ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, October 11, 2010

တရုတ် လူ့အခွင့်အရေးသမားကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်

ဆလိုင်း ဟံသာစန်း

၂ဝ၁ဝ နိုဘယ်ငြိမ်းချမ်းရေးဆုကို တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ အကျဉ်းစံ Lui Xiaobo ကို ချီးမြှင့်ကြောင်း နော်ဝေနိုင်ငံ နိုဘယ်ဆု ချီးမြှင့်ရေးအဖွဲ့က ယနေ့ ကြေညာသည်။

နောက်ဆုံး ဆန်ကာတင် လူ ၂ ဦးနှင့် အဖွဲ့အစည်း ၃ ဖွဲ့ထဲက မစ္စတာ Lui Xiaobo ကို ရွေးချယ်ကြောင်း ယနေ့ နော်ဝေ စံတော်ချိန် မနက် ၁၁ နာရီ တွင် ကြေညာသည်။

“တရုတ်နိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးတွေ
တရုတ်လူ့အခွင့်အရေး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Lui Xiaobo (Photo: Wikidemia Commons)ပြန်လည်ထွန်းကားရေးအတွက် အကြမ်းမဖက်နည်းနဲ့ အကြာကြီး တိုက်ပွဲဝင်နေသူကို ရွေးလိုက်တာပါ” ဟု နော်ဝေအခြေစိုက် ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယခုနှစ်အတွက် လူ ၁၉၉ ယောက်နှင့် ၃၈ ဖွဲ့တို့ကို ပဏာမ စရွေးခဲ့သည်။

Lui သည် တရုတ်နိုင်ငံ ဂျီလင်ပြည်နယ် ချန်ချူးမြို့တွင် ၁၉၅၅ ဒီဇင်ဘာ ၂၈ ရက်တွင် မွေးဖွားပြီး ဂျီလင် တက္ကသိုလ်မှ ၁၉၈၂ တွင် စာပေ (ဝိဇ္ဇာဘွဲ့) ရခဲ့သည်။ ယင်းတက္ကသိုလ်မှပင် ၁၉၈၄ တွင် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ၁၉၈၈ တွင် ပီကင်းတက္ကသိုလ်မှ စာပေဒေါက်တာဘွဲ့ ရသည်။

တရုတ်နိုင်ငံတွင် ဒီမိုကရေစီရေး ပြန်လည်မြှင့်တင်ရန် ပညာရှင်နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ၃ဝ၃ ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် Charter 08 တွင် ပါ၍ Lui ကို တရုတ်အစိုးရက ၂ဝဝ၈ ဒီဇင်ဘာတွင် ဖမ်းပြီး ၂ဝဝ၉ ဒီဇင်ဘာတွင် ထောင် ၁၃ နှစ် ချခဲ့သည်။ ထောင်ကျနေစဉ် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသည်။

ယခုဆုကို ဒိုင်းနမိုက်တီထွင်သူ ဆွီဒင်နိုင်ငံသား အဲဖရက် နိုဘယ်က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ်ဆောင်နေသူများကို ချီးမြှင့်ရန် အခြားဆုများနှင့်အတူ ၁၈၉၅ က သေတမ်းစာရေး၍ ထူထောင်ပေးခဲ့သည်။

2010 Nobel Peace Laureate

No comments:

Post a Comment