ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, October 26, 2010

နိုဝင်ဘာတွင် မုန်တိုင်း လာရန်ရှိသေးဟု ဒေါက်တာထွန်းလွင် ပြော



တက်လူ


ရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာလတွင် မုန်တိုင်းတခု ထပ်ဖြစ်ရန်ရှိနေကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

၂၀၁၀ ပြည့်နှစ်နှင့် သဏ္ဍာန်တူနှစ်များ (analogueyears) ရွေးချယ်လေ့လာမှုအရ နိုဝင်ဘာလအတွင်း မုန်တိုင်းဖြစ်ရန် အလားအလာတွေ့ရှိချက်မှာ (၆၀) ရာခိုင်နှုန်း ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

၎င်းက “နှစ်တွေအားလုံးက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း (၆) ကြိမ်ဖြစ်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ ဂီရိ အပါအ၀င်မှာ ဒီနှစ်ထဲမုန်တိုင်းက (၄) ကြိမ်သာဖြစ်ပါသေးတယ်” ဟု ပြောသည်။

လတ်တလော ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ လေထုမငြိမ်သက်မှုများဖြစ်နေကာ ပင်လယ်ရေအပူချိန် ပြန်လည်မြင့်တက်နေကြောင်း၊ ကပ္ပလီကျွန်းစုဧ။်တောင်ဖက်အစွယ်တွင် ပင်လယ်ရေအပူချိန်များ တက်နေသည်ကို အထူးဂရုပြု စောင့်ကြည့်ရန်လိုနေကြောင်းလည်း ၎င်းကပြောသည်။

“မိုးလေ၀သ သတင်းတွေကို အမှန်အတိုင်း ပြည်သူတွေသိနိုင်ဖို့ ကျနော်ထွန်းလွင်ကလည်း အင်တာနက်မှာ သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ပြနေပါတယ်” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

နိုဝင်ဘာလသည် မြန်မာ့မုန်တိုင်းသမိုင်းတွင် မုန်တိုင်းများဖြစ်တတ်သောလ ဖြစ်ပြီး ထိုလတွင် မြန်မာနိုင်ငံကိုလည်း မုန်တိုင်းဝင်တတ်သောလ ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးကြီးကြောင်း ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်ကစကာ နှစ်စဉ်ဆက်တိုက် မုန်တိုင်းဖြတ်နေပြီး အောက်တိုဘာ (၂၂) ရက်နေ့က ရခိုင်ပြည်နယ်ကိုဝင်ခဲ့သော မုန်တိုင်းနှင့်ဆိုပါက မုန်တိုင်း (၅) လုံးရှိကြောင်း သိရသည်။

၂၀၀၈ခု နှစ်ကတိုက်ခဲ့သော ဆိုင်ကလုန်းနာဂစ်ကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း လူပေါင်းများစွာ သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၂) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှဖြတ်သွားသော ဆိုင်ကလုန်းဂီရိကြောင့် ကျောက်ဖြူ၊ မြေပုံမြို့များ အပျက်စီးများကာ ယင်းမုန်တိုင်းနှင့်ပတ်သက်ပြီး အသေအပျောက်ရှိသည်။

No comments:

Post a Comment