ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, December 25, 2010

မှတ်မှတ် ရရ အညာ ဘိသိတ်

ကျောင်းကနေ ချောက်မြို့  ကို field ဆင်း ရတယ်။

ကျွန်တော် ရယ် ဆွေကြီး ရယ် နားရက် နံနက်ခင်း တစ်မနက်မှာ

ချောက်မြို့ ဈေးနားက မင်္ဂလာဆောင် ခန်းမ က ဘိသိတ် မြှောက် တာ ကြား ရတော့

ဆွေကြီး က အညာ ဘိသိတ် ဗျ ဘယ်နေရာက နားထောင်ရင် ကောင်းမလဲ။

ကျွန်တော် က ဒီနားက လက်ဖက်ရည် ဆိုင်မှာ နားထောင် မယ်ဗျာ..

ဆွေကြီး က လူရှုပ်တယ် ဗျ

အေးဗျ...

ထိုအချိန် တွင် အရက်ဆိုင် က လူရှင်းနေသဖြင့်

ဒီအရက် ဆိုင်မှာ ပဲ နားထောင် မယ် ဗျာ
ဒါဆို ဘယ်သူ သောက် မှာ လဲ

ကျွန်တော် သောက် မယ် ဗျာ ...
ဆွေကြီး ကောင်းပါ မလား....

မနေ့  ည က အရှိန် ဆက်ကြ တာပေါ့ ဗျာ။
အဲဒါမှ ကြာကြာ ထိုင်လို့  ကောင်းမှာ ။

စားစရာတော့ ခင်ဗျား မှာစား ... အေး ဗျာ ကောင်းတယ်...
မှတ်မှတ်ရရ အညာ ဘိသိတ် ကို အရက်ဆိုင် ကနေ အဆုံးထိ နားထောင်ဖြစ်သွားသည်။

No comments:

Post a Comment