ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, October 2, 2010

လက်ကမ်းစာစောင်များ ဖြန့်ဝေသည့် ကျောင်းသားများကို မတရား ဖမ်းဆီးချုပ်နှောင်

(ကျောင်းသားများ နိုင်ငံရေးသမားများ အသုံးချခံအဖြစ်မှ ကင်းဝေးပြီး လူအခွင့် အရေး အပြည့် အဝ ရ ရှိ နိုင်ပါစေ)
မဇ္ဈိမ

ယခုလအတွင်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူများ အား လှုံ့ဆော်စာများကို မြောက်ဥက္ကလာမြို့နယ်မှ ၁၉ နှစ်မှ ၂၄ နှစ်အကြားရှိ တက္ကသိုလ်ကျောင်းသား ၆ ဦးက ဖြန့်ချိခြင်းသည် အခြေခံအခွင့်အရေးများနှင့်အညီ ဖြစ်သောကြောင့် ဖမ်းဆီးမှု ဖြစ်သည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၁) အပိုဒ် (၃)(ဎ) တွင် ’’ရွေးကောက်မှုဆိုင်ရာ အခွင့်အရေး ဆိုသည်မှာ ရွေးကောက်ပွဲတွင် မဲမပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလိုသည်’’ ဟု ပြဋ္ဌာန်းဖော်ပြခဲ့ပြီး၊ မြန်မာနိုင်ငံ အစိုးရကိုယ်တိုင် ပါဝင်လက်မှတ် ရေးထိုးထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၉) တွင်လည်း ’’လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့် ရှိကြောင်း’’ ဖော်ပြ ရေးထားသည်။

ထို့ကြောင့် လူ့အခွင့်အရေးနှင့်အညီ နအဖ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၌ ပါရှိသည့် ဥပဒေပုဒ်မများအတိုင်း ၂၀၁၀ ရွေးကောက်ပွဲအား မဲမပေးဘဲနေနိုင်ပြီး၊ လက်ကမ်းစာစောင်များ ဖြန့်ဝေသည့် ကျောင်းသားများကို မတရား ဖမ်းဆီးချုပ်နှောင်ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ကျောင်းသားစာရင်း

၁။ သာထူးအောင် (ဘ) ဦးခင်မောင်ဦး၊ အသက် ၂၀ နှစ်၊ ဘီအီး နောက်ဆုံးနှစ်၊ ည ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။

၂။ ဇင်မင်းထက် (ဘ) ဦးအုန်းခိုင်၊ ဒုတိယနှစ် (သမိုင်း) အဝေးသင်၊ ည ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။

၃။ ကျော်သီဟ (ခ) ကျော်ကျော် (ဘ) ဦးညီညီလွင်၊ အသက် ၂၄ နှစ်၊ ၀ိဇ္ဇာ ပထ၀ီ၊ ဋ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။

၎။ ဇာနည်လင်း (ခ) လင်းလင်း (ဘ) ဦးခင်ဇော်၊ အသက် ၂၁ နှစ်၊ နည်းပညာတက္ကသိုလ် မှော်ဘီ၊ ဋ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။

၅။ ကျော်သူစိုး (ခ) အာနိုး (ဘ) ဦးအေးရွှေ၊ အသက် ၁၉ နှစ်၊ ပထမနှစ် ပထ၀ီ အဝေးသင် ဒဂုံတက္ကသိုလ်၊ ဋ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။

၆။ ရဲလင်းဖြိုး (ခ) ကိုဖြိုး (ဘ) ဦးသောင်းမြင့်၊ အသက် ၂၁ နှစ်၊ ပထမနှစ် စီးပွားရေး အဝေးသင် ဒဂုံတက္ကသိုလ်၊ ည ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။

No comments:

Post a Comment