ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, November 18, 2010

ဦးထွန်းလွင် Website အတွက် ကူညီနိုင်မည့် အိုင်တီ ပညာရှင်များ လိုအပ်

မြန်မာ နိုင်ငံ၏ ရာသီ ဥတု ပြောင်းလဲမှု ဆိုင်ရာ အကြောင်း အရာ လွှင့်တင် ထားသော မိုးလေ၀သ နှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင် ၏ www.tunlwin.com အမည်ရှိ Website အတွက် ကူညီနိုင်မည့် အိုင်တီ ပညာရှင်များ လိုအပ် နေကြောင်း ဒေါက်တာ ထွန်းလွင် က ပြောကြား သည်။ အဆိုပါ Website ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားပြီး စက်တင်ဘာလ မှ စတင် ထုတ်လွှင့် ခဲ့ကြောင်း၊ ယခုအခါ အဆိုပါ Website ကို ရေရှည် အသုံးပြုရန် အတွက် အိုင်တီပညာရှင်များ စက်ပစ္စည်းများလည်း လိုအပ်ကြောင်း၊ မိုးလေ၀သ နှင့် ပတ်သက်၍ ပညာ ဖြန့်ဝေ ပေးလိုကြောင်း၊ မိုးလေ၀သ နှင့် ဇလဗေဒ ပညာရပ်ကို စိတ်ဝင်စားသူ၊ ထက်မြက်မှု ရှိသူ၊ ကျောင်းစာ မှာလည်း ထူးချွန်၍ အဆိုပါ Web site ကို အကူအညီ ပေးနိုင်သူများ လိုအပ်ကြောင်း၊ နာဂစ်မုန်တိုင်းဖြစ် ပြီးနောက်ပိုင်းတွင် ပြည်သူများမှာ မိုးလေ၀သကို စိတ်ဝင်စား လာ ကြခြင်းကြောင့် အဆိုပါ Website ကို ကြိုးစား၍ ရေးသား ထုတ်လွှင့်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ Website မှာ မိုးလေ၀သ နှင့် ဇလဗေဒ ကျွမ်းကျင်သူ ပညာရှင်၏ Website ဖြစ်ခြင်းကြောင့် ရာသီဥတု ပြောင်းလဲခြင်းကို ပြည်သူ လူထု ဆီသို့ သတင်း အချက် အလက်များ အမြန်ဆုံး ပို့ဆောင် နိုင်မည် ဖြစ်၍ လိုအပ်လျှင် အမြန်ဆုံး ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ကြောင်း စာရေး ဆရာမဂျူးက ပြောကြား သည်။ “ အဲဒီ Websiteမှာ မုန်တိုင်း သတင်းကို အချိန်နဲ့ အမျှ ထုတ်ပြန်ပေးတဲ့ အတွက် ကိုယ့် ၀န်ထမ်းတွေကို စောပြီး ပြန်လွှတ်သင့်၊ မလွှတ် သင့် ဆုံးဖြတ် နိုင်တယ်” ဟု ရွှေအမြုတေ စာပေ အနုပညာ မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ဆိုသည်။ အဆိုပါ Website ကို စက်တင် ဘာလတွင် စတင်လွှင့်တင်ခဲ့ပြီး စင်ကာပူ နှင့် အမေရိကန်ပြည်ထောင်စုရှိ လူများ လည်းဝင်ရောက် ကြည့်ရှုကြကြောင်း အောက်တိုဘာလ အတွင်း Website ကို ၀င်ရောက်ကြည့်ရှုသူ ၁၁ သိန်းကျော် ရှိခဲ့ကြောင်း ဒေါက်တာထွန်းလွင်က ပြောကြား သည်။

No comments:

Post a Comment