ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, November 14, 2010

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းခံမှ ပြန်လွတ်လာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတချို့ကို မူရင်းအတိုင်း ကောက်နှုတ် တင်ပြလိုက်ပါတယ်။

“အဲဒီတော့ အခု ဒီအချိန်မှာ ပြောချင်တာက အသံဆိုတာ ထွက်ရမယ့် အချိန်ရှိတယ်၊ မထွက်ရမယ့် အချိန်ရှိတယ်။ အခုအချိန်မှာ နည်းနည်းလေး မထွက်ဘဲ နေရင် ပြောတာကို ကြားရတာပေါ့။ ထွက်ရမယ့် အချိန်ကျမှ တိတ်တိတ်လေး မနေကြနဲ့နော်။

အဲဒီတော့ အခု ဒီလို လာပြီးတော့ အားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်တယ်။ အနောက်က လူတွေ မကြားရလို့ရှိရင်လည်း နောက်ကျရင် အရှေ့က လူတွေက ပြန်ပြောအုံးမှာပေါ့ နော်။ အဲဒီလို တယောက်နဲ့ တယောက် မျှတတဲ့စိတ် ထားကြမှပေါ့။ အဲဒီတော့ အရှေ့ကလူတွေကလည်း အနောက်ကလူတွေကို ငဲ့ပြီးတော့ တိတ်တိတ်နေမယ်။ အမယ်လေး၊ စစချင်း တခါတည်းကို နိုင်ငံရေး သင်ခန်းစာ ပေးနေရတာပဲ”

တောင်အာဖရိက သမ္မတဟောင်း နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် Frederik Willem de Klerk ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့ရပြီးတဲ့နောက် အခုလို ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အပေါ်မှာ ၀မ်းမြောက် ကြိုဆိုကြောင်းနဲ့ အခုလွတ်မြောက်မှုဟာ ရေရှည် လွတ်မြောက်မှုဖြစ်ဖို့နဲ့ အရင်အကြိမ်တွေတုန်းကလို ပြန်မဖြစ်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။


ဒေါ်အောင်ဆန်းစုကြည် မြန်မာစံတော်ချိန် ၅ နာရီ စွန်းစွန်းမှာ နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်ပါတယ်။ မလွတ်ခင်မှာ ကားသုံးစင်းဟာ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲ ၀င်သွားပါတယ်။ အဲဒီကားတွေ ပြန်ထွက်ပြီး သိပ်မကြာခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့လမ်းမှာရှိတဲ့ အတားအဆီးတွေကို အာဏာပိုင်တွေက ဖယ်ရှားပေးလိုက်ပါတယ်။ ဖယ်ရှားပြီးပြီးချင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ခြံလမ်းထိပ်မှာစောင့်နေကြတဲ့ ထောင်နဲ့ချီတဲ့ လူထုဟာ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ကို အပြေးအလွှား သွားရောက်စုဝေးလိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သိပ်မကြာခင်မှာ သူ့ခြံရှေ့ကိုထွက်ပြီး လူထုကို မိန့်ခွန်းတိုလေး ပြောပါတယ်။


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ဒီကနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် နေအိမ်အထိန်းခံမှ ပြန်လွတ်လာအပြီး

ပြည်သူများ လွတ်မြောက်မှု သင်္ကေတဟု ဒလိုင်းလားမား ပြော
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုဟာ မြန်မာပြည်သူတွေ လွတ်မြောက်မှုရဲ့ သင်္ကေတလို့ တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားတယ်လို့ အိန္ဒိယ ITV သတင်းဌာနက ဒီကနေ့ ဖော်ပြပါတယ်။

နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တွေရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲ တက်ရင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ မိန့်ကြားတာပါ။

ဘုန်းတော်ကြီးက “ဒါဟာ တဦးတယောက်ထဲ လွတ်မြောက်မှု မဟုတ်ပါဘူး။ ဒီမိုကရေစီရေးအတွက် ဘဝကို မြှုပ်နှံထားတဲ့ မြန်မာပြည်သူတွေ လွတ်မြောက်မှုလို့လည်း ထင်မြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ခြင်းဖြင့် မြန်မာအစိုးရရဲ့ ပုံရိပ်လည်း ကောင်းမွန်လာမှာ ဖြစ်လို့ အများကြီး အကျိုးရှိမှာပါ” လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမားက မြန်မာ့ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အတွက် ဝမ်းမြောက်မိကြောင်း အိမ်ဖြူတော်ကနေ ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သားနဲ့ စကားပြော
ဒေါ်အောင်ဆန်းစုကြည်က ဆယ်စုနှစ်တခုကြာ မမြင်တွေ့ရသည့် သူမ၏ သားအငယ် ကင်မ် ခေါ် ကိုထိန်လင်းကို ဒီကနေ့ ဖုန်းနဲ့ စကားပြောခဲ့ပါတယ်။ ကိုထိန်လင်းဟာ မိခင်ဆီ အလည်အပတ် လာရောက်ဖို့အတွက် မြန်မာနိုင်ငံထဲ ပြည်ဝင်ခွင့်ဗီဇာရဖို့ ထိုင်းနိုင်ငံမှာ ကြိုးပမ်းနေပါတယ်။


No comments:

Post a Comment