ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, November 2, 2010

ကြိုးဖုန်း နယ်အဝေး ခေါ်ဆိုခဈေးတက်...၂၀ တန် ဖုန်းကတ်များ ဖျက်သိမ်းတော့မည်

ဧရာဝတီ
သတင်းတို .
အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) ခေါ်ဆိုခကို ယခင်က ၁ မိနစ်လျှင် ၁၅ ကျပ်နှုန်းဖြင့် မြို့တွင်းနှင့် နယ်အဝေး ဈေးနှုန်းတမျိုးတည်း သတ်မှတ်ထားရာမှ ယမန်နေ့ကစတင်၍ ဂဏန်း ၆ လုံးကျော် ခေါ်ဆိုလျှင် ၁ မိနစ် ၂၅ ကျပ်နှုန်း တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြို့နယ်အလိုက် ဆက်သွယ်ရေး ဌာနများကို ညွှန်ကြားထားပြီး ဖြစ်သော်လည်း ပြည်သူလူထုကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အရာရှိတဦးက ပြောသည်။

လုံခြုံရေးအတွက် စိတ်ချရသော တခါသုံး FEC ၂၀ တန် ဖုန်းကတ်များမှာ ဝယ်ယူသုံးစွဲမှု များပြားသော်လည်း လာမည့် ၁၅ ရက်နေ့မှ စ၍ ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း မိုဘိုင်းဖုန်းကတ် အရောင်းဆိုင်များက ပြောသည်။

No comments:

Post a Comment