ပတ်သက်၍မူ ၁၉၇၄ ခုနှစ်တွင် နှောင်းတမြေ့မြေ့ ဇာတ်ကား၌ ဇာတ်ဝင်နောက်ခံတေးဖြစ်သော ပန်းဦးပန်မယ့်သူ သီချင်းကို သီဆိုခဲ့ရာမှ ဂီတလောကသို့ စတင်ရောက်ရှိခဲ့သည်။ ရုပ်ရှင်နောက်ခံတေးများ၊ တိပ်ခွေစီးရီးများ၊ ရေဒီယိုတေးများ စသည်ဖြင့် သီဆိုခဲ့ရာ တေးသီချင်း အပုဒ်ရေ ၂ဝဝဝ ကျော် သီဆိုခဲ့သည်။ သူ၏ ထင်ရှားကျော်ကြားသော တေးသီချင်းများတွင် ချစ်မိုးကြီး၊ ပန်းစကား၊ အမုန်းအသင်္ချေ၊ ဂုဏ်ကြီးရှင်၊ ပပဝင်းများ ပါဝင်သည်။

အချစ်၊ ကွမ်းစကား၊ အချစ်လား သူဖျားနေတယ်၊ အရက်သမား အမှားတရာ၊ မျိုးရိုးထဲမှ ဆိုးပေကြီးများ စသည့် အရေးအသားကောင်းမွန်သည့် ဆောင်းပါးနှင့် ဝတ္ထုတိုများ ရေးသားခဲ့ကာ စာအုပ်ပေါင်း ၃ဝ ခန့် ထုတ်ဝေခဲ့သည်။ အပြောအဟောကောင်းသဖြင့် စာပေဟောပြောပွဲများတွင်လည်း လူကြိုက်များသည်။

ညီဖြစ်သူ မင်းလူမှာ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီး ထင်ရှားသော စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ညွှန်းရေးသူ ဖြစ်သည်။ လူကြိုက်များသော ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏမှာ သူ၏ အကိုဖြစ်သည်။

ဦးသုမောင် ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်အေးအေးမေ (အေးဘုံ)နှင့် သားသမီးများဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်ထား ဟူသော သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

ဦးသုမောင်၏ ကျန်ရစ်သော ရုပ်ကလာပ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) က ယနေ့နံနက်ပိုင်းတွင် သုခကမ္ဘာ ဆေးခန်းမှ ရေဝေးအအေးခန်းသို့ သွားရောက်ပို့ဆောင်ခဲ့ကြောင်းနှင့် ယခုလ ၂ဝ ရက်နေ့ နံနက် ၁ဝ နာရီတွင် သဂြိုင်္ဟ်မည်ဖြစ်ကြောင်း သိရသည်။

စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် - သုမောင် ကွယ်လွန်


မိုးမခ -
ယနေ့ည ၉ နာရီက သုခကမ္ဘာဆေးခန်းမှာ ကွယ်လွန်သည်ဟု ကြားသိရပါတယ်။ မိသားစုနှင့်အတူ ၀မ်းနည်းကြောင်း မှတ်တမ်းပြုပါတယ်။ ၎င်း၏ အထုပ္ပတ္တိမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ မြန်မာစာအုပ်ဆိုင် (Myanmar Book Shop နဲ့ မြန်မာအိုင်အက်စ်ပီ ) ၀က်ဆိုက်က ရယူပါတယ်)

သုမောင် (၁၉၅၁- ၂၀၁၀)
၁၉၅၁ - ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ-စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ အမိ-ဒေါ်ခင်ညိုတို့ က မွေးဖွားသည်။ မွေးချင်း(၄)ယောက်တွင် တတိယမြောက်ဖြစ်သည်။ အမည်ရင်းမှာ မောင်ဗလဖြစ်သည်။ ငယ်စဉ် က စိန်ပေါလ်(ယခု အ့ထ့က(၆) ဗိုလ်တစ်ထောင်)တွင် ပညာသင်ကြားခဲ့သည်။
၁၉၆၆ - စိန်ပေါလ်ကျောင်းမှ စက်မှုလက်မှု အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခဲ့။
၁၉၆၉ - စက်မှုလက်မှုအထက်တန်းကျောင်းမှ ဒီဇယ်အင်ဂျင်နီယာသင်တန်း အောင်မြင်ခဲ့။
ထိုအချိန်မှစ၍ စာပေနယ်သို့ ရောက်ရှိခဲ့ပြီး ယုဝတီဂျာနယ်တွင် စာပြင်အဖြစ်လုပ်ကိုင်ရင်း ကဗျာတို၊ စာတိုများရေးသားခဲ့။
၁၉၇၀ - ၀တ်မှုံဂျာနယ်ပါ''သနပ်ခါးရေကျဲကျဲ'' ၀တ္ထုတိုကို ''အုပ်စိုး'' အမည်ဖြင့် ရေးခဲ့(ပထမဆုံးဝတ္ထတိုဖြစ် သည်။)
၁၉၇၄ - ''အချစ်'' အမည်ရှိ လုံးချင်းဝတ္ထုကို စတင်ရေးသား။ သုမောင်သည် စာပေဆိုင်ရာလုပ်ငန်းများသာမက ရုပ်ရှင်သရုပ်ဆောင်မှု အပိုင်းတွင်လည်း ထူးချွန်သူတစ်ဦးဖြစ်သည်။ ထိုနှစ်တွင်ပင် ချစ်စံနမူ၊ နှောင့်တမြေ့မြေ့၊ အကြင်တို့လင်မယား-စသော ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သူဖြစ်သဖြင့် ''သုမောင်''အမည် ထင်ရှား ခဲ့။
၁၉၇၄ - ခုနှစ်တွင်ပင် ''နှောင်းတမြေ့မြေ့'' ရုပ်ရှင်ကား၌ ဇာတ်ဝင် နောက်ခံတေးတစ်ပုဒ်ဖြစ်သော ''ပန်းဦးပန်မယ့် သူ'' သီချင်းကို စတင်သီဆိုခဲ့ရာမှစ၍ တေးဂီတလောကသို့ ရောက်ရှိခဲ့။
၁၉၇၆ - ''ရှင်နေမင်းမှပေးသောစာ'' (ဘာသာပြန်)ထွက်ခဲ့။ ''သိပ်ချစ်တယ်မဟုတ်လား'' လုံးချင်းဝတ္ထုထွက်ခဲ့။
၁၉၇၇ - ''ပင်တိုင်စံမကောင်းပါဘူးကွယ်'' လုံးချင်းဝတ္ထုထွက်ခဲ့။ ရှုမ၀မဂ္ဂဇင်းတွင် ''ငယ်အိပ်မက်'' ၀တ္ထုတို ရေးခဲ့။
၁၉၇၈ - ''သူ့မောင်မှာ သူ့မောင်မှာ'' ၀တ္ထုရှည်ထွက်ခဲ့။ ''အချစ်ငါမသိ''၊ ''အချစ်ပွင့်ကလေးများ''၊ ''အချစ် သစ်ပင်''၊ ''သာဓုအင်ဆန်း(စုပေါင်း)'' စာအုပ်များထွက်ခဲ့။
၁၉၇၉ - ''အချစ်(၂)''၊ ''အချစ်နှင့်သူ၏ကိုကို''၊ ''အချစ်၏နောက်ဆုံးနေ့များ'' စသော လုံးချင်းဝတ္ထုများထွက်ခဲ့။
၁၉၈၀ - ''အကယ်ဒမီ''၊ ''အချစ်စက်''၊ ''ငါကွ-ခုဆယ်ရာထောင်သောင်းသိန်းသန်းကုဋေ'' စသော လုံးချင်း စာအုပ်များထွက်ခဲ့။
၁၉၈၁ - ''လ''၊ ''စပယ်သုံးကုံး''(စုပေါင်း)၊ ''ထို့ကြောင့် အချစ်ဟုခေါ်ပါသည်''(စုပေါင်း) စာအုပ်များထွက်ခဲ့။
၁၉၈၂ - ''ပန်းစွယ်တော်ရွက်ကလေး''(စုပေါင်း) စာအုပ်ထွက်ခဲ့။
၁၉၈၃ - ''ဍရင်ကောက်နှင့် အခြားဝတ္ထုတိုများ'' ထွက်။
၁၉၈၄ - ''၀တ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း'' (၀တ္ထုတိုပေါင်းချုပ်)။ ''သာဓုနှင့်ကျွန်တော်၏ဖခင်များအကြောင်း'' (၀တ္ထု တိုပေါင်းချုပ်)စာအုပ်များထွက်ခဲ့။
၁၉၈၆ - ''အချစ်လား သူဖျားနေတယ်'' စာအုပ်ထွက်။
၁၉၈၇ - ''ကမ္ဘာကြီးတုန်သွားတယ်'' စာအုပ်ထွက်။
၁၉၈၈ - ''ငှက်ကလေးတွေ မောင့်ခေါင်းပေါ်မှာ မင့်ခေါင်းပေါ်မှာ'' စာအုပ်ထွက်။ စာဖတ်သူအကြိုက်-မန္တလေး စာပေဆုကို''အဖေ၏အမေ'' ကိုယ်တွေ့စာတမ်းငယ်ဖြင့် ရရှိခဲ့။
၁၉၈၉ - ''မချစ်တတ်တာမဟုတ်၊ မချစ်ချင်တာပါ'' ၀တ္ထုထွက်။
၁၉၉၀ - ခုနစ်စဉ်အလွမ်း ဇာတ်ကားဖြင့် အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုရ။
၁၉၉၅ - နိုဝင်ဘာလတွင် ဟောင်ကောင်၊ မကာအိုနိုင်ငံများရှိ ဆရာဝန်များ ငွေရတုသဘင်မှ ဖိတ်ကြားသဖြင့် မြန်မာ့တေးသီချင်းများ သွားရောက်ဖျော်ဖြေခွင့်ရခဲ့။
၁၉၉၆ - ''သောတာဆွေ လွမ်းတသ-အမှတ်တရ'' (စုပေါင်း)စာအုပ်ထွက်။
၁၉၉၇ - ''စာရေးဆရာကြီး ဦးရန်အောင် အလွမ်းပြေ(စုပေါင်း)'' စာအုပ်ထွက်။
၁၉၉၉ - ''ကွမ်းစကား'' (၀တ္ထုတိုပေါင်းချုပ်)၊ ''ကြွေ-မိန်းခလေးပုံပြင်နှင့် ဘ၀ရသစာစုများ''၊ ''ပန်းယွန်း အိမ်''(စုပေါင်း)၊ ''မှတ်မှတ်ရရ-ရှုမ၀၀တ္ထုတိုများ'' စာအုပ်များထွက်။
၂၀၀၁ - ''မင်းနဲ့မှချစ်တတ်ပြီ'' ရုပ်ရှင်ကားတွင်သရုပ်ဆောင်။ ''နံနက်စာ ဆောင်းပါးပေါင်းချုပ်'' စာအုပ်ထွက်။ သြဂုတ်လတွင် အမေရိကန်နိုင်ငံ၊ အိုင်အိုဝါးတက္ကသိုလ်၌ ကျင်းပခဲ့သော ''နိုင်ငံတကာစာရေးဆရာများ စာပေရေးရာ လုပ်ငန်းအစီအစဉ်''သို့ တက်ရောက်စာတမ်းတင်ခဲ့။
စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်-သုမောင်သည် ရုပ်ရှင်ဇာတ်ကားကြီးပေါင်း (၄၀)ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့။ ရုပ်ရှင်နောက်ခံတေး၊ ရေဒီယိုတေး၊ တိပ်ခွေဆီးရီး-စသည်ဖြင့် တေးသီချင်းပုဒ်ရေပေါင်း(၂၀၀၀)ကျော် သီဆိုခဲ့သည်။
မကွယ်လွန်မီအချိန်များတွင် စာပေကို အလေးထားဆောင်ရွက်ရင်း ဇနီးသည် ဒေါ်အေးအေးမေ(အေးဘုံ)၊ သားသမီးများဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ (ရုပ်ရှင်သရုပ်ဆောင်)၊ ထိန်ထိန်သာ၊ ထိပ်ထား-ဟူသော သားသမီး(၄)ယောက်နှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ သာဓုရုပ်ရှင်ခြံတွင် နေထိုင်ခဲ့သည်။

''ထင်ရှားသောစာအုပ်အချို့''
၁။အချစ်
၂။အချစ်လား သူဖျားနေတယ်
၃။ဍရင်ကောက်နှင့်အခြားဝတ္ထုတိုများ
၎။ဝတ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း(၀တ္ထုတိုပေါင်းချုပ်)
၅။ကွမ်းစကား(၀တ္ထုတိုပေါင်းချုပ်)
၆။သာဓုအင်ဆန်း(စ်)(စုပေါင်း)
၇။အရုပ်ကလေး
၈။အရက်သမား အမှားတစ်ရာ(ဆောင်းပါးပေါင်းချုပ်)
၉။ပင်တိုင်စံ မကောင်းပါဘူးကွယ်။

အောက်ပါ စာသားများကတော့ - ပညာရွှေတောင် စာအုပ်တိုက် ကနေ ၂ဝဝ၃ ခုနှစ်၊ ဧပြီလမှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ခဲ့တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ်က "သုမောင် (၁၉၅၁)" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

၁။ အမည်ရင်း - မောင်ဗလ
၂။ မိဘအမည် - ဦးသာဓု (စာရေးဆရာ၊ ဒါရိုက်တာ) ဒေါ်ခင်ညို
၃။ မွေးသက္ကရာဇ် - ၁၃၊ ၃၊ ၁၉၅၁
၎။ မွေးဖွားရာဒေသ - ရန်ကုန်မြို့
၅။ ကလောင် အမည်ခွဲများ - မောင်ညိုအောင်၊ မဟူရာ၊ အုပ်စိုး

ကိုယ်ရေးဖြစ်စဉ်
စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ သရုပ်ဆောင်၊ အဆိုတော် သုမောင်သည် ငယ်စဉ်က အင်ဂျင်နီယာ တဦး ဖြစ်လို သဖြင့် ၁၉၆၆ ခုနှစ်တွင် စိန်ပေါလ် (ယခု အထက ၆ ဗိုလ်တထောင်) မှ စက်မှု လက်မှု အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ကြားခဲ့ရာ ဒီဇယ် အင်ဂျင်နီယာ သင်တန်းကို ၁၉၆၉ ခုနှစ်က အောင်မြင်ခဲ့သည်။ ထိုအချိန်က စ၍ စာပေနယ်သို့ ရောက်ရှိခဲ့ပြီး ယုဝတီ ဂျာနယ်တွင် စာပြင် အဖြစ် လုပ်ကိုင်ရင်း ကဗျာတို၊ စာတိုများ ရေးသားခဲ့သည်။ ပထမ ဦးဆုံး ဝတ္ထုတို အဖြစ် ၁၉၇ဝ ပြည့်နှစ်တွင် ဝတ်မှုံ ဂျာနယ်၌ သနပ်ခါးရေကျဲကျဲ အမည်တပ်၍ ရေးသားခဲ့သည်။ ကလောင် အမည် အုပ်စိုး ဖြစ်သည်။
၁၉၇၇ ခုနှစ်၊ နိုဝင်ဘာလထုတ် ရှုမဝ မဂ္ဂဇင်းတွင် ငယ်အိပ်မက် ဝတ္ထုကို သုမောင် အမည်ခံ၍ ရေးသား ဖော်ပြခဲ့ရာမှ ယနေ့တိုင် သုမောင် အမည် ထင်ရှားခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် အချစ် အမည်ရှိ လုံးချင်း ဝတ္ထုကို စတင် ရေးသားရာမှ လုံးချင်း ဝတ္ထု အများဆုံး ရေးသားသူ ဖြစ်လာသည်။
၁၉၈၈ ခုနှစ် စာဖတ်သူ အကြိုက် မန္ဈလေး စာပေဆုကို အဖေ၏ အမေ ကိုယ်တွေ့ စာတမ်းငယ်ဖြင့် ရရှိခဲ့ပြီး ၂ဝဝ၁ ခုနှစ်၊ သြဂုတ်လတွင် အမေရိကန်နိုင်ငံ အိုင်အိုဝါး တက္ကသိုလ်၌ ကျင်းပခဲ့သော (International Writing paragraph) နိုင်ငံတကာ စာရေးဆရာများ စာပေရေးရာ လုပ်ငန်း အစီအစဉ်သို့ တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရသဖြင့် သွားရောက်၍ စာတမ်း တင်ခဲ့သည်။
သုမောင်သည် စာပေဆိုင်ရာ လုပ်ငန်း တာဝန်များ သာမက ရုပ်ရှင် သရုပ်ဆောင်မှု အပိုင်းတွင်လည်း ထူးချွန်မှု ရှိသူ တဦး ဖြစ်သည်။ ၁၉၇၄ တွင် ချစ်စံနမူ၊ နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယား စသော ရုပ်ရှင် ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သူ ဖြစ်သဖြင့် စာပေ ကဲ့သို့ပင် ရုပ်ရှင် တွင်လည်း သုမောင် အမည်သည် ထင်ရှား ခဲ့သည်။
သုမောင်သည် ဇာတ်ကားကြီးပေါင်း ၄ဝကျော် ရိုက်ကူးခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် ရိုက်လက်စ ဇာတ်ကားမှာ မင်းနဲ့ မှချစ်တတ်ပြီ ဇာတ်ကား ဖြစ်သည်။ သုမောင်သည် ၁၉၉ဝ ပြည့်နှစ် အတွက် အကောင်းဆုံး အဓိက အမျိုးသား သရုပ်ဆောင် အကယ်ဒမီ ဆုကို ခုနှစ်စဉ်အလွမ်း ဇာတ်ကားတွင် ရရှိခဲ့သည်။
စာရေးဆရာ ရုပ်ရှင် သရုပ်ဆောင် သာမက တေးဂီတ တွင်လည်း ထင်ရှားခဲ့သူ တဦး ဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် နှောင်းတမြေ့မြေ့ ဇာတ်ကား၌ ဇာတ်ဝင် နောက်ခံ တေးတပုဒ် ဖြစ်သော ပန်းဦးပန်မယ့်သူ သီချင်းကို စတင် သီဆို ခဲ့ရာမှ စ၍ တေးဂီတ လောကသို့ ရောက်ရှိခဲ့သည်။ ရုပ်ရှင် နောက်ခံတေးများ၊ တိပ်ခွေ စီးရီးများ၊ ရေဒီယို တေးများ စသည်ဖြင့် သီဆိုခဲ့ရာ တေးသီချင်း ပုဒ်ရေပေါင်း ၂ဝဝဝ ကျော် သီဆိုပြီး ဖြစ်သည်။
၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ လတွင် ဟောင်ကောင်၊ မကာအို နိုင်ငံများရှိ ဆရာဝန်များ ငွေရတု သဘင်မှ ဖိတ်ကြား သဖြင့် မြန်မာ့ တေးသီချင်းများ သွားရောက် ဖျော်ဖြေခွင့် ရခဲ့သည်။
ယခုအခါ ရုပ်ရှင် ဂီတထက် စာပေကို အလေးထား ဆောင်ရွက်ရင်း ဇနီးသည် ဒေါ်အေးအေးမေ (အေးဘုံ)၊ သားသမီးများ ဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်သား ဟူသော သားသမီး လေးယောက်နှင့် အတူ သင်္ကန်းက္ဆွန်း မြို့နယ် သာဓု ရုပ်ရှင်ခြံတွင် နေထိုင်လျက် ရှိသည်။
သုမောင် ရေးသား ပြုစုခဲ့သော စာအုပ်များ
၁။ ကမ္ဘာကြီး တုန်သွားတယ် - ၁၉၈၇ ခုနှစ်
၂။ ကြူကြူပါအောင် ရယ်သည်
၃။ ကွမ်းစကား (ဝတ္ထုတိုပေါင်းချုပ်) - ၁၉၉၉ ခုနှစ်
၎။ ငှက်ကလေးတွေ မောင့်ခေါင်းပေါ်မှာ မင်းခေါင်းပေါ်မှ - ၁၉၈၈ ခုနှစ်
၅။ စာမျက်နှာ (၁၆) (၈/၁၉၇၈)
၆။ ဍရင်ကောက်နှင့် အခြားဝတ္ထုတိုများ - ၁၉၈၃ ခုနှစ်
၇။ နံနက်စာ ဆောင်းပါးပေါင်းချုပ် - ၂ဝဝ၁ ခုနှစ်
၈။ ပင်တိုင်စံ မမောင်းပါဘူးကွယ် - ၁၉၇၇ ခုနှစ်
၉။ မချစ်တတ်တာမဟုတ် မချစ်ချင်တာပါ - ၁၉၈၉ ခုနှစ်
၁ဝ။ ရှင်နေမင်းမှ ပေးသောစာ (ဘာသာပြန်) - ၁၉၇၆ ခုနှစ်
၁၁။ လ - ၁၉၈၁ ခုနှစ်
၁၂။ ဝတ္ထုတိုတပုဒ် ပေးပို့ခြင်း (ဝတ္ထုတိုပေါင်းချုပ်) - ၁၉၈၄ ခုနှစ်
၁၃။ သာဓုနှင့် ကျွန်တော်၏ ဖခင်များအကြောင်း - ၁၉၈၄ ခုနှစ် (ဝတ္ထုတို ပေါင်းချုပ်)
၁၄။ သူ့မောင်မှာ သူ့မောင်မှာ - ၁၉၇၈ ခုနှစ်
၁၅။ သိပ်ချစ်တယ် မဟုတ်လား - ၁၉၇၆ ခုနှစ်
၁၆။ အကယ်ဒမီ - ၁၉၈ဝ ပြည့်နှစ်
၁၇။ အချစ် - ၁၉၇၄ ခုနှစ်
၁၈။ အချစ် (၂) - ၁၉၇၉ ခုနှစ်
၁၉။ အချစ် ငါမသိ - ၁၉၇၈ ခုနှစ်
၂ဝ။ အချစ်စက် - ၁၉၈ဝ ပြည့်နှစ်
၂၁။ အချစ်နှင့် သူ၏ကိုကို - ၁၉၇၉ ခုနှစ်
၂၂။ အချစ်ပွင့်ကလေးများ - ၁၉၇၈ ခုနှစ်
၂၃။ အချစ်လား သူဖျားနေတယ် - ၁၉၈၆ ခုနှစ်
၂၄။ အချစ်သစ်ပင် - ၁၉၇၈ ခုနှစ်
၂၅။ အချစ်၏ နောက်ဆုံးနေ့များ - ၁၉၇၉ ခုနှစ်
၂၆။ အမှိုက်
၂၇။ အရက်သမား အမှားတရာ (ဆောင်းပါးပေါင်းချုပ်)
၂၈။ အရုပ်ကလေး

အခြား စာရေး ဆရာများမနှင့် ပူးတွဲ ရေးသားသော ဝတ္ထုများ

၁။ ကွေ့ မိန်းကလေး ပုံပြင်နှင့် ဘဝရသစာစုများ - ၁၉၉၉ ခုနှစ်
၂။ ငါကွ ခုဆယ်ရာထောင်သောင်း သိန်းသန်းကုဋေ - ၁၉၈ဝ ခုနှစ်
၃။ စာရေးဆရာကြီး ဦးရန်အောင် အလွမ်းပြေ - ၁၉၉၇ ခုနှစ်
၎။ စံပယ်သုံးသုံး - ၁၉၈၁ ခုနှစ်
၅။ ထို့ကြောင့် အချစ်ဟု ခေါ်ပါသည် - ၁၉၈၁ ခုနှစ်
၆။ ပန်းစွယ်တော်ရွက်ကလေး - ၁၉၈၂ ခုနှစ်
၇။ ပန်းယွန်းအိမ် - ၁၉၉၉ ခုနှစ်
၈။ မှတ်မှတ်ရရ ရှုမဝ ဝတ္ထုတိုများ - ၁၉၉၉ ခုနှစ်
၉။ သာဓုအင်ဆန်း (စ်) - ၁၉၇၈ ခုနှစ်
၁ဝ။ သော်တာဆွေ လွမ်းတသ အမှတ်တရ - ၁၉၉၆ ခုနှစ်

http://moemaka.blogspot.com/ မှကူးယူဖော်ပြပါသည်

Sunday, May 16, 2010

ပဲခူးမြို့ရွှေအောင်ရွေးစေတီကုန်တော်ပေါ်က လွန်ဆွဲပွဲ

နေ့သစ်

ပဲခူးမြို့ ရွှေအောင်ရွေးစေတီကုန်တော်ပေါ်မှာ ရပ်ကွက်သူရပ်ကွက်သားတွေက စုပေါင်းပြီး ရဟန်းသံဃာတော်တွေကို ပင့်ဖိတ်လို့ ငါးရံ့ မင်းပရိတ်တွေရွတ်ဖတ် ကြတယ် ရိုးရာဓလေ့ထုံးစံအရ မိုးတွေရွာသွန်းဖြိုးလာအောင် လွန်ဆွဲပွဲကျင်းပကြတယ်။


မြန်မာ့ ရိုးရာဓလေ့ လေး စုစု စည်းစည်း ညီညီ ညာညာ နဲ့  ပေါ့။ ။

အင်းလေးကန်တော်ကြီး ရှိ ဖေါင်တော်ဦးဘုရားအရှေ့မြင်ကွင်း


ယ္ခု ၂၀၁၀ ဧပြီလကုန် အင်းလေးကန်တော်ကြီး ရှိ ဖေါင်တော်ဦးဘုရားအရှေ့မြင်ကွင်း


ယ္ခု ၂၀၁၀ ဧပြီလဆန်း အင်းလေးကန်တော်ကြီး ရှိ ဖေါင်တော်ဦးဘုရားအရှေ့မြင်ကွင်း


၂၀၀၉ ခုနှစ် ဆောင်းတွင်း အင်းလေးကန်တော်ကြီး ရှိ ဖေါင်တော်ဦးဘုရားအရှေ့မြင်ကွင်း

ဓာတ်ပုံ အာကာ

မြန်မာပြည်သူများအား လူသားချင်း စာနာသည့်အနေဖြင့် သောက်သုံးရေများ လှူဒါန်းပေးကြပါ


ပန်းချီ-ဒီဇိုင်း ကိုမျိုး

Saturday, May 15, 2010

ထူးဆန်းပါဘိ

အင်းယားလမ်းမှာလေ
အိမ်ထဲ မှာ နေ
လူသတ် လို့  သေ။

မြန်ပြည် နေ ရင် သူငှာ မသိ
သွားနေလာနေ သတိ
အသက် ဥာဏ် စောင့်တာ ရှိ။

ကြာပြီ လူ မ မိ
အများလူတကာ အ သိ
ထူးဆန်း ပါဘိ။ ။

(မြန်ပြည်သားတွေ ဘေးဘယာ ဝေးကွာလို့  သာယာပျော်ရွှင် နိုင်ကြပါစေ)

မြန်မာပြည်သူပြည်သား ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား……….

အမိမြန်မာပြည်မှ ကျွန်တော်တို့ရဲ့ညီအစ်ကိုမောင်နှမများ၊ မိသားစုများ
လတ်တလော ဖြစ်ပေါ်ခံစားနေရသော ပူပြင်းခြောက်သွေ့မှုဘေးအန္တရာယ်နှင့်
သောက်သုံးရေရှားပါးမှုဒုက္ခများအပြင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့်
ဘေးအန္တရာယ်ဆိုး၊ ရောဂါဆိုးတို့မှ ကင်းဝေးနိုင်ကြစေရန် အမြန်ဆုံး
တတ်စွမ်းသမျှ ကူညီထောက်ပံ့နိုင်စေရေးအတွက် Lotus Foundation
ညီအစ်ကိုမောင်နှမများမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Lotus Foundation ညီအစ်ကိုမောင်နှမများအနေဖြင့် အမိမြန်မာပြည်၌
တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသော ဘေးအန္တရာယ်ဒုက္ခဆိုးတို့မှ အမြန်ဆုံး
ကင်းဝေးနိုင်ကြစေရန်နှင့် အထိရောက်ဆုံးကူညီထောက်ပံ့မှုများကို
အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း
(ရန်ကုန်) မှ ကိုကျော်သူ + မရွေဇီးကွက် တို့နှင့် ဆက်သွယ်ခဲ့ပါသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) အဖွဲ့အနေဖြင့် မနက်ဖြန် (13-05-2010) နေ့တွင်
ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်သို့ သွားရောက်၍ သောက်သုံးရေများကို
စတင်ပေးဝေလှူဒါန်းသွားမည်ဖြစ်ကြောင်းကိုလည်း မရွှေဇီးကွက် ထံမှတဆင့်
စုံစမ်းသိရှိရပါသည်။

ယင်းသို့သောက်သုံးရေပေးဝေလှူဒါန်းသွားမည့်အစီအစဉ်များတွင် Lotus
Foundation အနေဖြင့် ပူးပေါင်းပါဝင်ထောက်ပံ့သွားမည်ဖြစ်ပါသည်။
မရွှေဇီးကွက်မှ နောက်ရက်များတွင်လည်း လိုအပ်မည့်နေရာဒေသအသီးသီးသို့
ဆက်လက်၍ သောက်သုံးရေပေးဝေခြင်းနှင့် လိုအပ်သောကူညီထောက်ပံ့မှုများ
ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း Lotus Foundation
အဖွဲ့တာဝန်ခံသို့ ပြန်လည်ပြောကြားခဲ့ပါသည်။

သောက်သုံးရေပေးဝေခြင်းနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ
ပြုလုပ်ဆောင်ရွက်သွားနိုင်စေရန်အတွက် Singapore မှ လှူဒါန်းငွေများကို
လာမည့် စနေနေ့ (၁၅-၀၅-၂၀၁၀) နေ့မှစ၍ အပတ်စဉ် နာရေးကူညီမှုအသင်း (ရန်ကုန်)
အဖွဲ့သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။

ပါဝင်လှူဒါန်းလိုသော စေတနာရှင် ညီအကိုမောင်နှမများအနေဖြင့် အောက်ဖော်ပြပါ
Lotus Foundation အသင်းဝင် ညီအကိုမောင်နှမများထံသို့
ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မေတ္တာရှေ့ထား၍ နိဗ္ဗာန်အကျိုးမျှော်ကာ
တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

- ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၁၁၉၇၃၆၁
- ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
- ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁
- မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂
ယခုမျက်မှောက်အခြေအနေရဲ့ တစ်စိတ်တစ်ဒေသကိုတော့ အောက်မှာဖော်ပြထားတဲ့ Link
တွေကတဆင့် သိရှိနိုင်ကြပါတယ်။

http://www.irrawaddy.org/bur/index.php/news/1-news/3131-2010-05-11-...
http://moemaka.blogspot.com/2010/05/water-donation-to-local-residen...
http://www.irrawaddy.org/bur/index.php/news/1-news/3120-2010-05-08-...
http://burmese.dvb.no/news.php?id=10804
http://www.mizzimaburmese.com/news/inside-burma/5359-2010-05-11-14-...
http://www.khitpyaing.org/index.php?route=detail&id=654
Lotus Foundation မှတဆင့် ရေအလှူပေးလှူလိုပါက -

- ကိုဝင်းထွန်းဆင့် POSB Savings A/C - 175-43771-1 OCBC Saving A/C - 5535079809
- ကိုအောင်ပြည့်စုံအေး DBS Saving plus A/C - 0206068726
- မခင်မမ POSB Savings A/C - 063-50289-8 သို့ ပေးပို့လှူဒါန်းနိုင်ပါသည်။

Foot note:

Forward မေးလ်မှတဆင့် ပြန်လည်မျှဝေပေးခြင်းပါ။ စင်ကာပူမှ သူငယ်ချင်းများက
Lotus foundation မှတဆင့် ထည့်ဝင် ကုသိုလ်ယူနိုင်သလို မြန်မာနိုင်ငံမှာ
ရှိနေကြတဲ့ သူငယ်ချင်းတို့လည်း နီးစပ်ရာ အဖွဲ့အစည်းများမှ တဆင့်
ဝိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းလိုက်ပါတယ်။

အကျိုးကိုလို၍ လှူဒါန်းခြင်း မဟုတ်သော်လည်း ရေအကျိုး (၁၀) ပါးကို
သိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။ အားလုံးလည်းသိရှိပြီး ဖြစ်မှာပါနော်။
(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

forever မှ သူငယ်ချင်းများအားလုံး ရေလိုအေးချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။

PS

မေးလ်တစ်ခုထဲမှာတော့ ကိုမြင့်ဇော် ( ၀၉၅၀၆၈၀၀၇) ဆိုပြီး
ဖုန်းနံပါတ်တစ်ခုပါလာတယ်။ ဆက်သွယ်မေးမြန်းကြည့်လိုက်ပါ။
ဒါမှမဟုတ်လည်း ရန်ကုန်နာရေးကူညီမှုအသင်းမှာ စုံစမ်းကြည့်ရင် အဆင်ပြေပါလိမ့်မယ်။
ဒီနေ့ညနေ lotus foundation နဲ့ တွေ့ဖို့ အစီအစဉ်ရှိတော့ သူတို့ကို
သေချာမေးပြီး အကြောင်းပြန်ပေးပါမယ်။

Monday, May 10, 2010

အမေရိကန် သံတမန်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ


ဖနိဒါ
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် Mr. Kurt Campbellနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နေ့လည်က တွေ့ဆုံဆွေးနွေးကြသည်။

မစ္စတာ ကမ့်ပ်ဘဲလ်သည် သူ၏ မြန်မာနိုင်ငံ ဒုတိယမြောက်ခရီးစဉ်အဖြစ် ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိကာ ဝန်ကြီးအချို့နှင့်တွေ့ဆုံအပြီး နေအိမ်အကျယ်ချုပ်ကျခံနေရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စိမ်းလဲ့ကန်သာ အစိုးရဧည့်ရိပ်သာတွင် တွေ့ဆုံမှု ဖြစ်သည်။

အမေရိကန်သံရုံးက ဖိတ်ကြားထားသော်လည်း ပြည်တွင်းနှင့် နိုင်ငံခြား သတင်းထောက်များကို ဝင်ခွင့်မပြုဘဲထားခဲ့သည်။

ယနေ့အစောပိုင်းကလည်း Kurt Campbell နှင့် အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးခေါင်းဆောင်သော ဗဟိုအလုပ်မှုဆောင် ၁ဝ ဦးသည် ရန်ကုန်မြို့ရှိ အမေရိကန်သံမှူးကြီး၏ နေအိမ်တွင် ၁ နာရီကြာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ပိတ်ဆို့အရေးယူမှုနှင့်အတူ မြန်မာနှင့် ထိတွေ့ဆက်ဆံရေးမူကျင့်သုံးနေတဲ့ အမေရိကန်သမတ အိုဘားမားရဲ့ပေါ်လစီအောက်မှာ မစ္စတာ ကမ့်ပဲဘဲလ်ဟာ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ်သည် ယမန်နေ့က နေပြည်တော်တွင် နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့် တွေ့ဆုံခဲ့သည်။

မဲဆောက်ဒေသတွင်း .တရားမဝင်မြန်မာအလုပ်သမား ၃၀၀ နီးပါး ထောင်ဒဏ်ချမှတ်ခံရ

ဖြိုးကြီး
.တရားမဝင်မြန်မာအလုပ်သမား ၃၀၀ နီးပါးကို မဲဆောက်တရားရုံးက ယနေ့နံနက်ပိုင်းတွင် ထောင်ဒဏ်များချမှတ်လိုက်သည်။

အဆိုပါ ထောင်ဒဏ်ချမှတ်ခံလိုက်ရသူများမှာ အိုမီဂါစက်ရုံ၊ နွားရုံနှင့် အခြားကျဘန်းအလုပ်သမားများဖြစ်ကြောင်း တရားရုံးသို့ သွားရောက်ခဲ့သူတဦးက ပြောသည်။

“သူတို့ကို ဒီမနက်ဘဲ ရုံးတင်တယ်၊ အဓိက ကတော့ မြန်မာနိုင်ငံကူးမှတ်ပုံတင်မရှိတာရယ်၊ အလုပ်လုပ်ခွင့်လက်မှတ် မရှိတာကြောင့် အခုလိုထောင် (၄၅) ရက် ချလိုက်တာ” ဟု ၎င်းကပြောသည်။


အဆိုပါ တရားမဝင် မြန်မာအလုပ်သမားများကို ထောင်ဒဏ်ကျခံပြီးပါက မြန်မာနိုင်ငံဘက်ကမ်းသို့ ပြန်ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ အလုပ်သမားကို ပြီးခဲ့သည့် စနေနေ့ကတည်းက စတင်ဖမ်းဆီးခြင်းဖြစ်ပြီး အလုပ်ရှင်အနေဖြင့် တဦးလျှင် ဘတ် (၂၀၀၀) ဖြင့် ပြန်လည်ခေါ်ထုတ်သွား၍ ရသော်လည်း အလုပ်သမားအားလုံးအတွက် သူဌေးက ငွေကြေးတက်နိုင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။

“အိုမီဂါစက်ရုံက ဖမ်းတုန်းက အယောက် ၁၂၀ ကျော်တယ်၊ သူဌေးက အယောက် ၁၀၀ ကို လာရွေးသွားတော့ လွှတ်ပေးလိုက်တယ်၊ ကျန်တဲ့ ၂၃ ယောက်လောက်ကတော့ ဒီနေ့ထောင်ချတဲ့ အထဲပါသွားတယ်” ဟု ပြောသည်။

အလုပ်သမားများအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်မလုပ်ကြခြင်းမှာလည်း ငွေကြေးမတက်နိုင်ခြင်းများရှိသည့်အပြင် လက်မှတ်လုပ်ပြီးပါက မြန်မာပြည်တွင် ကျန်ရစ်ခဲ့သည့် မိသားစုများထံ စစ်အစိုးရအာဏာပိုင်များက ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းများ ပြုလုပ်မည်ကို စိုးရိမ်ရသောကြောင့်ဖြစ်သည်ဟုအလုပ်သမားတဦးက ပြောသည်။

ယခုအလုပ်သမားများအား လာရောက်ဖမ်းဆီးသူများမှာ တက်ခ်ခရိုင်မှ အာဏာပိုင်များဖြစ်ပြီး အိုမီဂါစက်ရုံ၊ နွားရုံ၊ စတီးရုံ၊ အမိုးစိမ်းရုံ၊ အမိုးနီရုံ၊ (SSC-၁ )၊ (SSC- ၂) စက်ရုံများအပြင် ကျဘန်း ပန်းရံလုပ်ကိုင်သူများပါဝင်သည်။

မဲဆောက်ဒေသတွင်း ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်နေသည့်အတွက် အချို့စက်ရုံမှ အလုပ်သမားများမှာ ထွက်ပြေးတိမ်းရှောင် နေရလျှက်ရှိသည်။

Sunday, May 9, 2010

ဒုတ်ပြီး ဓားပြီး ပုသိမ်သား

ဒုတ်ပြီး ဓားပြီး ပုသိမ်သား ဆိုလို့  တမျိုး မထင် နဲ့ 
တကယ် သန် မာပြီးဒုတ် တို့  ဓားတို့  သိပ် မကြောက် တဲ့ အရမ်းသန်မှာ တဲ့ ပုသိမ်သား တစ်ယောက် သူ ဖခင် နဲ့  အရက် အတူတူ သောက် ရင်း
စကားပြော အခန့် မသင့်  တော့ နပန်းထ လုံး တော့ သူ ဖခင်က လူကောင် သေးတော့ ရှုံး တာပေါ့....

ဒါနဲ့  ဝိုင်းပြီးသွား တော့ ပုသိမ်သားလည်း မှူးပြီး အိပ် သွားလေရဲ့ 

အဲ ဒီ တော့ မှ သူဖခင် က သူရှုံး တာ ကို သတိ ရပြီး
ဒီကောင် ဒုတ်ပြီး ဓားပြီး တွေ လုပ် ထား တော့ ဒုတ် နဲ့  ဓား နဲ့  တော့ မဖြစ် ဖူး
ဆို ပြီး
ပေါက် တူး ယူပြီး ခေါင်း ကို ရိုက် လိုက် တာ ပွဲချင်းပြီး သေသွားလေ ရဲ့  ။ ။

ဒုတ်ပြီး ဓားပြီး ပုသိမ်သား လဲ ပေါက် တူး မပြီး ဖြစ် သွားလေရဲ့ .....

(အမှန်တကယ် အဖြစ် အပျက် ကို စိတ် မကောင်းစွာ နဲ့  ရေး ဖွဲ့  ပါသည်။ သေရေ သေရက် သောက် စားပြီး ခိုက် ရန် ကင်းဝေးနိုင် ကြပါစေ)

မြန်ပြည်သားတိုင်းသို့  ရိုက်ခတ်သော မြန်ပြည် ရာဇဝင်

မြန်ပြည်သားတိုင်း သိရက် နဲ့  မသိသလို နေ ရင်း လူမိုက် ကို မပေါင်းသင်းလို .လူလိမ်ကို လည်းမပတ်သက် လိုကြပေ။

သို့ သော် နိုင်ငံ တကာကို ပဲ လာလာ ပြည် တွင်းမှာပဲ နေနေ အများတကာနဲ့  ပြောဆို တဲ့  အခါ မင်းတို့  မြန် မာပြည် ဆို တာ
ရွှေးကောက် ပွဲ ကျင်းပ ပြီး အနိုင် ရ တဲ့ အဖွဲ့  အစည်းတွေ ကို လွဲ မပေးတဲ့ တိုင်းပြည် လိမ်တဲ့ သူတွေ စိုးမိုးတဲ့ နိုင်ငံ လေ...

မြန်ပြည် ပတ်စ့်ပို့ စ် ဆို တာနဲ့  မကောင်းတဲ့ သူတွေ မပြော ကြ ပေ မဲ့ ကတိ မတည် တဲ့  လိမ် ညာ တဲ့ မကောင်းတဲ့ တိုင်းပြည် ဆို ပြီး ချက်ချင်း သိ တယ် ဆို ပြီး မြန် ပြည် သား တိုင်း အပေါ် ရိုက်ခတ် လာတဲ့ မလိုချင်ပေမဲ့ ရ ရှိ နေ ရ တဲ့ မြန် ပြည် ရာဇဝင် က........ ထိရှ နေ လေ ရဲ့ ...
ဲမြန် ပြည် သား တိုင်း လိမ် ညာခြင်းကင်း ပြောင်လိမ် ပြောင်စား ကင်းရှင်းလို့  ကတိ တည် နိုင် ကြပါစေ။ ။

Friday, May 7, 2010

နေ့ လင်းနေ

ရောင် နီ လာကို
မိုးသောက် မှ တွေ့  မှာမို့ 
ညဥ့်ဦးယံ ကို ဖြတ်သန်းရစမြဲ လို့ 
လူတိုင်းသိနေ
နေ့ လင်းနေ

Thursday, May 6, 2010

စစ်ဘက် တာဝန်မှ အနားယူလိုက်သူများစာရင်း

ဝန်ကြီးများ

ဗိုလ်ချုပ်ဌေးဦး - လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း - စက်မှု (၂)
ဗိုလ်ချုပ် သိန်းဆွေ - ပို့ဆောင်ရေး

ဗိုလ်မှူးချုပ် လွန်းသီ - စွမ်းအင်
ဗိုလ်ချုပ် အောင်မင်း - ရထားပို့ဆောင်ရေး
ဗိုလ်မှူးချုပ် တင်နိုင်သိန်း - စီးပွား/ကူးသန်း

ဗိုလ်ချုပ် စိုးနိုင် - ဟိုတယ်/ခရီး
ဗိုလ်ချုပ် လှထွန်း - ဘဏ္ဍာ/အခွန်
ဗိုလ်မှူးချုပ် သိန်းဇော် - ဆက်သွယ်ရေး

ဗိုလ်မှူးချုပ် သူရမြင့်မောင် - သာသနာရေး
ဗိုလ်ချုပ် ခင်အောင်မြင့် - ယဉ်ကျေးမှု
ဗိုလ်ချုပ် တင်ထွတ် - သမ၀ါယမ

ဗိုလ်မှူးကြီး သိန်းညွန့် - နယ်စပ်စည်ပင်
ဗိုလ်မှူးကြီး ဇော်မင်း - လျှပ်စစ် (၁)
ဗိုလ်ချုပ် ခင်မောင်မြင့်- ဆောက်လုပ်ရေး၊ လျှပ်စစ် (၂)

ဗိုလ်မှူးချုပ် သူရအေးမြင့် - အားကစား
ဗိုလ်မှူးချုပ် ကျော်ဆန်း - ပြန်ကြားရေး
ဗိုလ်မှူးချုပ် သိန်းအောင် - သစ်တော

ဗိုလ်ချုပ် မောင်ဦး - ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး
ဗိုလ်မှူးချုပ် အုန်းမြင့် - သတ္တုတွင်း
ဗိုလ်ချုပ် မောင်မောင်ဆွေ - လူမှုဝန်ထမ်း

ဗိုလ်မှူးချုပ် မောင်မောင်သိန်း - မွေး/ရေ
ဗိုလ်ချုပ် လွန်းမောင် - စာရင်းစစ်ချုပ်
ဗိုလ်မှူးချုပ် အောင်သိန်းလင်း - ရန်ကုန်မြို့တော်ဝန်

ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန် - မန္တလေး မြို့တော်ဝန်

ဒု-၀န်ကြီးများ

ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကျော် - စက်မှု(၂)
ဗိုလ်ချုပ် ကျော်စွာခိုင် - စက်မှု (၂)
ဗိုလ်မှူးကြီး သူရိန်ဇော် - အမျိုးသားစီမံကိန်း

ဗိုလ်မှူးကြီး ဉာဏ်ထွန်းအောင် - ပို့ဆောင်ရေး
ဗိုလ်မှူးချုပ် တင်ထွန်းအောင် - အလုပ်သမား
ဗိုလ်မှူးချုပ် အောင်မျိုးမင်း - ပညာရေး

ဗိုလ်မှူးချုပ် သန်းဌေး - စွမ်းအင်
ဗိုလ်မှူးချုပ် အောင်ထွန်း - စီးပွား/ကူးသန်း
ဗိုလ်မှူးချုပ် အေးမြင့်ကြူ - ဟိုတယ်/ခရီး

ဗိုလ်မှူကြီး လှသိန်းဆွေ - ဘဏ္ဍာ/အခွန်
ဗိုလ်ချုပ် သိန်းထွန်း - ဆက်သွယ်ရေး
ဗိုလ်မှူးချုပ် သူရအောင်ကို - သာသနာရေး

ဗိုလ်မှူးချုပ် မြင့်သိန်း - ဆောက်လုပ်ရေး
ဗိုလ်မှူးချုပ် ၀င်းစိန် - လူဝင်မှုကြီးကြပ်ရေး
ဗိုလ်မှူးကြီး တင်ငွေ - နယ်စပ်စည်ပင်

ဗိုလ်မှူးချုပ် ၀င်းမြင့် - လျှပ်စစ် (၂ )
ဗိုလ်မှူးချုပ် ဘုန်းဆွေ - ပြည်ထဲရေး
ဗိုလ်မှူးချုပ် ကျော်မြင့် - လူမှုဝန်ထမ်း

ဗိုလ်မှူးကြီး မောင်ပါ - ရန်ကုန် ဒုတိယ မြို့တော်ဝန်

Tuesday, May 4, 2010

ကိုယ်ပိုင် ဘာလို့ ဝယ်မစီးတာလဲ...(၂)

မီးရထား ကို ဘယ် သူ မှ ကိုယ် ပိုင် ဝယ် မစီး ကျဘူး
ရထား လမ်း တွေ က လွယ်လွယ် ဖောက် ပြီး ဝယ် လို့  မှ မ ရတာ...
မြေအောက် ရထား လိုင်း စီးတော့ ရထား စီးရဖို့  အ ရေး စက် လှေကားနဲ့  သွားတာတောင် မြေပေါ်ကနေ သုံးမိနစ် ကြာတယ် တချို့  လိုင်း ဆို သူထက် ပို ကြာသေးတယ်....
အဲ လို မြေအောက် ကို တူး မှ ရထား စီးရမယ် ဆိုရင်...
ကိုယ် ပိုင် ဘယ်သူ က စီးနိုင် မှာလဲ....
..ကိုယ် ပိုင် လုပ်ဖို့  ဆို ပြီး
မြေတူးရင် တောင်
သူများမေး ရင် တော် သေး မမေးရင် တော့...
အဝေစိ နဲ့  မိတ်ဆက်ဖို့  ကိုယ် တွင်းကိုယ်တူးရတယ် လို့ ..

ပျံပါ ချိုးဖြူ

နွေ အကူး
လေ မြူး ကနော့

ကလူကျီ စယ်
မခံသာ တယ်

မိုးမလာ မှီ
ရာသီ ထွေ လီ

နွေလေ ပူ ကို
ရင် တွင်း အေး သလို

မစံ စားလေ သူ
ပျံ နား ပါလေ ရွှေချိုးဖြူ။ ။

Monday, May 3, 2010

စပါးလုံး

စပါးတွေ ကိုရိတ်
စက် ကြီး နဲ့  ကြိတ်
ဆန် မှာ ဖိတ်

ထမင်းကို ချက်စား
စကွဲ ဆို ကြို ထား
စပါးလုံး ဆို တား

ဆန် ကရွှေး ထုတ်
စပါးလုံး ကို
အများကြီး ဆို

စက် မှာပြန် ကြိတ်
ဆန်ပြန် ဖြစ် မှာ
သိရက် နဲ့  လေ

အများသူငှာ
လူသူအများ
ထမင်းမှာ ရှုပ် မဲ့

စပါးလုံး ကို
ဆန်ကရွှေး ထုတ်
အလုပ် ရှုပ် တဲ့

စပါးလုံး အား
စာကလေးစားဖို့ 
လွှတ်ပစ်သည်
မှာဓမ္မတာ တည်း။ ။
(မြန်ပြည် မှ ဆန် တွင် မလို အပ်ပဲ ပါလာသော စပါးလုံး ကို အမှတ်တရ )