ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, November 16, 2010

နေပြည်တော် အခြေအနေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် အခြေပြု နအဖတပ်မ ၅၅ လက်အောက်ခံ နည်းဗျူဟာ ၂ ခုကို မြို့တော်သစ် နေပြည်တော်နှင့် ထိစပ်နေသော ကရင်နီပြည် လွိုင်ကော်ဒေသသို့ စေလွတ်လိုက်ပြီး တပ်တချို့မှာ နေပြည်တော်လုံခြုံရေးအတွက် ဖြန့်ကျက်လှုပ်ရှားနေ ကြောင်း စစ်ဘက်သတင်းရပ်ကွက်များမှ တဆင့် သိရသည်။
ကရင်နီပြည်အတွင်း ယခင်သျှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ယလလဖ /SNPLO ) မှ ခွဲထွက်၍ နအဖကို တိုက်ခိုက်နေသည့် ပအိုဝ်း တပ်နှင့်ကရင်နီတပ်များ ပူးပေါင်းလှုပ်ရှားနေရာ နေပြည်တော်လုံခြုံရေးမှာလည်း စစ်ရေးအရ ခြိမ်းခြောက်ခံ နေရသည်ဟု စစ်ဘက်နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မြ၀တီနဲ့ဘုရားသုံးဆူမှာလည်း ပွဲနှစ်ပွဲတိုက်နေရတော့ လန့်နေတယ် နေပြည်တော်ကို ၀င်တိုက်မယ်ဆိုတဲ့ သတင်းလည်း ထွက်တယ် အဲဒါရှေ့ကာဖို့ ထုတ်သုံးတာ အောက်မှာလည်း ရွေးကောက်ပွဲကာလဆိုတော့ ကျန်တဲ့တပ်ထုတ်လို့မရဘူး ကရင်မှာလည်း ပြဿနာပေါ်တော့ ထုတ်လို့မရဘူး ” ဟု သူက ဆိုသည်။

ကရင်နီပြည် လွိုင်ကော်ဒေသသို့ စေလွတ်လိုက်သည့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ၆ ရင်း ကယန်း နှင့်ကရင်နီ စပ်ကြားနယ်မြေတွင် ၀င်ရောက်ရှင်းလင်းနေကြောင်း သိရသည်။

“တပ်မ ၅၅ က ၆ ရင်းစလုံး ထုတ်သုံးပြီ ဗျူဟာ ၂ခုပေါ့ လွိုင်ကော်မှာ ကယန်းဘက်နဲ့ ကယားစပ်ကြားကို ဆင်းတာပေါ့ သျှမ်းဂွင်ထဲက ဦးပန်ဖတို့နားမှာ ဗျူဟာ ၁ ခုပဲ ကျန်တော့တယ်” ဟု သူက ဆိုသည်။

အဆိုပါတပ်များအနက် ခမရ ၅၁၁ ၊ ၅၁၂ နှင့် ၅၁၇ တပ်ရင်းများ ကရင်နီပြည် ရှားတောမြို့နယ်အတွင်းရှိ ပွန်ချောင်း အနီးတစ်ဝိုက် လှုပ်ရှားနေကြောင်း ကရင်နီပြည်ထဲရေးဝန်ကြီး ခူးညေးရယ်က ကန္တာရ၀တီသတင်းဋ္ဌာနသို့ ပြောသည်။

ယခုအခါ မွန်ပြည်နယ် ဘုရားသုံးဆူမြို့တွင်လည်း နအဖနှင့် DKBA တိုက်ပွဲများ အဆုံးမသတ်သေးပဲ နယ်ခြားစောင့် တပ်လက်မခံသည့် သျှမ်းပြည်တပ်မတော်နှင့် နအဖတို့ မိုင်းရှူးမြို့နယ်အတွင်း ယမန်နေ့ညနေပိုင်းက တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင် နှင့် ကေအန်ယူ သီးသန့် တစုံတရာ တိုက်ပွဲများ လှုပ်ရှားမှု မရှိ ဖြစ်ပွားမှု မရှိ ကြောင်း သိရသည်။

DKBAနှင့် ကေအန်ယူက ကူညီ ဖြန့်ကျက်လှုပ်ရှားနေ ကြောင်း သိရသည်။

No comments:

Post a Comment