ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, September 9, 2010

ငွေဈေး ရွှေဈေး ထိုးကျ၊ ရွှေအရောင်းအဝယ်ဆိုင်း

မျိုးသိဏ်း
မဇ္ဈိမ
ငွေလဲနှုန်းနှင့်အတူ ရက်ပိုင်းအတွင်း ထိုးကျလာသည့် ရွှေဈေးနှုန်းကြောင့် မြန်မာရွှေဈေးကွက် အရောင်းအဝယ်အားလုံး ရပ်ဆိုင်းသွားသည်။

စက်တင်ဘာလဆန်းမှစ၍ မြန်မာငွေ မာလာပြီး အမေရိကန်ဒေါ်လာနှင့် အက်ဖ်အီးစီ လဲနှုန်းများ ကျဆင်းခဲ့သဖြင့် ဒေါ်လာနှင့်ချိတ်ထားသည့် ရွှေဈေးနှုန်း ထိုးကျခဲ့သည်ဟု ကုန်သည်များက ပြောသည်။

"မနေ့ (စက်တင်ဘာ ၈) ညနေဈေးပိတ်တော့ ၆၃၂,ဝဝဝ ။ အခုမနက် ဈေးဖွင့်တော့ ၆၂၉,ဝဝဝ။ ဈေးဖွင့်ပြီး တနာရီလောက်ပဲ ရှိသေးတယ် ၆၂၆,ဝဝဝ ဖြစ်သွားပြီ။ ခုလိုဈေးနဲ့ အရောင်းအဝယ်လုပ်လို့မရဘူး။ အသုံးသမားတွေ (လက်ဝတ်တန်ဆာဆင်သူများ) လောက်ပဲ အလုပ်ဖြစ်တယ် " ဟု ရန်ကုန် ရွှေဘုံသာလမ်းမှ ရွှေလုပ်ငန်းရှင်တဦးက ဆိုသည်။

သြဂုတ်လလယ်က စံချိန်တင် အမြင့်ဆုံးဈေးအဖြစ် ကျပ်
ငွေလဲနှုန်း ကျ၍ ကမ္ဘာ့ရွှေဈေး တက်နေသော်လည်း အမေရိကန်ဒေါ်လာ လဲနှုန်းနှင့် ချိတ်ထားသည့် ပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ်နှစ်သောင်းကျော်ကျ
၆၆၇,ဝဝဝ အထိ တက်ခဲ့ပြီးနောက် ပြည်တွင်းရွှေဈေး တကျပ်သားကို ၆ သိန်း ၄ သောင်းအောက် ပြန်ဆင်းမည်မဟုတ်ဟု ရွှေလောကသားတို့ ခန့်မှန်းခဲ့ကြသည်။

"ကမ္ဘာ့ရွှေဈေးက ဒီလဆန်းပိုင်းတက်နေတာ။ ဒီမှာက ဒေါ်လာဈေးကျလို့ လိုက်ကျတာ။ ဒီနေ့ ကမ္ဘာ့ရွှေဈေး ၁,၂၅ဝ ကျော်တယ်။ ဒီဈေးနဲ့ အခုမနက် ဒေါ်လာဈေး ၉၁ဝ တွက်ရင် ခြောက်သိန်းစွန်းစွန်းပဲ ရှိတယ်။ ဒီကဈေးက တသောင်းခွဲ၊ နှစ်သောင်းလောက် မြင့်နေသေးတယ် " ဟု ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ပုံမှန်ရွှေဈေးတွက်နှုန်း { (ကမ္ဘာ့ရွှေတစ်အောင်စဈေး x ဒေါ်လာငွေလဲနှုန်း) / ၁.၈၇၅= မြန်မာ့ရွှေ တစ်ကျပ်သား ပေါက်ဈေး) } တွင် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးအကြား တသောင်းဝန်းကျင်သာ အထက်အောက်ကွာခြားမှုရှိပြီး ထို့ထက်များပါက နယ်စပ်မှတဆင့် ရွှေအဝင်အထွက်ရှိကြောင်း၊ သို့သော် လက်ရှိအချိန်တွင် မြန်မာငွေတန်ဖိုး အပြောင်းအလဲ များနေခြင်းကြောင့် နယ်စပ်ကုန်သည်များလည်း အရောင်းအဝယ် မလုပ်ကြောင်း တာချီလိတ်မှ ရွှေကုန်သည်တဦးက ပြောသည်။

" အခုက မြန်မာငွေဈေး မခိုင်တော့ အားလုံးထိုင်ကြည့်နေကြတယ်။ ငွေဈေးကျတာနဲ့ ဒီနှစ်ရက်သုံးရက် ဘာမှလုပ်မရပဲ တနေ့ ဆယ်သိန်းလောက် ရှုံးနေတယ်" ဟု သူက ဆိုသည်။

ယနေ့ ဒေါ်လာလဲနှုန်း တဒေါ်လာလျှင် ကျပ် ၉၁ဝ ဖြစ်ပြီး အက်ဖ်အီးစီ ရောင်းဈေး ၇၆ဝ ၊ ဝယ်ဈေး ၇၃ဝ ပေါက်သည်။

စက်တင်ဘာလ (၂) ရက်နေ့ကစပြီး ဤနှစ်အတွင်း ပထမဆုံးအကြိမ် အက်ဖ်အီးစီလဲနှုန်း တဒေါ်လာ ကျပ် ၉ဝဝ အောက် စကျခဲ့သကဲ့သို့ လပေါင်းများစွာ ၉၉ဝ ဝန်းကျင်တွင် အတိုးအလျော့ အနည်းငယ်ဖြင့် တည်ငြိမ်နေခဲ့သည့် အမေရိကန် ဒေါ်လာလဲနှုန်းမှာ စက်တင်ဘာ (၆) ရက်နေ့ နောက်ပိုင်း တောက်လျောက် ထိုးဆင်းလာခဲ့သည်။

" ဘာဆက်ဖြစ်ဦးမယ် မှန်းလို့မရတာ။ ကောလာဟလတွေကတော့ စုံနေတာပဲ၊ ၅ဝဝ အထိ ကျမယ်လို့လည်း ပြောနေကြတယ်" ဟု မှောင်ခို ငွေလဲဈေးကွက်တွင်းမှ ကုန်သည်တဦးက ပြောသည်။

ငွေလဲနှုန်း ကျ၍ ကမ္ဘာ့ရွှေဈေး တက်နေသော်လည်း အမေရိကန်ဒေါ်လာ လဲနှုန်းနှင့် ချိတ်ထားသည့် ပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ်နှစ်သောင်းကျော် ကျခဲ့သဖြင့် ယနေ့ အရောင်းအဝယ် ရပ်လုနီးပါး ဖြစ်နေသည်ဟု ရွှေဈေးကွက်က ဆိုသည်။

သွင်းကုန်လိုင်စင် ခွင့်ပြုမိန့် ကြန့်ကြာခြင်းနှင့် သွင်းကုန်ပစ္စည်း ကန့်သတ်မှုများခြင်းက နိုင်ငံခြား တင်ပို့မှုရငွေ တန်ဖိုး (Earning) ကျစေပြီး အကျိုးဆက်အနေနှင့် ဒေါ်လာနှင့် အက်ဖ်အီးစီဈေးနှုန်း ထိုးကျကုန်သည်ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်အချို့က ဝေဖန်နေကြသည်။

No comments:

Post a Comment