ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, October 1, 2010

မြို့အင်္ဂါနှင့် မညီသည့်ကားများ အမြန်လမ်းပေါ် မတက်ရ


နရီလင်းလက်
အာဏာပိုင်များ၏ ညွှန်ကြားချက် အရ အမြန် လမ်းမကြီးများတွင် မြို့တော် အင်္ဂါရပ်နှင့် မညီသည့် ကားများ ၀င်ရောက် မောင်း နှင်ခြင်းကို ခွင့်မပြုတော့ကြောင်း သိရသည်။

မကြာခင်က ဖောက်ပြီးစီးခဲ့သည့် ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီးတွင်လည်း ပြီးခဲ့သည့် လမှ စတင်ကာ မော်ဒယ် နိမ့်ကားများ ၀င်ရောက်လာမှု မရှိစေရန် ပညာပေးအနေနှင့် စတင်ဆောင်ရွက်နေမူများပြုလုပ်နေကြောင်း နေပြည် တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနမှ ရဲအရာရှိတဦးက ပြောသည်။


ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ညောင်နှစ်ပင် အနီးမှ ရန်ကုန်-နေပြည်တော် ၈ လမ်းသွား လမ်းမကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - flickr/clkr)
“အမြန် လမ်းတွေရဲ့ လမ်းစည်းကမ်း ထဲမှာကို လမ်းပျက်စီး စေမယ့် ကျောက်စရစ်ကား၊ အုတ်ကား၊ သဲကား၊ ထော်လာဂျီ ကြီးတွေ မဖြတ်သန်း စေရဘူး ဆိုတဲ့ဟာ ရှိထားတယ်။ အိမ်စီးကား တွေကတော့ လမ်းမပျက်စီး ပေမယ့် မြို့တော် အင်္ဂါရပ်ကို ထိခိုက်စေမယ် ဆိုပြီး ထပ်ထည့် လိုက်တာ”ဟု သူက ပြောသည်။

အမြန် လမ်းမကြီးများ ဖြစ်သောကြောင့် သတ်မှတ် မိုင်နှုန်းများကို မိုင် ၃၀ ၊ မိုင် ၆၀ ၊ မိုင် ၈၀ သတ်မှတ် ပေးထားကြောင်း သိရ သည်။

“ ကွေ့နေရာတွေဆို မိုင် ၃၀မောင်းဖို့ ၊ လမ်းအဖြောင့်နေရာတွေ ဆိုရင် အမြန်လမ်းလည်းဖြစ်တော့ ခုလို မိုင်နှုန်းတွေ မြှင့်ပေး ထားတယ်။ ဒီလို မြှင့်ပေးထားတဲ့ မိုင်နှုန်းတွေ အတိုင်း မောင်းနိုင်မယ့် ကားတွေပဲ ဖြစ်စေချင်တယ်။ ဒီနှုန်းနဲ့ ဆို မာစတာဂျစ် တွေဆို မောင်းလို့ရပေမယ့် လေးဘီး ဆိုရင်တော့ မောင်းလို့ရမှာ မဟုတ်ဘူး။ ဒီလမ်းမကြီးမှာ ကားပျက်လို့ ရပ်နေရတာမျိုး ဆို ပြဿာနာရှိတယ်လေ၊ ဒါကြောင့် မော်ဒယ်နိမ့်ကားတွေပါ မ၀င်ဖို့ တားမြစ်လိုက်တဲ့ထဲမှာပါသွားတာ ” ဟု နေပြည် တော် စည်ပင်သာယာဌာန မှ အင်ဂျင်နီယာတဦးကလည်း ပြောသည်။

၎င်းက ဆက်လက်၍ “ အမြန်လမ်းစတဲ့ ထောက် ကြန့်နေရာလောက်က စစစ်မှာ။ သတ်မှတ်ပေးထားတဲ့ မိုင်နှုန်းနဲ့ မောင်းလို့ မရလောက်ဘူး။ ယူဆတဲ့ ကားတွေ၊ ဥပမာ- ဟိုင်းလတ်ထဲမှာ ဆိုရင်လည်း နံပါတ် ၇၉ နဲ့ စတာဆို မရဖူး ၉၀ နဲ့ စတာမျိုး၊ အက်စ် အီးကားတွေ ၊ တိုယိုတာထဲမှာ နံပါတ် ပ တွေဆိုမရဘူး ” ဟု ပြောသည်။

အသစ်ဖောက်လုပ်ထားသည့် ကွန်ကရစ်လမ်းမကြီးပေါ်တွင် မြို့တော်အင်္ဂါရပ်နှင့်မညီသည့် မော်ဒယ်နိမ့်ကားများ မောင်းနှင် ပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူသွားမည်ဟုထုတ်ပြန်ထားသည်။

“ လမ်းဖောက်တဲ့ စနစ်ကောင်းမကောင်းတော့ မသိဘူး နေပြည်တော်မှာပဲ ၂၀၀၉ခု နှစ်ထဲမှာ ယာဉ်မတော်တဆ တိုက်မှု ၂၇၉မှု ဖြစ်ခဲ့တယ်။ ဒီ ပြဿနာကို စိစစ်တော့ လမ်းဖောက်တဲ့ နေရာမှာ ကတ္တရာလမ်းမှာ မောင်းရင် ကားဘီးကို ကတ္တရာက ဆွဲထားတဲ့ အားရှိတယ်။ ကွန်ကရစ်လမ်းမှာက ဘီးကိုဆွဲထားတဲ့ အားမရှိဘူး။ ဒီအချက်တွေပါထည့်ပြီး လမ်းအကွေ့တွေမှာ တိမ်းချော်မှုတွေ မရှိအောင် တွက်ချက်ဆွဲရတာ ” ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဌာနမှူးတဦးက ရှင်းပြသည်။

လမ်းဖောက်လုပ်ရာတွင် မောင်းနှင်းသူများအတွက် အကောင်းဆုံးနှင့် အန္တရာယ်အကင်းဆုံးဖြစ်သည့် ကတ္တရာအသုံးမပြုတော့ ဘဲ စရိတ်သက်သာသည့် ကွန်ကရစ်လမ်းများအသုံးပြုဖောက်လုပ်မှုများလာသည်။

“ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြုလုပ်မယ့် ကျောက်မျက်ပြပွဲမှာလည်း နိုင်ငံခြားသားတွေ ပါ လာရောက်မှာဖြစ်တဲ့အတွက် ပုံစံမကောင်းတဲ့ကားတွေကို လမ်းမကြီးတွေပေါ် တက်မလာအောင်လည်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ပညာပေးမှုတွေ ပြုလုပ်နေပါတယ်" ဟု နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြည်တွင်းအခြေစိုက် Weekly Eleven ဂျာနယ်၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးတွင် ရန်ကုန်-နေပြည်တော်လမ်း ပိုင်းနှင့် နေပြည်တော်-မန္တလေးလမ်း ပိုင်းဟူ၍ လမ်းပိုင်း နှစ်ပိုင်း ပါဝင်သည်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးသည် စုစုပေါင်း ၃၅၂ မိုင် ၆ ဖာလုံ ရှည်လျားပြီး အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင် ဖွင့်လှစ်မည် ဟု သိရသည်။

No comments:

Post a Comment