ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, November 4, 2010

ရွှေးကောက်ပွဲ ကိုယ်စားလှယ်လောင်း များ အသွားအလာ သတိပြုသင့်

ဆက်လင်း
နေပြည်တော်ခရိုင် ဇမ္ဗူသီရိမြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်အေးသည် မင်္သကာဖွယ်ရာ ဆိုင်ကယ် အတိုက်ခံရမှုကြောင့် မဲဆွယ်မှုများ ဆက်မလုပ်နိုင်တော့ကြောင်း သတင်းရရှိသည်။

ပျဉ်းမနားမြို့နယ်တွင်နေထိုင်သူ အသက် ၇၀ ကျော်အရွယ်ရှိ ဦးကျော်အေးသည် အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်း တွင် ပါတီရုံးမှ မိတ်ဆွေတဦးမောင်းနှင်သော ဆိုင်ကယ်နောက်တွင် ထိုင်ပြီးလိုက်လာစဉ် အမည်မသိ ဆိုင်ကယ်သမားတဦးက နောက်မှ ဆိုင်ကယ်ဖြင့်ဝင်တိုက်ပြီး မောင်းပြေးသွားခဲ့သည်ဟု သိရသည်။

ဦးကျော်အေးသည် ဇမ္ဗူသီရိမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးသိန်းစိန် နှင့် ပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်မည့် တဦးတည်းသော ပြိုင်ဘက် ကိုယ်စားလှယ်ဖြစ်သည်။

ဆိုင်ကယ်အတိုက်ခံရမှုကြောင့် ဦးကျော်အေးမှာ လက်နှင့် ဦးခေါင်းတို့တွင် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ဆက်လက်မလုပ်ကိုင်နိုင်တော့ကြောင်း တစညပါတီဝင်တဦးက ပြောသည်။

No comments:

Post a Comment