ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, September 17, 2010

ရွေးကောက်ပွဲ မလုပ်နိုင်သော ဒေသများ ထွက်လာ

မဇ္ဈိမ
မြို့နယ်ပေါင်း ၃၂ ခုအောက်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကော်မရှင်က နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် ယနေ့ ထုတ်ပြန်လိုက်သည်။

ရွေးကောက်ပွဲ ကျင်းပနိုင်သော အခြေအနေ မရှိဟု ဆိုကာ ကချင်၊ ကယား၊ ကရင်၊ မွန် နှင့် ရှမ်းပြည်နယ်တွင်းရှိ မြို့နယ် ၃၂ မြို့နယ်အောက်မှ ဒေသအချို့တွင် ရွေးကောက်ပွဲ မလုပ်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ကြေညာသွားသည်

ကချင်တွင် ၉ မြို့နယ်၊ ကယားတွင် ၂ မြို့နယ်၊ ကရင်တွင် ၇ မြို့နယ်၊ မွန်တွင် ၂ မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ၁၂ မြို့နယ်တို့ ဖြစ်ပြီး အချို့ မြို့နယ်များတွင် မြို့နယ် တခုလုံးတွင် ရွေးကောက်ပွဲ မလုပ်နိုင်ခြင်း ဖြစ်သည်။


ဧရာဝတီ
ခင်ဦးသာ

မြို့နယ် ၄ ခုနှင့် ကျေးရွာအုပ်စု ၃၀၀ ခန့်တွင် ရွေးကောက်ပွဲ မကျင်းပ


တိုင်းရင်းသား ပြည်နယ် ၅ ခုရှိ မြို့နယ် ၄ ခုနှင့် ကျေးရွာ အုပ်စု ၃၀၀ နီးပါး၌ ရွေးကောက်ပွဲ ကျင်းပပေးခြင်း မပြုလုပ် တော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ လိုက်သည်။

ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန် ပြည်နယ်တို့အတွင်းမှ ကျေးရွာအုပ်စုများနှင့် ရှမ်းပြည်နယ်အတွင်းရှိ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော ၄ မြို့နယ်၌ လုံးဝ ကျင်းပမည်မဟုတ်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ ၄ မြို့နယ်သည် “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ပါဝင်သည်။ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် မြို့နယ် ၆ မြို့နယ် ပါဝင်သည်။

ထိုနယ်မြေများ၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၈ (စ) အရ ရွေးကောက်ပွဲ ပြုလုပ်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေအများစုသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာ ဒေသများ ဖြစ်သည်။

ပြည်နယ် ၅ ခုအနက် ရှမ်းပြည်နယ်တွင် အထက်ပါ ၄ မြို့နယ်အပြင် စုစုပေါင်း ၁၂ မြို့နယ်၊ ကချင်ပြည်နယ်တွင် ၉ မြို့နယ်၊
ကရင်ပြည်နယ်တွင် ၇ မြို့နယ်၊ ကယားပြည်နယ်တွင် ၂ မြို့နယ်နှင့် မွန်ပြည်နယ်ရှိ ဘီလင်း၊ ကျိုက်ထို ၂ မြို့နယ်တို့မှ ကျေးရွာ အုပ်စု ၂၈၆ အုပ်စုတို့တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

မွန်ပြည်နယ်မှ ရွေးကောက်ပွဲမပြုလုပ်တော့သည့် မြို့နယ် ၂ ခုသည် မွန်နိုင်ငံရေး အင်အားစုများ နေထိုင်ရာဒေသ ဖြစ်သည့် အပြင် ၁၉၉၀ ရွေးကောက်ပွဲ၌ မွန်ဒီမိုကရေစီ ခေါင်းဆောင်များ အနိုင်ရခဲ့သည့်နေရာ ဖြစ်သည်။

ကရင်ပြည်နယ်မှ ရွေးကောက်ပွဲ မကျင်းပမည့် ကျေးရွာအုပ်စုများ ပါဝင်သော မြို့နယ် ၇ ခုမှာ မြ၀တီ၊ ကော့ကရိတ်၊
ကြာအင်းဆိပ်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်နှင့် သံတောင်မြို့နယ်တို့ ဖြစ်သည်။

ကရင်ပြည်နယ်မှ ရွေးကောက်ပွဲ မကျင်းပတော့သည့်နေရာတွင် မြ၀တီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄ ခုပါဝင်ပြီး မြ၀တီ ဒေသ၌ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) အဖွဲ့ဝင် များ အခြေစိုက်လျက်ရှိသည်။

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုဟု ကြေညာထားသော ပြည်နယ် ၅ ခုမှ မြို့နယ်ပေါင်း ၃၂ မြို့နယ်၏ ကျေးရွာအုပ်စု အများစု သည် လုံခြုံရေး စိတ်မချရဟု ယူဆရသော်လည်း တချို့သောနေရာ ဒေသများတွင် တည်ငြိမ်အေးချမ်းမှု အပြည့်အ၀ရှိသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌လည်း ငြိမ်းချမ်းမှု မရှိဟု ယူဆသော မဲဆန္ဒနယ် ၇ ခုတွင် ရွေးကောက်ပွဲ မပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment