ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, October 5, 2010

သရုပ်ဆောင် ဒေါ်တင်တင်လှ ကွယ်လွန်




နရီလင်းလက်
အမေ ဇာတ်ရုပ်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ၊ အသက် (၆၈) နှစ်သည် အောက် တိုဘာလ ၂ ရက်နေ့ (စနေနေ့) နံနက် (၆း၄၅) က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့ နံနက် (၁၁း၀၀) နာရီက ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ


“နေမကောင်း ဖြစ်တာနဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆေးရုံ စတက်ပြီး ကုခဲ့တယ်။ ဆရာဝန်တွေက ကင်ဆာဖြစ်တယ် လို့လည်း ပြောတယ်။ ဒါနဲ့ လိုအပ်တာတွေ စစ်တော့ ကင်ဆာ မဟုတ်ဘူးလို့ ပြောတယ်။ ဆုံးသွားတဲ့ အချိန်အထိ ဘာရောဂါမှန်း ဆရာဝန် တွေတောင် မသိလိုက်ဘူး” ဟု ဒေါ်တင်တင်လှ၏ သမီး မသီရိအေးက ပြောသည်။

ဆေးရုံ တင်ထားသည့် ၃၊ ၄ ရက်အတွင်း ဆရာဝန်များ ရှာဝယ်ခိုင်းသည့် ဆေးကို ဆေးခန်းများတွင် ၀ယ်မရ၍ အခက်အခဲနှင့် တွေ့ခဲ့ရပြီး နောက်ဆုံး ၀ယ်ယူရခဲ့သည့် ဆေး ၈ လုံးထဲမှ သောကြာနေ့ ညက ၁ လုံးသာ ထိုးလိုက်ရကြောင်း သူက ဆက် ပြောပြသည်။

ရုပ်ရှင်အစည်းအရုံးဝင်ဖြစ်တော့ အမိန့်ပြန်တမ်း ကို လူကြုံနဲ့ ထည့်ပေးလိုက်တယ် ဟု ဆိုသည်။

ဒေါ်တင်တင်လှသည် မင်းသားကြီး ဦးရွှေဘ လက်ထက် ကတည်းက မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သူ တဦးဖြစ်ပြီး နာမကျန်း မဖြစ်မီကာလအထိ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများစွာတွင် မင်းသား၊ မင်းသမီး များစွာ၏ အမေဇာတ်ဝင်ခန်း၊ အဒေါ်ဇာတ်ဝင်ခန်းများတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ကိုကျော်သူ သရုပ်ဆောင်လောကသို့ စတင် ဝင်ရောက်ခဲ့သော စာရေးဆရာမ မအေးလေး၏ ၀တ္ထုကို ရိုက်ကူးထားသည့် “ဥက္ကာ” အမည်ရှိ ဗီဒီယို ဇာတ်လမ်းတွင်လည်း ဒေါ်တင်တင်လှက ကိုကျော်သူ၏ မိခင်အဖြစ် သရုပ်ဆောင်ခဲ့သည်ဟု ကိုကျော်သူက ပြောပြသည်။

ဒေါ်တင်တင်လှသည် ရုပ်ရှင်အစည်းအရုံးဝင် အမေများအဖွဲ့တွင်လည်း ပါဝင်၍ နယ်လှည့် ကပြဖျော်ဖြေခဲ့သူဖြစ်သည်။

ဒေါ်တင်တင်လှ၏ နောက်ဆုံးခရီးကို အမေများအဖွဲ့မှ မိတ်ဆွေရောင်းရင်းများ၊ နာရေးကူညီမှု အသင်းမှ အဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment