ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, December 31, 2010

skype မှ အိုင်ဖုန်း ဗီဒီယို ခေါ်ဆိုမှု အိုင်ဖုန်း ၄ ပေါ်ပြီး ပိတ်ပစ်

အိုင်ဖုန်း 3GS နှင့် computer တို့ ဖြင့် ဗီဒီယို ခေါ်ဆိုပြော နိုင်ခဲ့  သည်။
အိုင်ဖုန်း 3GS ဖြင့် skype ဗီဒီယို ခေါ်ဆို မှုကို fring အသုံးပြုပြီး ခေါ်ဆို နိုင်ခဲ့သော် လည်း

အိုင်ဖုန်း ၄ ပေါ်ပြီး နောက် skype မှပိတ်ပစ်လိုက်သဖြင့် မိမိ အိမ် မရှိချိန် မိမိ အိမ် အား အိုင်ဖုန်း 3GS ဗီဒီယို ဖြင့် စောင့် မကြည့်နိုင်တော့ပေ။

အင်တာနက် တယ်လီဖုန်း တရုတ်နှိမ်နင်း

ဗွီအိုအေ

အင်တာနက်ပေါ်ကနေ တရားမ၀င် ဖုန်းဆက်သွယ်မှု ၀န်ဆောင်မှု ပေးနေတာတွေကို တရုတ်နိုင်ငံမှာ ပိတ်ဆို့လိုက်ပြီလို့ တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။

လူကြိုက်များပြီး ဈေးသက်သာလှတဲ့ အမေရိကန် ကုမ္ပဏီကြီး SKYPE လို အင်တာနက် ဖုန်းလိုင်း ၀န်ဆောင်မှုကို အသုံးပြုနေကြတဲ့ တရုတ်နိုင်ငံသားတွေ အားလုံးကို ထိခိုက်သွားစေခဲ့ပါတယ်။

တရုတ်ရဲ့ သတင်းဆက်သွယ်ရေး နည်းပညာနဲ့ စက်မှုဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်ထဲမှာ အခုလို ပိတ်ဆို့မယ့် အကြောင်းကို အကျဉ်းရုံးပြီး ဖော်ပြထားပါတယ်။ ဘယ်လို အရေးယူမှုတွေနဲ့ ပိတ်ဆို့မယ်၊ အချိန်ဘယ်လောက် အတောအတွင်းမှာ ပိတ်ဆို့မယ် ဆိုတဲ့ အသေးစိတ်တွေကို ဖော်ပြထားခြင်း မရှိပါဘူး။

တရုတ်အစိုးရဟာ အစိုးရပိုင်ဖြစ်တဲ့ ချိုင်းနား တယ်လီကွန်း ကုမ္ပဏီနဲ့ ချိုင်းနား ယူနီကွန်း ကုမ္ပဏီ နှစ်ခုတို့ကိုပဲ ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး အင်တာနက်ပေါ်ကနေ ဖုန်းဆက်သွယ်မှု ၀န်ဆောင်ပေးခြင်းကို လုပ်ကိုင်ခွင့်လိုင်စင် ပေးထားတာ ဖြစ်ပါတယ်။

ဘေဂျင်း စာတိုက်နဲ့ ကြေးနန်း ဆက်သွယ်ရေး တက္ကသိုလ်ကြီးက ပါမောက္ခ ခန်းခေလီးက ဒီပိတ်ဆို့မှုဟာ SKYPE လို ကုမ္ပဏီမျိုးကို အစိုးရ ကုမ္ပဏီတွေက ဈေးခြင်း မယှဉ်နိုင်လို့ တဖက်သတ် စီးပွားရေးအရ ကာကွယ် ထိုးနှက် တိုက်ခိုက်ခြင်းသာ ဖြစ်ပြီးတော့ အင်တာနက်ဖုန်းကို ဈေးသက်သက်သာသာနဲ့ သုံးစွဲနေကြတဲ့ တရုတ်ပြည်သူတွေမှာသာ နစ်နာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

၂၀၁၀ ဖြတ်သန်းခဲ့သမျှ

အလုပ်သစ်မှာ အဆင်ပြေစွာ ဖြတ်သန်း

သက်ကြီး ပင်စင်ဆန် ငွေကြေးပေးသွင်းဖြစ်

လှူတန်းမှုတိုင်း မှာ ဖြူစင်တဲ့ အသိတွေ ပိုရှိလာ

သင့်အလှူ လူတိုင်း မုဒိသာ မပွားနိုင် သူတွေ့ ရလေ ရဲ့ သို့ သော် တခါတရံ ဥပက္ခာ ဖြင့် ဆက်ရန်သာ အတွေ့ အကြုံသစ် တိုးရင်း စနစ်ကျလာ

စနစ်ကျမှုနောက် မှာ အကြင်နာ မေတ္တာ ပါပြီး ပေးဆပ်မှု က အနှစ်သာရသစ်

နည်းပညာ နောက်က ပျင်းရိမှု ပါ ရရှိလိုက်

အခမဲ့ နည်းပညာ နောက်က အတတ်ပညာ ၊သတိမမှု ဂူမမြင် ကိုလည်းတွေ့ ရ။

နည်းပညာ သစ် ဟန်ဆောင် ကြွားဝါရန်မဟုတ် သုံးတတ်မှသာလျှင်။

မွေးကတည်း က သင်ယူရင်း လေ့လာ လေ့လာရင်း ပေးဆပ် ရယူ။

အခက်အခဲ တချို့  ရှာဖွေ ရင်း၊ ဖြတ်သန်း ရတာ လောက ဂိမ်း က နည်းပညာ ဂိမ်း ထက်နှစ်သက်မိလေရဲ့ ။

တလမ်းသွား လူဘဝ။ကောင်းလည်းကိုယ် မကောင်းလည်းကိုယ်။ ကိုယ်လုပ်တာ ကိုယ်ရမှာပေါ့။

မလုပ်ပဲ ရချင်သူ ဆီမှာ နောင်တတွေ တသီတတန်း တန်းစီနေတာ လည်းတွေ့ နေ ရရဲ့ ။

အေးလေ ၂၀၁၀ တော့ ပြီးတော့ မယ် အားလုံးကောင်းနေလေရဲ့ ။ ။

Tuesday, December 28, 2010

ဟာသ ကို ဟာသ လို့ သာ ဖတ်ပါရန်

ဟာသ များသည် သရော် စာများ မဟုတ်ပါ
ကြားဖူး နားဝရှိသည် များသာ။

ပုသိမ် အသံထွက် မမှန်သည် ကို အောက်သား အသံထွက် မှားဟု သုံးလျှင် မသင့်လျှော် သဖြင့် အညာသား ဟု သုးံခြင်းသာ။
ရန်ကုန်တိုင်း တွင်သာ လူကြီး ခရီးစဉ် များပြားသဖြင့် ရန်ကုန်တိုင်း လူကြီး ခရီး စဉ် ဟု သုံးခြင်းသာ။

မိမိနှစ်သက် သလို ကြားဖူးသလို လဲ မှတ်နိုင်ပါသည် ။
မိမိ စိတ် မိမိ ပိုင်သည်။
လွတ်လပ်စွာ သုံးသတ် ဆုံးဖြတ် နိုင်သည်။

ကျွန်ူပ် မကြား၊မသိ၊မမြင် နိုင်ပါလေ။

နာဂစ် ဘာကြောင့် ဆိုး ဝဲလ်သားစ် မှမလဲ ဘဲကိုး

နာဂစ် မဖြစ် ခင် နှစ် အတော်ကြာကြာက

ရန်ကုန်တိုင်း ကလူကြီးတယောက် က ရေလမ်းခရီးလှည့် လည် ကြည်ရှု ဖို့  ရှိလို့ 

သင်္ဘောမထွက် နိုင်ဘဲ စောင့် နေရစဉ်
မင်းတို့ သင်္ဘောကလည်း ကြာလိုက်တာ ဘာဖြစ်လို့ လည်း

ဝဲလ်သားစ်(weather) မကောင်းလို့  မထွက် နိုင်သေးတာပါ ပြောတော့

မင်းတို့ ကလည်း ဖြုတ်လဲပြီး ထွက် ကွာ။။

သင်္ဘောသမား ငိုရခက် ရီရခက် နဲ့  မသိမသာ နောက်ဆုတ်ခဲ့ရသည်။

....ဒီလို နဲ့  လူကြီးလည်း အငြိမ်းစား ယူပြီး ဝဲလ်သားစ် ကို ရာသီဥတု ပြောမှန်း သိသွားသော် လည်း

နာဂစ်ဖြစ်ပြီး လူ အများအပြားသေဆုံးသော် အခါ .....

အေးလေ ....ငါပြောသားပဲ
မင်းတို့  မြန်ပြည် ဝဲလ်သားစ် အခုထက်ထိ မလဲ နိုင်သေးဘဲကိုး။ ။

အညတရ အိမ်

အမေ့ အိမ်။
လောကအိမ်။
ဘဝအိမ်။

ရောပွန်းနေတာ ကျွန်တော်ရဲ့  အညတရ အိမ်။



(အမေ့ အိမ်။ လောကအိမ်။ ဘဝအိမ်။
တို့  သည် ကဗျာ မဟုတ်ပါ။
ဖြတ်သန်းခဲ့သမျှ ကို ရေးသားထားခြင်းပါ။)

ဘဝ အိမ်

ဘာမသိ ညာမသိကြီးပြင်း၊

မိဘ အားကိုး

ကြိုးစား ရုန်းကန် တက်လှမ်း မှန်မှန်၊

ပျော်ရွှင် မှုအတိ ရှိခဲ့ပါ၏။

မိုက်မဲ မှုတို့  ပြုခဲ့ပါ၏။

ကောင်းမှု အများ လုပ်လျှက် ရှိပါ၏။

ညစ်တွန်း များရှိလဲ မေ့ပစ်မိပါ၏

ပြည့်စုံမှု ရှိပင် ရှိငြား

ပြည့်ဝမှုတို့  လိုအပ်သည် မှာ....

ဖြတ်သန်းတသက်တာ

မီးအိမ်ပမာ လင်းတလှည့် မှိန် တလှည့်

ရှိနေသည်က ဘဝအိမ်။ ။

လောက အိမ်

အဝင် ခက် အထွက် ခက်

အနေ ကျပ် မလွတ်မလပ်

နေမကောင်း လည်း နားမရ။

နေကောင်းလည်း မအားရ။

အချိန် ဖြုံး ချင်သေးတယ် ပြောမရ။

သူမအား ကိုယ်မအား ပျော်ပါးချိန်ဝါးတားတား။

ပျင်း။ပျော်။ပျက်။ တဲ့ လောကအိမ်။ ။

Sunday, December 26, 2010

အမေ့ အိမ်

အမေ့အိမ် ဆိုတာ
ဘယ်အချိန် ဝင် ဝင် ထွက်ထွက် တခါးမရှိ ဓားမရှိ။
အမြဲတမ်း ဖွင့်လျှက်
ခွင့်လွှတ်ခြင်းတွေ
ွ အကြင်နာတွေ
မေတ္တာတွေ အပြည့် ။
ယုံကြည် မှု ပြည့်ဝစွာ နဲ့ 
နွေးထွေးခြင်း
အေးချမ်းခြင်း
ထာဝရ မြဲမြံ နေတာ
...
....ယှဉ်ပြိုင်ဘက်မဲ့
အနှိုင်းမဲ့
ဲ့ အကြွင်းမဲ့
ပြည့်စုံမှု တွေ နဲ့ လိုလေသေးမရှိ တာ
အမေ့ အိမ်။ ။

နှစ်သစ် နီးပြီ

၂၀၁၀ နှစ်ကုန်ဆုံးတော့ မည်။
ရက်အနည်းငယ်သာလိုတော့သည် ။

၂၀၁၀ မှာ ကောင်းတာတွေ ဘာလုပ်ခဲ့ သလဲ။ ။
အကျိုးပြု မှုရော ရှိခဲ့ လား။
တိုးတက် မှုရော...

နည်းပညာ ကတော့ တိုးတက်တော့ အနည်းနဲ့  အများတော့ ထိမိရပါရဲ့ ။

ကမ္ဘာရွာ ကြီး ဖြစ် လာသလို ရှိ ရဲ့  ။

နိုင်ငံ တွေ ခြားနေလဲ မိုဗိုင်းလ်ဖုန်းတွေ တလုံး ကို တလုံး ဖရီးခေါ်လို့  ရလာပြီ။

Saturday, December 25, 2010

မှတ်မှတ် ရရ အညာ ဘိသိတ်

ကျောင်းကနေ ချောက်မြို့  ကို field ဆင်း ရတယ်။

ကျွန်တော် ရယ် ဆွေကြီး ရယ် နားရက် နံနက်ခင်း တစ်မနက်မှာ

ချောက်မြို့ ဈေးနားက မင်္ဂလာဆောင် ခန်းမ က ဘိသိတ် မြှောက် တာ ကြား ရတော့

ဆွေကြီး က အညာ ဘိသိတ် ဗျ ဘယ်နေရာက နားထောင်ရင် ကောင်းမလဲ။

ကျွန်တော် က ဒီနားက လက်ဖက်ရည် ဆိုင်မှာ နားထောင် မယ်ဗျာ..

ဆွေကြီး က လူရှုပ်တယ် ဗျ

အေးဗျ...

ထိုအချိန် တွင် အရက်ဆိုင် က လူရှင်းနေသဖြင့်

ဒီအရက် ဆိုင်မှာ ပဲ နားထောင် မယ် ဗျာ
ဒါဆို ဘယ်သူ သောက် မှာ လဲ

ကျွန်တော် သောက် မယ် ဗျာ ...
ဆွေကြီး ကောင်းပါ မလား....

မနေ့  ည က အရှိန် ဆက်ကြ တာပေါ့ ဗျာ။
အဲဒါမှ ကြာကြာ ထိုင်လို့  ကောင်းမှာ ။

စားစရာတော့ ခင်ဗျား မှာစား ... အေး ဗျာ ကောင်းတယ်...
မှတ်မှတ်ရရ အညာ ဘိသိတ် ကို အရက်ဆိုင် ကနေ အဆုံးထိ နားထောင်ဖြစ်သွားသည်။

Wednesday, December 22, 2010

ဒေါ်အောင်ဆန်းစုကြည်နဲ.တူပါသလား





ဒေါ်အောင်ဆန်းစုကြည်အဖြစ်သရုပ်ဆောင်တဲ. Michelle Yeo ပါ ။ ဒီဇာတ်ကားကို The Lady လို.အမည်ပေးလိုက်ပါပြီ ။ Michelle Yeo ကဒေါ်အောင်ဆန်းစုကြည်နဲ.တူအောင် ၁၀ ပေါင်ဝိတ်ထပ်ချရပါတယ်တဲ့။ ။
မေးလ်ထဲ ရောက်လာတာကို တင်တာပါ။ ။

Tuesday, December 21, 2010

ပုသိမ်မြို့တော်ရှိ ကန်သုံးဆင့် ကန်ကြီးအား အပန်းဖြေ ဥယျာဉ် အဖြစ် အဆင့်မြင့် ပြင်ဆင်ရန် စီစဉ်





ပုသိမ်မြို့တော်ရှိ အထင်ကရ ရှုခင်းသာ နေရာတစ်ခုဖြစ်သော ကန်သုံးဆင့် ကန်ကြီးနှင့် တစ်ဝိုက်ကို ဒေသတွင်း လုပ်ငန်းရှင် ၅ ဦး ပူးပေါင်း၍ အဆင့်မြင့်ပြင်ဆင်ပြီး အပန်းဖြေ ဥယျာဉ် နှင့် ကစားကွင်းအဖြစ် ဖွင့်လှစ်သွားရန် ပြင်ဆင်နေကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောကြားချက်အရ သိရသည်။

ကန်သုံးဆင့် ပါတ်ဝန်းကျင်ကို မြို့နယ်စည်ပင်ထံမှ အဆိုပါ လုပ်ငန်းရှင်များက နှစ်ရှည် ငှားရမ်းကာ ကန်သုံးဆင့် အလယ်ရှိ ယခင် ကန်သာယာ ပန်းခြံကို အပန်းဖြေ ဥယျာဉ်အဖြစ် ပြန်လည် တည်ဆောက်မည် ဖြစ်ပြီး ကျွန်းပါတ်ရထား၊ ခြေနှင်းလှေ စသည်တို့အပြင် ခေတ်မှီကစားကွင်းနှင့် မိသားစု အပန်းဖြေနိုင်ရန် နေရာများ ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

ယခုအခါ ကန်သုံးဆင့် ဝန်းကျင့်ကို အဆင့်မြင့် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်ပြီး တည်ဆောက်ပြီးစီးမည့် အပန်းဖြေ ဥယျာဉ်တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများလည်း ခေါ်ယူနေပြီ ဖြစ်ကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးမှ ဆိုပါသည်။


ပုသိမ် ကန်သုံးဆင့်သည် ပုသိမ်မြို့တော်၏ သာယာ လှပသော ရှုခင်းသာ နေရာတစ်ခုဖြစ်ကာ ယခင်က ကန် သုံးခု၏ အလယ်ကျွန်းတွင် အပန်းဖြေ ဥယျာဉ် တည်ရှိခဲ့သည်။ နောင်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းမှု အားနည်းသောကြောင့် ယိုယွင်းလာပြီး အပန်းဖြေ ဥယျာဉ်သို့ လူသွားလူလာ နည်းလာသည်မှ အပ ကန်သုံးဆင့် ကန်ကြီး၏ ပါတ်ဝန်းကျင်သည် သဘာဝ အလှများဖြင့် သာယာလှပနေဆဲပင် ဖြစ်သည်။

သာယာ လှပသော ကန်သုံးဆင့်နှင့် အနီးတစ်ဝိုက်တွင် ပုသိမ်မြို့တော်၏ အခြား အထင်ကရ နေရာများ ဖြစ်သော ကန်သာယာ ရေကူးကန်၊ ပုသိမ် တက္ကသိုလ် ၊ မဟာဗန္ဓုလ ပန်းခြံ၊ ပုသိမ် ဂေါက်ကွင်း နှင့် ပုသိမ်ဟိုတယ် တို့လည်း တည်ရှိသည်။

Source : http://patheincity.com/news/index.php/2010/12/pathein-kanthonesint-lake/#ixzz18l1bSB3q
မြို့တော်ပုသိမ် သတင်းစဉ်

ပတ်စ်ပို့များ လာရွေးပါ။ ( စင်္ကာပူ )



နေဇော်လင်း ·
စင်္ကာပူသတင်း

ပတ်စ်ပို့များ လာရွေးပါ။

သည်ကနေ့ ကျွန်တော်သံရုံးကို ပတ်စ်ပို့စာအုပ်အသစ်
ထုတ်ရအောင် သွားတော့ သံရုံးမှာ အောက်ပါအတိုင်း
ကြော်ငြာထားတာ တွေ့ခဲ့ရပါတယ်။

စင်ကာပူ ရဲစခန်းမှ အောက်ပါ ပတ်စ်ပို့များကို
မြန်မာသံရုံးသို့ လာရောက်အပ်နှံထားပါသည်။

1. Maung Hla Aye – PP No. 651663

2. Htoo Lin Aung – PP No. 988796

3. May Mya Thida – PP No. A340975

4. Aye Aye Win – PP No. A338392

ကာယကံရှင်များသည် ပတ်စ်ပို့မိတ္တူများနှင့်အတူ
သံရုံးသို့လာရောက် ရွေးယူပါရန်။

မိတ်ဆွေများကို ဆက်လက်ဆင့်ပွား
သတင်းပို့ လိုက်ကြပါခင်ဗျား။


အေးငြိမ်း
၁၇-၁၂-၂၀၁၀
http://myanmarinsingapore.com/

Saturday, December 18, 2010

ပုသိမ်မြို့  မှ Bassein ....Bassein မှ သည် Pathein

မြန်မာ မင်းများ လက်ထက် က ပုသိမ်မြို့  ကို ပုသိမ်မြို့  ဆို ပြီး ခေါ် ခဲ့ လာတာ မျက်နှာဖြူ အင်္ဂလိပ်တွေ မြန်မာပြည် ကို သိမ်းပြီး
ပုသိမ်မြို့  ကို ရောက် တော့
ကုလားဖြူ တွေ က အဖွားကြီး တစ်ရောက် အိမ်ရှေ့ ရောက် တော့
အင်္ဂလိပ်လို တောင်းနိမ်း ဆို ပြီး မြို့ နာမည် မေးသတဲ့

အဖွားကြီး က ဘာတောင်းလဲ ငါမသိဘူး ဆိုလည်းမရဘူး ထွက်မသွားဘူး

သူပြောတာ ကိုယ်နားမလည် ကိုယ်ပြောတာ သူ နားလည် နဲ့ 

အဖွားကြီးလည်း သူ မြေး ဘစိန် ကိုသတိရပြီး

ဘစိန် ကို အော်ခေါ်တော့ တာ ပဲ

အဖွားကြီး က ဘစိန် ရေ ဒီမှာ ဘာတွေ လာ မေးနေ မှန်းမသိဘူး

ဘစိန် ... ဘစိန်....ဘစိန်
ကုလားဖြူ တွေ ကတောင်းနိမ်း တောင်းနိမ်း မေး တုန်း

အဖွားကြီးလည်း ဘစိန် ကို အော်ခေါ်တော့ ...

ကုလားဖြူ တွေ ကတောင်းနိမ်း တောင်းနိမ်း..တောင်းနိမ်း

အဖွားကြီး က ဘစိန် ..ဘစိန် ..ဘစိန်

ဒါနဲ့  ကုလားဖြူ တွေ က ဘဲစိမ်း ဘဲစိမ်း ဘဲစိမ်....ok ... BASSEIN ....BASSEIN ...BASSEIN

ပုသိမ်မြို့  ကို အင်္ဂလိပ် လို ...BASSEIN လို့  ခေါ်တော့ တာ ပဲ...

ဒီလို နဲ့  အုပ်ချုပ်သူတွေ ပြောင်း လာ လိုက် တာ

အထက်လူကြီးတွေ ကို အလုပ် အစီရင် ခံ ရှင်းပြ ရ တာတွေ လုပ် တော့

အုပ် ချုပ်သူ အထက်လူကြီးတွေ ကို ရှင်းပြတော့ အင်္ဂလိပ် လို ပါရှင်းပြကြသတဲ့။
ဲ့
မြန်မာပြည် ကို BURMA, မြန်မာစာ ကို BURMESE ဆို ပြီး အင်္ဂလိပ် လို ညှပ်ညှပ် ရှင်းသတဲ့။

ဒီတိုင်းပြည် BURMA မှာ ပြည်သူပြည်သားတွေ က BURMESE ကို ပဲ အသုံးပြု ပြီး မြစ်ဝကျွန်းပေါ်မှာ ဆို BASSEIN က ထင်ရှား တယ်လို့  ရှင်းပြရတာ ပါလာသတဲ့။

ဒါနဲ့  အုပ် ချုပ်သူ အထက်လူကြီးတွေ က အင်္ဂလိပ် မတတ် တော့ နားမလည် ဖြစ်သတဲ့။

မြန်မာလို အသံ ထွက် နဲ့  အင်္ဂလိပ်လို စာလုံးပေါင်း နဲ့  ရှင်း ဆို ပြီး ပြင် ခိုင်းသတဲ့။

အဲဒါနဲ့  BURMA ကနေ MYANMAR ဆို ပြီးဖြစ်သွားပြီး။

BASSEIN ကို PUTHEIN ဆို ပြီး ပေါင်းတော့

အညာသား အုပ်ချုပ်သူ ကြီး က PU ဆို ရင် ငါအသံ ထွက် ခက် တယ် PA ဘဲ သုံးဆိုလို့ 

အဲလို နဲ့  PATHEIN ဖြစ်သွားတာပဲ....။။။

(ပုသိမ်ကော်လိပ် ဧ။် ကာတွန်းပြကွက် လေး အမှတ်တရ)

Friday, December 17, 2010

နားအေး ပါးအေး

အခုရက် ပိုင်း ဂျပန် မှာ တော် တော် လေး အေး လာတော့ အပြင်ထွက် ရင် တကယ် ကို နားအေး ပါးအေး ပဲ။

လွှတ်တော် ခေါ်တာ နဲ့  တစ်မတ်

အခု ချိန်ထိတော့ နအဖ က ၁၀၀ ရာနှုန်းပြည့် ပိုင်စိုးထားသေးတယ် ။

လွှတ်တော် ခေါ်တာ နဲ့  ၂၅ ရာနှုန်းပဲ ရတော့ မှာ ဆိုတော့

၁၀၀ ရာနှုန်းပြည့် ပြန်လို ချင်ရင် အာဏာ ပြန်သိမ်း ဖို့  ပဲ ရှိတော့ တယ် လွှတ်တော် ခေါ်ဖို့  ကြာ ပြီပေါ့။

ဒါမှ မဟုတ် ကြံ့ဖွံ နဲ့  လက် တွဲ ရင်တောင် ကြံ့ဖွံ နိုင် တာက ၇၅ ရာနှုန်းလောက် ဘယ်လိုပဲ ဖြစ်ဖြစ်...စစ်တပ်ရော ကြံ့ဖွံ ရော ပေါင်း မှ အားလုံး ရဲ့  ၇၅ ရာနှုန်း ဒါတောင် စစ်တပ်ရော ကြံ့ဖွံ တည့် မှ ... ကြံ့ဖွံ က စစ်တပ် ထက် ၂၅ ရာနှုန်း သာနေ တာ ဆိုတော့ စစ်တပ်ကို သြဇာ အာဏာသက်ရောက် မှာလား ဆိုတာကတော့

Thursday, December 16, 2010

နအဖ တပ်ရင်း အင်အား အကြမ်း

လက်ရှိအခြေနေမှာ နအဖ ကြည်းတပ်မှာ ခြေလျှင်၊ ချေမြန် တပ်ရင်းပေါင်း ၄၉၀ အင်အား (၉၀၀၀၀)ခန့်ရှိပါတယ်။

ကရင်ပြည်နယ်မှာ တပ်ရင်း(၁၂၅)ရင်း၊
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှာ တပ်ရင်းပေါင်း(၆၀)၊
ကယားပြည်နယ်မှာ(၄၀)ခန့်၊
ရှမ်းပြည်နယ်မှာ(၈၀)ခန့်၊
ကချင်ပြည်နယ်မှ(၄၅)ရင်းခန့်၊
ချင်းပြည်နယ်မှာ (၂၀)ခန့်၊
ရခိုင်ပြည်နယ်မှာ (၂၀)ခန့်နဲ့ ကျန်တပ်တွေကိုတော့ အရေးအခင်းတွေ ဖြစ်လာနိုင်တယ်လို့ သတ်မှတ်ထားတဲ့ မြို့ကြီးမြိုငယ်ပေါင်း (၁၀၀)ကျော်မှာ တပ်ချထားပါတယ်။
ဝတပ် ၃၀၀၀၀ ကို ဘာမှ မလုပ် ရဲ ဘဲ နေနေရပါတယ်။

ကနေ့ကာလ အရေးခင်းတွေကလည်း အချိန်မရွေးပေါ်လာနိုင်တာရယ်၊ အပစ်ရပ်ဒေသတွေမှာလည်း စစ်ပြေပြင်လို တပ်တွေအမြဲစောင့်ကြည့်နေရပြီး ထုတ်နှုတ်ရန်ခက်တာကြောင့် စစ်ကူပေးဖို့ဆိုတာလည်း အကန့်အသတ်တွေ ကြီးနေပါတယ်။ နအဖ စစ်တပ်က စစ်မျက်နှာ ကို တနိုင်ငံလုံး နှင့် ဖွင့်ထားရသလို ဖြစ်နေပါတယ်။

ဘယ်သူ လဲကွ တို့  မြန်ပြည် ကို တော် လှန်တာ

ဦး ခင်ညွန့်  ဗီဒီယို ဖိုင် မှာ ဦး ခင်ညွန့်  ကပြောတယ် အရင်ကလည်း နိုင်ငံတော် ကို ပုန်ကန်တာလည်း မလုပ်ခဲ့ ပါဘူးတဲ့ အခုလည်း တော်လှန်ပုန်ကန်တာမျိုး လည်း မလုပ် ပါဘူး ဆို တဲ့ စကား မျိုးပြောတာ ဆို တော့

ကဲ ဘယ်သူလဲ ကွ မြန်ပြည် ကို တော် လှန်တာ...

အမှန်တကယ်တော့ မြန်ပြည်သားတိုင်း ကိုယ်နိုင်ငံ ကို တိုးတက်အောင် ကြိုးစား ရင်း အယူအဆ မတူ တာ အကြောင်း အမျိုးမျိုးပြပြီး လုပ်သမျှ ခံ နေ ရတဲ့ သူတွေ မနည်းပါဘူး...

မြန်ပြည်သားတိုင်း မေးကြည့် လိုက် မိမိကောင်းမယ် ထင်တာ လုပ် နေ ကြသူ တွေ ပါပဲ။ ။

ပုသိမ်မြို့ က ပျောက်ဆုံးသွားသော သချိုင်းကုန်း နှင့် ဇရပ်

ပုသိမ်မြို့ က ပျောက်ဆုံးသွားသော သချိုင်းကုန်း ကတော့

ထန်းတစ်ပင် သချိုင်း ကုန်း ယခု စကားဝါ ရပ်ကွက် ကနေ မင်းကြီးလမ်း ကိုထွက် တဲ့ လမ်းပေါ် မှာ ရှိခဲ့ ပြီး။

ဇရပ်ကတော့ မင်းကြီးလမ်း ကနေ ထန်းတစ်ပင် သချိုင်း ကုန်း ကို အသွား လမ်းမှာ ရှိခဲ့ သည်။အဲဒီ လမ်းထိပ်မှာ အရက်ဖြူဆိုင် ကလည်း ရှိ ခဲ့ပါသည်။

မှတ်မှတ် ရ ရ ဆို လို့  ငဝန်ကျွန်းသာ ပြန်ပြီး နေ့ လယ်စာ ပြန်စားတဲ့ ကျောင်းသား တစ်ယောက်က ထန်းတစ်ပင် သချိုင်း ကုန်း က အရိုးခေါင်း တစ်ခု ကို ကျောင်းသားတွေ စဖို့  ဆို ပြီး ယူလာ လို့  လေ။ ၁၉၈၄ ခုနှစ် လောက်ကပေါ့။

၂၀၁၀ ရွှေးကောက်ပွဲ နောက် ဆက်တွဲ အ မှုများစွာ ဖြင့် တရား ရုံးရောက်

၂၀၁၀ ရွှေးကောက်ပွဲ နောက် ဆက်တွဲ အ မှုများစွာ ဖြင့် တရား ရုံးရောက် မြန်ပြည် ကတရား ရုံး ကရော တရား မျှတစွာ တရား စီစဉ် နိုင်မနိုင် ကို စောင့်မျှော် ရန်သာ ...
တရားရုံးက တရားမျှတစွာ မလုပ်လျှင် ရော စဉ်းစား တွေးတော ငေးမော ရမည်လော။ ။

Tuesday, December 14, 2010

တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်မှုတွေကြောင့် နျူကလီးယားစစ်ပွဲ ဖြစ်နိုင်

ဗွီအိုအေ

တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေး လေ့ကျင့်မှုတွေဟာ နျူကလီးယား စစ်ပွဲတခု ပေါ်ပေါက်လာစေနိုင်တယ်လို့ မြောက်ကိုရီးယား နိုင်ငံဘက်က သတိပေးချက်တွေ ထွက်လာအပြီး ချက်ချင်းဆိုသလိုပဲ တောင်ကိုရီးယား နိုင်ငံဘက်က ကမ်းခြေတလျှောက် လက်နက်ကြီးတွေနဲ့ စစ်ရေးပြမှုတွေရဲ့ ဒုတိယ သီတင်းပတ် အစီအစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေနဲ့ မြောက်ကိုရီးယား နိုင်ငံဘက်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နိုင်တာကြောင့် တောင်ကိုရီးယား ပြည်သူတွေကို ထောင်ပေါင်းများစွာရှိတဲ့ မြေအောက် ဗုံးခိုကျင်းတွေထဲကို သွားရောက် ခိုအောင်းနိုင်ဖို့ အစီအစဉ် အပါအ၀င် အရပ်သားတွေ ပါဝင်တဲ့ စစ်ရေးကာကွယ်မှု အစီအစဉ်တွေကိုလည်း တောင်ကိုရီးယား တပ်ဖွဲ့တွေက စီစဉ်နေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံက အခုလို လက်နက်ကြီး လေ့ကျင့်မှုတွေ ဆက်လုပ်တာဟာ သူတို့အခေါ် ကိုးရီးယားကျွန်းဆွယ်အတွက် နျူကလီးယား စစ်ပွဲတခု ပေါ်ပေါက်လာအောင် အခြေအနေ ဖန်တီးမှုတွေ လုပ်တာ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံဘက်က ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ ဒီစစ်ရေးလေ့ကျင့်မှု တခုကိုမှ ကိုရီးယားနှစ်နိုင်ငံ ရေနယ်နိမိတ်နားကို ကပ်ပြီးလုပ်မှာ မဟုတ်ဘူးလို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

လောလောဆယ်မှာတော့ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုဟာ ပိုပြီး အန္တရာယ် ကြီးထွားလာနေတယ်လို့ တနင်္လာနေ့က အီရတ်နဲ့ တွေ့ဆုံရာမှာ ထိပ်တန်း အမေရိကန် စစ်ဘက်အရာရှိကြီး တဦးက ပြောလိုက်ပါတယ်။

ပူးတွဲလေ့ကျင့်ရေး ဥက္ကဋ္ဌ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်မ်ဂျုံအီလ် (Kim Jong-il) ရဲ့ သားကို အာဏာလွှဲပြောင်းဖို့ ပြင်ဆင်နေတဲ့ အချက်ကို ထောက်ပြပြီး အခုလို မှတ်ချက်ချခဲ့တယ်လို့ AP သတင်းဌာနက ကိုးကား ဖော်ပြထားပါတယ်။

ဂီရိလေဘေး ဒေါ်အောင်ဆန်းစုကြည် သိန်း ၁ဝဝ လှူ

မြင့်မောင် .
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဂီရီမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ငွေကျပ်သိန်း ၁၀၀ မနေ့က လှူသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီနှင့် ရွေးကောက်ပွဲ ဝင်ပြိုင်သော တသီးပုဂ္ဂလ ကိုယ်စားလှယ်များလည်း ပါဝင်လှူဒါန်းခဲ့ပြီး စုစုပေါင်း ကျပ်သိန်း ၁၅ဝ ခန့် ရရှိသည်။

မုန်တိုင်းဒဏ်ခံရသူများအတွက် အမိုးအကာနှင့် အစားအသောက်များ ကိုယ်တိုင်သွားလှူရန် စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင် ဦးဆောင်သော အဖွဲ့ ယနေ့နေ့လယ်က ကျောက်ဖြူသို့ ရောက်ရှိလာသည်။

“ အမိုးအကာ လုပ်လို့ရတဲ့ မိုးကာစ အလိပ်ကြီး ၁၃ လိပ်လောက် ဝယ်လာတယ်။ သံဃာတော်တွေအတွက် သင်္ကန်းတွေ ပါတယ်။ အင်္ကျီနဲ့ အဝတ်အစားတွေ ပါလာတယ်” ဟု ဦးအေးသာအောင်က တယ်လီဖုန်းမှ တဆင့် ပြောသည်။

ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောမြို့နယ်များရှိ ရွာများတွင် ရေတွင်းများ တူးပေးရန်လည်း အလှူရှင်များ စီစဉ်ထားသည်။

“တချို့ ရွာစာရင်း မပေါက်တဲ့ ရွာလေးတွေရှိတယ်။ အဲဒီရွာတွေကို ဘယ်အဖွဲ့မှ မကူညီဘူး။ ဘာမှလဲ စားစရာမရှိဘူး။ အဲဒီလို ရွာတွေကို အဓိကထား လှူတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

အောက်တိုဘာ ၂၂ ရက်က ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တောမြို့နယ်များတွင် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ပြီး အနည်းဆုံး လူ ၄၅ ဦး သေကြေ ပျောက်ဆုံးကာ လူ
၁ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ နှင့် မူးယစ်ဆေးဝါး သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ညကလပ် နဲ့  ဘီယာဆိုင် တွေ မှာ မြန်မာပြည် က မူးယစ် ရာဇာ ဝေရှောက်ခမ်း ကို ဖမ်းပေးမယ် ဆို ရင် အမေရိကန် ဒေါ်လာ ၂ သန်း ထိုင်း ဘတ်ဆို ရင် သန်း ၆၀ ကျော် ပေး မယ် ဆို ပြီး ထိုင် အာဏာ ပိုင်တွေ ဖမ်းဝရမ်း လိုက် ကပ်မှုတွေ ပြုလုပ်နေပါတယ်။

ဝေရှောက်ခမ်း ဟာ ဝပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် ယူဒဗလျူ အက်စ်အေ အဖွဲ့  ရဲ့  ထိပ်တန်းခေါင်းဆောင် တစ် ဦး အဖြစ် လူသိများပါသည်။ နအဖ နှင့် ပူးပေါင်း ငြိမ်းချမ်းရေး ယူထားသော အဖွဲ့  ဖြစ်ပါသည်။

ဦးဇော်ဝင်းလှိုင်


ပြီးခဲ့တဲ့တနှစ်အတွင်း မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှု တိုးလာပြီး ပြည်တွင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း ဟာလည်း မြင့်တက်လာတာကို တွေ့ရတယ်လို့ နှစ်စဉ်ထုတ်ဝေတဲ့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု နှိမ်နင်းရေးအဖွဲ့ရဲ့ အစီရင်ခံစာ အသစ်က ပြောပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်က မြန်မာပြည်တွင်း ဘိန်းစိုက်ပျိုးမှု လျော့ကျနေခဲ့ရာက ပြီးခဲ့တဲ့ ၂ နှစ်လောက်အတွင်းမှာ ပြန်များလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အခုလို မြန်မာနိုင်ငံဆိုင်ရာ မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး အစီရင်ခံစာသစ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ထုတ်ပြန်ခဲ့ ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ FCCT နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုနဲ့ ဒေသတွင်း ဖြန့်ချိမှု လေ့လာတွေ့ရှိချက် အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ဒေသလုံးဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်ပိုင်း ထုတ်လုပ်မှုနှုန်း များတဲ့ တိုင်းပြည် တခုချင်းစီအတွက် သီးခြား အစီရင်ခံစာ ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ နိုင်ငံတွေကတော့ လာအိုနဲ့ မြန်မာတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လာအိုနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုရော သုံးစွဲမှုနှုန်းပါ သိသိသာသာ နည်းလွန်းနေတဲ့အတွက် မြန်မာနိုင်ငံ အကြောင်းကိုပဲ အစီရင်ခံစာမှာ အဓိကထား ဖော်ပြထားတာကို တွေ့ရပါတယ်။

အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အမ်ဖက်တမင်း (Amphetamine) လို့ခေါ်တဲ့ စိတ်ကြွဆေး ထုတ်လုပ်မှုနှုန်း ပိုများလာတာကို တွေ့ရပြီး အထူးသဖြင့်တော့ ဘိန်းစိုက်ပျိုးမှုနှုန်းဟာ ရာခိုင်နှုန်းအားဖြင့် သိသိသာသာ မြင့်တက်လာတာကို တွေ့ရတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံးရဲ့ အရှေ့အာရှဆိုင်ရာ ဌာနေကိုယ်စားလှယ် ဂယ်ရီ လူးဝစ်စ် (Gary Lewis) က အခုလို ပြောသွားပါတယ်။

“လွန်ခဲ့တဲ့ ၁ နှစ်၊ ၂ နှစ်အတွင်း မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုနှုန်းဟာ ၂ ဆနီးပါးလောက် မြင့်တက်လာတယ် ဆိုတာကို စစ်တမ်းတွေအရ တွက်ချက်ကြည့်လို့ ရပါတယ်။ ဒါဟာ သိသာလွန်းတဲ့ ပြောင်းလဲမှုဖြစ်ပြီး တခြား မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုတွေဟာလည်း မြင့်တက်လာတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာပြီး အထွက်နှုန်းကလည်း အားကောင်းလာတာကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ နှုန်းယှဉ်လိုက်ရင် မြန်မာနိုင်ငံက ထုတ်လုပ်မှုနှုန်းဟာ ၁၆% လောက် မြင့်တက်လာတာကို တွေ့ရပါတယ်။”

တဘက်မှာ ဘိန်းစိုက်ပျိုးမှုနှုန်း အခုတနှစ်အတွင်း မြင့်တက်လာသလို တခြား မက်သမ်ဖက်တမင်း (Methamphetamine) လို မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေလည်း ၁၄% လောက်အထိ တိုးမြင့် ထုတ်လုပ်လာတာကို တွေ့ရတယ်လို့ UNODC အရှေ့အာရှဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရေး တာဝန်ခံ မစ်စ် ဒီပီကာ နာရူကာ (Ms. Deepika Naruka) က ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်အနည်းအတွင်းကနေ အခုနှစ်ဆန်းပိုင်းအထိ မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ ၅% လောက်သာ ရှိခဲ့ပေမဲ့ အဲဒီကိန်းဂဏန်းတွေဟာ မကြာခင်မှာ ပြောင်းလဲတော့မှာပါ။ အခုနှစ်အတွင်းမှာတင် ထုတ်လုပ်မှုနှုန်းဟာ ၁၄% အထိ မြင့်တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ မက်သမ်ဖက်တမင်း မူးယစ်ဆေးပြားတွေ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတခု ဖြစ်လာတယ် ဆိုတာကို စိတ်ဝင်စားစရာ တွေ့လာရပါတယ်။”

အဲဒီ မက်သမ်ဖက်တမင်း ဆေးပြားတွေကို မြန်မာနိုင်ငံအတွင်းမှာ ၁၉၉၆ ခုနှစ်လောက်က စတင် ဖမ်းဆီးမိခဲ့ပြီး ၂၀၀၉ ခုနှစ်က ဖမ်းဆီးရမိခဲ့တဲ့ ဆေးပြား အရေအတွက်ဟာ ၂၄,၀၀၀,၀၀၀ လောက် ရှိပါတယ်။ ဒါဟာ ၂၀၀၇ ခုနှစ်က ဖမ်းမိခဲ့တဲ့ ဆေးပြားအရေအတွက် ၁,၇၀၀,၀၀၀၊ ၂၀၀၈ ခုနှစ်မှာ ဖမ်းမိတဲ့ ၁,၀၀၀,၀၀၀ သာသာ အရေအတွက်တို့နဲ့ နှိုင်းယှဉ်လိုက်ရင် သိသိသာသာ ခုန်တက်လာတာကြောင့် ကုလသမဂ္ဂအတွက် အထူးစိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ အတည်မပြုနိုင်သေးတဲ့ အစောပိုင်း ရရှိထားတဲ့ စာရင်းတွေ အရတော့ အခုနှစ် ၂၀၁၀ ခုနှစ်မှာ ၁,၇၀၀,၀၀၀ လောက် ဖမ်းမိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပညာရှင်တွေကတော့ အခုလို ဖမ်းမိတဲ့ မူးယစ်ဆေးပြား အရေအတွက် များလာတာဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပြည်ပကို တင်ပို့မှုနှုန်း လျော့ကျသွားတာ မဟုတ်ဘဲ ပြည်တွင်းမှာတင် သုံးစွဲမှုနှုန်း များလာတဲ့ လက္ခဏာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံကထွက်တဲ့ မူးယစ်ဆေးဝါး ပေါင်းစုံဟာ အိမ်နီးချင်း နိုင်ငံတွေတင်သာ မကဘဲ တခြား ဝေးလံခေါင်ဖျားတဲ့ ဒေသတွင်း နိုင်ငံတွေကိုပါ ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်သူ အများစုထံမှာ ကုလသမဂ္ဂက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရကတော့ အများစုဟာ မိသားစု စားဝတ်နေရေးအတွက် တခြား ရွေးချယ်စရာနည်းလမ်း မရှိကြလို့သာ အခုလို စိုက်ပျိုးနေကြရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ကုလသမဂ္ဂ အနေနဲ့ ဒေသခံအစိုးရ အပါအ၀င် ကျေးရွာလူကြီးတွေနဲ့ ပူးပေါင်းပြီး ဘိန်းအဓိက စိုက်ပျိုးတဲ့ ရှမ်းပြည်အတွင်းမှာ ရိက္ခာထောက်ပံ့ရေး အစီအစဉ်တွေကို စတင် လုပ်ဆောင်နေပြီလို့ UNODC ရန်ကုန်ဌာနေကိုယ်စားလှယ် ဂျေစင် အီလိုင်ယာ (Jason Eliagh) က အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ စားနပ်ရိက္ခာ ဖူလုံရေး ကိစ္စတွေကို စလုပ်နေပါပြီ။ ရှမ်းပြည်အတွင်းမှာ အစီအစဉ် ၃ ခုကို စလုပ်နေပါတယ်။ ဒေသခံ အာဏာပိုင်တွေနဲ့ ဆက်ဆံရေး ကောင်းမွန်သလို ရပ်ရွာလူကြီးတွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်ပါတယ်။ နောက် ဘိန်းစိုက်ပျိုးတဲ့ ဒေသတွေမှာ အဓိက လုပ်ဆောင်သင့်တဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်နိုင်အောင် စတင် ကြိုးပမ်းနေကြပါပြီ။ အဲဒီအစီအစဉ်တွေကို ပြီးခဲ့တဲ့ နွေရာသီကမှ စတင် အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံအတွင်းက ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် နှစ်အတော်ကြာ ကြိုးစားလုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း လိုအပ်တဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်နိုင်အောင် နောက်ပိုင်းက ငွေကြေး ထောက်ပံ့မှုတွေလည်း အများအပြား လိုအပ်တဲ့အကြောင်း ထည့်သွင်း ပြောကြားသွားကြပါတယ်။

Sunday, December 12, 2010

မြန်မာသင်္ဘောသား ၂၃ ယောက်ပါ သင်္ဘော ပြန်ပေးဆွဲခံရ


မြန်မာနိုင်ငံသား သင်္ဘောသားတွေ လိုက်ပါလာတဲ့ သင်္ဘောတစင်းကို ဆိုမာလီ ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲသွားခဲ့ပါတယ်။ မြန်မာသင်္ဘောသား ၂၃ ယောက်ပါတဲ့ လိုက်ဘေးရီးယားနိုင်ငံ မှတ်ပုံတင် MV Panama သင်္ဘောကို တန်ဇန်းနီးယား အရှေ့ပိုင်းမှာ သောကြာနေ့က အမြန်ရေယာဉ် ၂ စင်းနဲ့ ဆိုမာလီပင်လယ်ဓားပြတွေက စီးနင်းသိမ်းပိုက်ခဲ့တာလို့ ဥရောပသမဂ္ဂ (EU) ရဲ့ ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် Paddy O’Kennedy က အတည်ပြုပြောဆိုလိုက်တာပါ။

တန်ဇန်းနီးယားနဲ့ မိုဇမ်ဘစ် ၂ နိုင်ငံ နယ်စပ်အရှေ့ပိုင်း ရေမိုင် ၈၀ လောက်အကွာမှာ ရော့ကတ် လက်နက်တွေကိုပါ အသုံးပြုပြီး ပြန်ပေးဆွဲသွားခဲ့တာလို့လည်း ပြောခွင့်ရသူက ကြေညာချက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ တန်ဇန်းနီးယားနိုင်ငံ Dar es Salaam ကနေ မိုဇမ်ဘစ်နိုင်ငံ Beira ကို ဦးတည်မောင်းနှင်နေစဉ် အမေရိကန်ပိုင် ကုမ္ပဏီတခုက ပြေးဆွဲနေတဲ့ ဒီသင်္ဘော တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နောက်ဆုံး အခြေအနေကိုတော့ မသိရသေးဘဲ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ EU ရေတပ်က ပြောဆိုခဲ့ပါတယ်။

ဒါဟာဆိုရင် ဆိုမာလီမြစ်ဝှမ်းဒေသမှာ ပင်လယ်ဓားပြတွေရဲ့ လှုပ်ရှားမှုတွေ ချဲ့ထွင်လာတဲ့ နမူနာတခုဖြစ်တယ်လို့လည်း EU ရေတပ် ပြောခွင့်ရသူက ဆိုပါတယ်။ အိန္ဒိယနိုင်ငံနားမှာ ဒီတပတ်အစောပိုင်းတုန်းက ပြန်ပေးဆွဲခံခဲ့ရတဲ့ သင်္ဘောတစင်းကိုလည်း ဆိုမာလီကမ်းလွန်မှာ မကြာသေးခင်က တွေ့ခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ MV Jahan Moni သင်္ဘောပိုင် ကုမ္ပဏီက ဂြိုဟ်တုဓါတ်ပုံတွေရဲ့ အကူအညီနဲ့ သင်္ဘောရှိရာနေရာကို စနေနေ့ကပဲ အတည်ပြုပြောဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

Friday, December 10, 2010

ဝီကီလိခ် ထောက်ခံသူတွေ အင်တာနက်စစ်ပွဲချဲ့

ဗွီအိုအေ
ဝီကီလိခ် (WikiLeaks) အင်တာနက် ၀က်ဘ်ဆိုက်ဒ်ကို အားပေး ထောက်ခံသူတွေက အင်တာနက်မှာ သတင်းလွတ်လပ်ခွင့်တွေကို ဆန့်ကျင်တယ်လို့ စွပ်စွဲပြီး နောက်ထပ် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Paypal နဲ့ Amazon တို့လို ကုမ္ပဏီတွေကို ထိုးနှက်တိုက်ခိုက်မှုတွေ တိုးမြှင့်လိုက်ပါတယ်။

အမည်မသိအဖွဲ့အဖြစ် သူတို့ကိုသူတို့ ခေါ်တဲ့ အင်တာနက် ထိုးနှက်တိုက်ခိုက်သူ Hackers အုပ်စုက Paypal နဲ့ Amazon အင်တာနက် ၀က်ဘ်ဆိုက်ဒ်တွေကို အချက်အလက် တောင်းခံမှုတွေ အစုလိုက် အပြုံလိုက် ဖြစ်အောင် ၀င်ရောက်ပြီး ထိုးနှက်တိုက်ခိုက်ဖို့ Twitter အင်တာနက် စာမျက်နှာကနေ တိုက်တွန်းလိုက်တာပါ။

ဒါပေမဲ့လည်း ကြာသပတေးနေ့ တိုက်ခိုက်မှုတွေက Amazon ၀က်ဘ်ဆိုက်ဒ် ပျက်သွားတဲ့ အထိတော့ မဖြစ်ခဲ့ပါဘူး။

ဝီကီလိခ်အတွက် ငွေကြေးထောက်ပံ့ ကူညီတဲ့ သူတွေအတွက် ၀န်ဆောင်မှု လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တဲ့ အကြွေးကတ် လုပ်ငန်းတွေဖြစ်တဲ့ Master Card နဲ့ Visa ကုမ္ပဏီတွေအပေါ် လုပ်ဆောင်ခဲ့သလို နောက်ဆက်တွဲ တိုက်ခိုက်မှုမျိုးတွေကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Hackers အုပ်စုရဲ့ ပြောခွင့်ရသူ တယောက်ဖြစ်တဲ့ ဂရက် ဟော့ရှ် (Gregg Housh) ကတော့ ၀ီကီလိခ်ကို အဆက်အဆံဖြတ်လို့ မရဘူးဆိုတာ၊ သူ့စကားအတိုင်းဆိုရင် သင်ခန်းစာ ရသွားအောင် Master Card နဲ့ Visa တို့လို ကုမ္ပဏီတွေကို ပစ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဝီကီလိခ်ဟာ ဥပဒေ တစုံတရာ ချိုးဖောက်တာတွေ မရှိဘူးလို့လည်း ပြောခဲ့တာပါ။

Hackers အုပ်စုက Master Card အကြွေးကတ် နံပါတ်တွေလို့ဆိုတဲ့ အချက်အလက်တွေ စတင်ဖွင့်ထုတ်ခဲ့တဲ့နောက် အင်တာနက် လူမှုကွန်ယက် စာမျက်နှာဖြစ်တဲ့ Twitter ကတော့ ဒီအမည်မသိ အုပ်စုနဲ့ ဆက်စပ်တဲ့ သူတွေရဲ့ စာမျက်နှာတွေကို ပိတ်နေပါတယ်။ ဒါပေမဲ့လည်း ဒီအုပ်စုနဲ့ ပတ်သက်တယ်ဆိုတဲ့ စာမျက်နှာသစ်တွေလည်း ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

ပြည်သူပိုင် မှ ပုဂ္ဂလိပိုင် သို့  ပြောင်းရာ ဝယ်

ပြည်သူပိုင် မှ ပုဂ္ဂလိပိုင် သို့  ပြောင်းရာ ဝယ် ဆို တဲ့ အကြောင်း

အမှန်တကယ် မူလ လက်ဟောင်း ပိုင် ရှင် ထံ ကို ပြန် လွှဲ ပေး တာ ဟုတ် မဟုတ် သိချင် ရင်

ပုသိမ် မြို့  က ကမ်းနားလမ်း ဓါတ်ဆီ ဆိုင် ရယ် ။

အိုးဘိုတန်း လမ်း ထဲ က မူလတန်း ကျောင်း ရယ် မူလပိုင် ရှင် ဟောင်းထံ ပြန် ပေးတယ် ဆို ရင် တော့ ကောင်းတဲ့ သတင်း ဖြစ်မှာ ပါ။
ဓါတ်ဆီ ဆိုင် ရယ် ။ မူလတန်းကျောင်း လေး ရယ် ကပြည်သူ ပိုင်အသိမ်း ခံ ထား ရ တာ တွေ မို့ လို့  ပါ။

ပုသိမ်မြို့  ရဲ့ ညနေဈေး ၊ညဈေး

ပုသိမ်မြို့  ရဲ့  ညနေဈေး၊ညဈေး က ကျွန်တော် ငယ်ငယ်တုန်း က မူလတန်းတက်တုန်း၁၉၇၈-၇၉ က ညဈေးတန်း က အမှတ် ၃ အထက်တန်းကျောင်း နှင့် ယခင် အမှတ် ၄ အထက်တန်းကျောင်း ကြား မှာ ညဈေးတန်း ရှိခဲ့ပြီး။

အလယ်တန်းလောက်လည်းရောက် ရော ညဈေးတန်း က ဆေးရိုးတန်းလမ်း နှင့် စံစီဖိုး လမ်း အကြားရှိ မင်းကြီးလမ်း မ ပေါ်တွင် ရောင်း ချခဲ့ ကြသည်။

အထက်တန်းလည်းရောက် ရော ၁၉၈၈ မတိုင်ခင်မှာ ပဲ ငဝန်ကျွန်းသာ ရပ်ကွက် ထဲ ရောက်သွားတော့သည်။

၁၉၉၀ ကျော် လည်းရောက်ရော နေသာတဲ့ နေ့  တွေမှာ ကမ်းနားလမ်း အရင် ငဝန်စားသောက် ဆိုင် နဲ့  သီတာဦး စားသောက် ဆိုင် ကြား မှာ ညနေခင်း ဈေးခင်း ပေါ်လာ ပါတယ်။

ပုသိမ်မြို့  မှ စာအုပ် အငှား ဆိုင်

ပုသိမ်မြို့  နဲ့  ဝေးကွာ တာ နှစ် တော်တော် ကြာပါပြီ။ ပုသိမ်မှာ ရှိစဉ်တုန်း က ငှားဖတ်ဖြစ်တဲ့ စာအုပ်ဆိုင် အကြောင်း ရယ်...
စာရွက် လေး ဖြဲ တာ နဲ့  အရေးယူခံ ရ တဲ့ စာအုပ် ဆိုင် လေး ကို ရေး မှာပါ။
ငှားဖတ်ခဲ့ဖူးတဲ့ စာအုပ်ဆိုင် လေးတွေ က တော့
ယိုးဒယားကုန်း လမ်းက စိုးမိုးသူ စာပေ။
မကျည်းပင်တန်း လမ်းနားက ပြုံးချို စာပေ။
တံတားကြီးတန်းလမ်း ...ပုသိမ်-မုံရွာ ရေဦး လမ်းမ က ဝင်းလွင် စာပေ။
ကြက်တူရွှေးဈေးနား၊ ရှင်ပင်ဘုန်းပွင့် လမ်းက နဂရ စာပေ။
သီရိဇေယျာ လမ်း ယခု စကားဝါလမ်း က ကြည်နူးရိပ် စာပေ။

အဲ စာရွက်လေးတွေ ဖြဲ လို့  အရေးယူ ခံရတာ က စာအုပ်တွေ မှာ ပါတဲ့ ပထမ စာမျက် နှာ ကို ကျော်ကျော် ဖတ်တာ ကို စေတနာ နဲ့  ဖြဲပေးတာ နှစ် အတော် ကြာ အရေး ယူ ခံရတဲ့ ဆိုင်ကတော့ အိုးဘိုတန်းလမ်း က စာအုပ်ဆိုင်လေးပေါ့။

မန္တလေးတိုင်းမှူးအိမ် မီးလောင်


မင်းနိုင်သူ
မန္တလေးနန်းတွင်းရှိ မန္တလေးတိုင်း ဒေသကြီး အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင်၏ နေအိမ် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။

“၀ါယာရှော့ခ်ဖြစ်ပြီး လောင်တာလို့ မီးသတ်က ပြောပါတယ်။ မီးသတ်ကားတွေကို ဥသြမဆွဲဖို့ အမိန့်ပေးထားတယ်လို့လည်း သိရတယ်” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

ဗိုလ်မှူးချုပ် ရဲအောင်၏ အိမ်မှာ နှစ်ထပ်အိမ်ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ် တခုလုံး ပျက်စီးသွားကြောင်း၊ လောင်ကျွမ်းချိန်တွင် နေအိမ်၌ ဗိုလ်မှူးချုပ် ရဲအောင် မရှိကြောင်း သိရသည်။

မန္တလေးမြို့ခံက “တိုင်းမှူးက မေမြို့ဗိုလ်သင်တန်းဆင်းပွဲလာမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားကြိုနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးလည်း နန်းတွင်းမှာ တည်းဖို့ အစီအစဉ်ရှိတယ်။ အခုဟာက သူ မရောက်သေးခင် လောင်တာပေါ့” ဟု ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် စပ်လျဉ်း၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ဆရာ ပူဇော်ပွဲ သို့  လာရောက် မည့် ရေနံ အင်ဂျင်နီယာ ဆရာကြီးများ

ဆရာ ပူဇော်ပွဲ သို့  လာရောက် မည့် ရေနံ အင်ဂျင်နီယာ ဆရာကြီးများ ဆရာကြီးဒေါက်တာ ကျော်ဝင်း နှင့် ဆရာ ဦးမြင့်စိုး တို့  တက်ရောက်မည် ဖြစ်ပါသည်။

RIT ALUMNI SINGAPORE RE-UNION & SAYA PU ZAW PWE

RIT ALUMNI SINGAPORE RE-UNION & SAYA PU ZAW PWE

19 December 2010 (Sunday)

Events

(1) Saya Ga-Dawt Pwe

Auditorium, Informatics Campus 9 am - 12 noon

10 & 12 Science Center Road

Singapore 609080

Nearest MRT Station: Jurong East

(Within walking distance to Informatics)

Bus Nos Near Informatics Campus: 51, 78, 79, 97, 143, 197,& 198

(2) Re-union Dinner

Orchid Country Club (OCC) 5:30 pm - 10:30 pm

1 Orchid Club Road

Singapore 769162

Tel: (65) 67559811

Note : Free shuttle buses at 15 mins intervals (arranged by OCC) from

Yishun MRT to OCC & OCC to Yishun MRT, morning till 11 pm.

Free return buses from OCC to Yishun MRT & to Jurong East MRT from

10:30 pm onwards (arranged by RIT Alumni Singapore Organising Committee).


Hurry !! Get hold of your Dinner Tickets TODAY



Dinner Tickets are on SALE @ S$ 75/- only



If you are longing to meet your long-lost friends or Sayas,

just don't let go of this opportunity, GRAB IT


Please contact any of our Organising Committee Members to get your Dinner

Tickets in time for the event or by visiting our Website:

www.rit-alumni-singapore.org



Swe Daw Yeik Sar-saung

The Editorial Board of the Swe Daw Yeik Sar-saung 2010 have decided that the deadline date for sending of Articles (in Burmese or English) has been extended for another week to 14 November 2010 (Sunday).

Sayas and all RIT Alums are requested to send in their invaluable contributions of Articles to THE EDITOR at:

e-mail umoe.aung@yahoo.com

Dear Saya / Sayama

RIT Alumni committee cordially invites you to attend Saya Puzawpwe & Reunion Dinner to be held in Singapore.This year event is one Saya Puzawpwe for combined all the majors. Although we want to sponsor (Air ticket, Hotel etc..) for all the teachers from around the world, we are still shortage of Fund collection to date. Committee has decided, we will sponsor fully for certain amount of teachers. Moreover, for this year event, we wish to offer something for those Teachers who will not be able to attend in Singapore. RIT Alumni Singapore committee will offer our assistance in Hotel Reservation and welcoming arrangement at Changi Airport for this year event.
For Teachers from Myanmar
We are arranging with Myanmar committee members to collect Teachers' address, Telphone. We will send the invitation letters to each Teacher when we have address.
For students and family
Please contact the following committee members for the arrangement.
So that we can arrange Dinner Table, Arrival Date & Time for welcoming at Changi Airport etc..

RSVP please contact below.
1. Zaw Win Htut zawwhtut@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it , Ph. (65) 9388 5993
2. Zaw Tun Naing ztnkmyzha@yahoo.comThis e-mail address is being protected from spambots. You need JavaScript enabled to view it , Ph. (65) 96231637

2010 Saya Puzawpwe Committee

Thursday, December 9, 2010

ဝီကီလိခ်ကို ထောက်ခံသူတွေ အင်တာနက်စစ်ပွဲ ဆင်မည်

ဗွီအိုအေ
ဝီကီလိခ် (WikiLeaks) အင်တာနက် ၀က်ဘ်ဆိုက်ကို အားပေးထောက်ခံကြတဲ့ အင်တာနက် ထိုးဖောက်ဝင်ရောက်သူ Hackers တွေက အင်တာနက်စစ်ပွဲ ဆင်နွှဲဖို့ ကြေညာလိုက်ကြပါတယ်။

အချေအတင် ဖြစ်စရာတွေ ကြုံနေရတဲ့ ၀ီကီလိခ် ၀က်ဘ်ဆိုက်အတွက် ၀န်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ပေးဖို့ ငြင်းဆန်ခဲ့ကြတာကို တုံ့ပြန်တဲ့ အနေနဲ့ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ Hackers တွေက နာမည်ကျော် Credit အကြွေးကတ် ကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တဲ့အထိ ထိုးနှက် တိုက်ခိုက်ခဲ့ကြတာပါ။

အကြွေးဆပ်တဲ့ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ တိုက်ခိုက်မှုရဲ့ နောက်တဆင့်အဖြစ်နဲ့ Visa အကြွေးကတ် ကုမ္ပဏီရဲ့ ၀က်ဘ်ဆိုက်ကို တိုက်ခိုက်ဖို့ လက်နက်တွေ အသင့်ပြင်ထားကြဆိုပြီး အမည်မသိ အဖွဲ့အဖြစ် အမည်ပေးထားတဲ့ ဒီအုပ်စုက Twitter အင်တာနက် ၀က်ဘ်ဆိုက်ပေါ်မှာ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။

အချက်အလက် တောင်းခံမှုတွေ စုပြုံဝင်ရောက်လာပြီး ဗုဒ္ဓဟူးနေ့ တနေ့လုံးနီးပါး လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တဲ့အထိ MasterCard အကြွေးကုမ္ပဏီကို တိုက်ခိုက်မှုဟာလည်း သူတို့လက်ချက် ဖြစ်တယ်လို့ ဒီအုပ်စုကပဲ ပြောဆိုခဲ့တာပါ။

အမေရိကန် သံတမန် ဆက်သွယ်မှု လျှို့ဝှက်မှတ်တမ်းတွေကို ဖွင့်ချခဲ့တဲ့အတွက် နိုင်ငံရေးအရ အပြင်းအထန် ဖိအားပေး ခံနေရစဉ် Visa နဲ့ Master Card ကုမ္ပဏီတွေက ၀ီကီလိခ်ကို လှူဒါန်းနေတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးတော့မှာ မဟုတ်တဲ့အကြောင်း ကြေညာခဲ့ကြပါတယ်။

ဝီကီလိခ်က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့တဲ့ လျှို့ဝှက် စာတစောင်ထဲမှာတော့ ဒီနှစ် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလထဲမှာတုန်းက MasterCard နဲ့ Visa အကြွေးကတ်ပြား ကုမ္ပဏီတွေရဲ့ ကိုယ်စားအဖြစ်နဲ့ ရုရှားနိုင်ငံက အသစ်ပြဋ္ဌာန်းဖို့ ရှိနေတဲ့ ဥပဒေက ဒီလုပ်ငန်းတွေကို မထိခိုက်စေရေး အမေရိကန် တာဝန်ရှိသူတွေက ကြားဝင်စေ့စပ်ခဲ့ဖူးကြောင်း ဖော်ပြခဲ့တာပါ။

ဒေါ်လာဈေးကျ၊ ရွှေဈေးကျ


ဖနိဒါ .
ရန်ကုန်တွင် အမေရိကန်ဒေါ်လာဈေး တရိပ်ရိပ်ကျဆင်းနေရာ ယနေ့ ပျှမ်းမျှ တဒေါ်လာလျှင် ၈၈၅ ကျပ်သာ ဈေးပေါက်တော့သည်။

ပန်းဘဲတန်းမှ ငွေလဲသူတဦးက တဒေါ်လာလျှင် ၈၈၅ ကျပ်ရောင်းပြီး ၈၈၀ ဖြင့် ဝယ်သည်ဟု ပြောသည်။

ဇူလိုင်လအတွင်းက တဒေါ်လာလျှင် ၉၉၀ အထိဈေးပေါက်ခဲ့သည်။

FEC ဈေးနှုန်းကလည်း ပြင်ပပေါက်ဈေး တယူနစ်လျှင် ယခင် အပတ်က ၈၄၀ ရှိခဲ့ရာမှ ယနေ့ ၈၂၀ နှင့် ရောင်းနေကြသည်။

ရွှေဈေးကတော့ မနေ့ကထက် တကျပ်သားကို ၅ ထောင်နီးပါး ပြန်ကျပြီး ၆၆,၃၅၀၀ ဈေးပေါက်နေသည်။

လောင်ကျွမ်းအား ပိုကောင်းသော အောက်တိန်းဓာတ်ဆီဈေးကတော့ တဂါလံလျှင် ကျပ်၃၂၀၀ မှ ၃၃၀၀ သို့ မြင့်တက်သွားသည်။

ထိုဓာတ်ဆီများကို ယခင် FEC ဖြင့်သာ ဝယ်ယူသုံးစွဲခွင့်ရသော်လည်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှု ပုဂ္ဂလိကသို့ လွှဲပေးလိုက်ပြီးနောက် ကျပ်ငွေဖြင့် ဝယ်ယူခွင့် ပြုသည်။

Tuesday, December 7, 2010

Google က အိုင်ဘွတ် ကိုပြိုင်မဲ့ ebook လာပြီ www.books.google.com

Google က အိုင်ဘွတ် ကိုပြိုင်မဲ့ ebook လာပြီ
www.books.google.com


- Posted using BlogPress from my iPhone

Sunday, December 5, 2010

အိုင်ဖုန်း လေး ဘက်ထရီ ကြာကြာ သုံးရအောင်

ဘက်ထရီ အမျိုးအစား
Built-in rechargeable lithium-ion battery
အားသွင်းလိုလျှင် USB to computer system သို့ မဟုတ် power adapter
စကားပြောချိန် ....3G ဆိုလျှင် ၇ နာရီ
2G ဆိုလျှင် ၁၄ နာရီ


ပုံမှန် ဘာမှ မသုံးလျှင် ၃၀၀ နာရီ

အင်တာနက် အသုံးပြုလျှင် 3G ဆိုလျှင် ၆ နာရီ
Wi-Fi ဆိုလျှင် ၁၀ နာရီ

ဗီဒီယို ကြည့် လျှင် ၁၀ နာရီ
သီချင်း နားထောင် လျှင် ၄၀ နာရီ

ဘက်ထရီ ကြာကြာ မခံ တာတွေ ဖြစ် တာ နောက်ပိုင်း အပ်စ်ဒိတ် လုပ် ရင် တွေ့  ရ ပါတယ် ဖြစ် တာ က multitasking တွေ အလုပ်လုပ် နေလို့ ပါ။ဖုန်းကို မသုံး သော်လည်း အမြဲ အလုပ်လုပ် နေ လို့  ပါ ။
ဒါတွေ ကို ပိတ်ပေးဖို့  လိုပါတယ်။

သူကို ပိတ်ချင်ရင် home ဘော်တွန် ကို နှစ် ခါ နှိပ်ရပါတယ်။
အဲဒီမှာ အောက် မှာ အလုပ်လုပ်နေ တဲ့ multitasking တွေ အများကြီး ပေါ်လာပါတယ် ပေါ်လာဟာတွေ ကို အနည်းငယ် ထိလိုက် လျှင် အနီရောင် အနူတ် လေးတွေ ပေါ်လာပြီး တစ်ခုပြီးတစ်ခု လိုက် ပိတ် ရပါမည်။

ဘက်ထရီအစား လုံးဝသက်သာ သွား ပါမည်။
(မသိသေးသူများ အတွက် နှင့် အင်တာနက် မက်စင်ဂျာ နှင့် ဂျီတော့စ် အမြဲ ဖွင့်ထား နိုင် ရန် သာ ရည်ရွယ် ရေးသားပါသည်)

ပုသိမ်မြို့ က ပါဝါ ချိန်းတဲ့ကျောင်း

ပုသိမ်မြို့ က အထက်တန်းကျောင်းကနေ အလယ်တန်းကျောင်း ဖြစ်သွားတဲ့ ကျောင်း ရှိတာ တော်တော် များများ မသိတာများတယ်။
အဲ အလယ်တန်းကျောင်းက လည်း အထက်ကျောင်းဖြစ်သွားတာဆိုတော့ ပါဝါ ချိန်းတဲ့ ကျောင်း ဆိုပြီးရေးလိုက်ရတာပါ။
အခု မင်းကြီးလမ်းမှာ ရှိတဲ့ အမှတ် ၂ အခြေခံ ပညာ အလယ်တန်းကျောင်းက အရင်က အမှတ် ၄ အခြေခံ ပညာ အထက်တန်း ကျောင်း ဖြစ်သည်။
ကျွန်တော် သူငယ်ချင်း တစ်ယောက် တောင် မင်းကြီးလမ်းမှာ ရှိတဲ့ အမှတ် ၄ အခြေခံ ပညာ အထက်တန်း ကျောင်းမှာ၁၉၉၀ ပြည့် နှစ်လောက်က ၁၀တန်း ကို သင်ယူ အောင်မြင် ခဲ့တာပါ။
မဟာဗောဓိ လမ်းက လက်ရှိ အမှတ် ၄ အခြေခံ ပညာ အထက်တန်း ကျောင်း က လက်ဦးက
အမှတ် ၂ အခြေခံ ပညာ အလယ်တန်းကျောင်း ဖြစ်သည်။

Saturday, December 4, 2010

ထောက်လှမ်းရေး အကြီးအကဲဟောင်း နေအိမ် အကျယ်ချုပ် မှ ပြန်လည်လွတ်မြောက်။အသံဖိုင်ပါ ပါဝင် သော ဦး ခင်ညွန့်  ဗီဒီယို

ပိုမိုပြည့်စုံသောအသံဖိုင်

စနေနေ့ နံနက် ၅ နာရီ မိနစ် ၃၀:
နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ်
ပဲ အကန့် အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။
့ဟိန်းခိုင်ထွန်း၊ ၊၂၀၀၄ ခုနှစ် အောက်တိုဘာ
လ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန်
ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီး
နောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား
လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ သည့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း နှင့်
ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အား
နိုဝင်ဘာလ ၃ရက်နေ့ သောကြာနေ့ ည ၁၂ နာရီ
ခန့် တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး
လိုက်သည် ဟု သတင်းရရှိသည်။

ဗိုလ်ချုပ် ခင်ညွန့် အား နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး သည် ဆိုသည့် သတင်း နှင့် ပတ်
သက်၍ ဗိုလ်ချုပ်ခင်ညွှန့် ၏ အိမ် အနီးတွင် နေထိုင်သူ တစ်ဦးက ည ၁၁ နာရီ ခွဲလောက်မှာ စစ်ကား
တွေရောက်လာတယ်။ ရဲကား နှစ်စီးလဲ ပါတယ်။ ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်
နေကြတာ ။ နောက် အားလုံး ပဲ ရယ်ရယ်မောမောနဲ့  ပြန်ထွက် သွား တယ်။ ဗိုလ်ချုပ် ခင်ညွန့် ကို
လည်း ခြံထဲ မှာတွေ့ တယ်။ပြီးတော့ သူ ခြံတံခါးရှေ့ က လုံခြုံရေး အစောင့် တွေ က သံဆူးကြိုးတွေ
ဖယ်လိုက်တယ် ..အစောင့်တွေ ကတော့ အခုထိ ရှိသေးတယ် ၊ ဘေးအိမ်တွေ မှာ လည်း သူ့ လို နေအိမ်
အကျယ်ချုပ် တစ်ဆောင် ရှိသေးတယ် ဟု ပြောသည်။

အိုင်ဖုန်း လေး နှင့် မြန်မာလို စာရိုက် ဓာတ်ပုံပါ ပူးတွဲ တင် လို့  ရပြီ

အက်စ်ပယ်စ် စတိုးမှာ ဝယ် ယူရန်လိုသော blogpress က ၃၅၀ ယမ်း mmkeyboard က ၁၁၅ ယမ်း နှင့် အသုံးပြုပြီး စာရိုက် ပြီး ဓာတ်ပုံပါ ချက်ခြင်းရိုက်တင် အယ်လဘမ်ထဲ က တင်တင် အိုင်ဖုန်း ၄ နှင့် မြန်မာလို ရိုက် တင် လို့ ရပါပြီ။
mmkeyboard နဲ့  စာတွေ ရိုက် ကော်ပီလုပ် blogpress မှာ ဖေ့စ် လုပ်တင် ရင် ရပါသည်။

မြန်မာလို စာမျက်နှာတွေ ကို ဖတ် ချင် လျှင် အက်စ်ပယ်စ် စတိုးမှာ imyanmar နှင့် iBrowerMM ကို ဖရီးရယူုပြီး ကြည့်ရှုနိုင်ပါသည်။

(sosegado.. www.sosegado1.blogspot.com
အတွက် ရည်ရွယ် ရေးသားပါသည်။)

နူကလီးယား လောင်စာတောင့် ရပြီ

အနူမြူ စွမ်းအင် ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော အဆင့်နိမ့် နူကလီးယား လောင်စာတောင့် ကို ရုရှား မှ ပထမ ဦးဆုံး ဈေးကွက် ဖွင့် ရောင်းချခြင်းစတင်လိုက်သည်။ လက်နက် ထုတ်လုပ်ရန် အဆင့်မြှင့် လောင်စာတောင့် ကိုမူ ဝယ်ယူ မရနိုင်သေးပေ။

စမ်းသပ်စာမျက်နှာ

စမ်းသပ်စာမျက်နှာရေးသားပြီး ဓာတ်ပုံပါပူးတွဲတင်ကြည့်တာပါ။




စမ်းသပ်စာမျက်နှာ




- Posted using BlogPress from my iPhone

Friday, December 3, 2010

တရုတ် အမြန်ရထား အမြန်နှုန်း ၃၀၂မိုင် နှုန်းစမ်းသပ်မောင်းနှင် တနာရီ ၃၀၂မိုင်။၄၈၆ကီလိုမီတာနှုန်း

တရုတ် အမြန်ရထား အမြန်နှုန်း ၃၀၂မိုင် နှုန်းစမ်းသပ်မောင်းနှင် တနာရီ ၃၀၂မိုင်။၄၈၆ကီလိုမီတာနှုန်း

Thursday, December 2, 2010

ကား ၂၀၀ ဈေးပေါပေါနှင့် ရန်ကုန် တွင် ရပြီ

မော်ဒယ်လ်မြင့် ကား ၂၀၀ ဈေးပေါပေါနှင့် ရန်ကုန် တွင် ရပြီ

နေပြည်တော်တွင် ၁၅ သိန်းတန် GSM ဖုန်းကို ၅ သိန်းဖြင့် ရောင်းမည်

နရီလင်းလက်
.တနိုင်ငံလုံးတွင် အသုံးပြုနိုင်သည့် လက်ရှိ ငွေကျပ် ၁၅ သိန်း ပေးသွင်းရသော GSM မိုဘိုင်းဖုန်းများကို နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငွေကျပ် ၅ သိန်းဖြင့် ယခုလမှ စတင် ရောင်းချပေးသွားမည်ဟု သတင်းရရှိသည်။

တည်ဆောက်နေသည့် GSM ရေဒီယို စခန်းပေါင်း ၃၀ ကျော်အနက် ရေဒီယိုစခန်းတချို့ ပြီးစီးသွားခြင်းနှင့် ဈေးကွက် ၀ယ်လိုအားများနေသည့် ၅ သိန်းတန် CDMA နှင့်အပြိုင် ဈေးနှုန်း လျှော့ချလိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း နေပြည်တော် ဆက်သွယ်ရေးအသိုင်းအ၀န်းမှ သိရသည်။

နေပြည်တော် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ထမ်းတဦးက “အရင်တုန်းက ၁၅ သိန်းသွင်းမှ ရတဲ့ဖုန်းနဲ့ အခု ၅ သိန်းသွင်းပြီး ရမယ့်ဖုန်းက နံပါတ်ကလွဲပြီး အရည်အသွေး အကုန်အတူတူပါပဲ။ အာဏာပိုင်တွေဘက်က ဆက်သွယ် ရေးစနစ်တွေ ပိုကျယ်ပြန့်လာအောင် ဆိုပြီး ဒီနှစ်ထဲမှာ ၅ သိန်း တန် CDMA ဖုန်းတွေကို လျှောက်သလောက် ချပေးနေ သလို GSM ဖုန်းလိုင်းကို ၅ သိန်းနဲ့ ဈေးလျှော့ပေးလိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။

GSM ဖုန်း လျှောက်ထားလျှင် ကျပ် ၁၅ သိန်းနှင့်အတူ ဖုန်းခေါ်ဆိုခအတွက် ကြိုတင်ပေးငွေ ကျပ် ၅ သောင်းပါ ထပ်ဆောင်းပေးသွင်းခဲ့ကြရပြီး ဖုန်းခေါ်ဆိုခကို နေပြည်တော်အတွင်း ခေါ်ဆိုပါက တမိနစ်လျှင် ၅၀ ကျပ်၊ နယ်မြေကျော်ခေါ်ဆိုပါက တမိနစ် လျှင် ၆၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

GSM ဖုန်းအတွက် ပေးသွင်းငွေ ကျပ် ၁၅ သိန်း ၅ သောင်း ရှိသောကြောင့် ဖုန်းလျှောက်ထားသူ နည်းပါးကြောင်း၊ ဈေးနည်းသော်လည်း လိုင်းအကန့်အသတ်မရှိ ချထားပေးနေသည့် ၅ သိန်းတန် CDMA (450 Mhz, 800 Mhz) ဖုန်းလိုင်းများကို သုံးစွဲသူပိုမိုများကြောင်း သုံးစွဲသူများက ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇသည် ကျပ် ၅ သိန်းတန် CDMA တယ်လီဖုန်းလိုင်းစနစ်ကို စတင် မိတ်ဆက်ခဲ့သည်။ ယခုအခါ ၎င်းပိုင် ထူးကုမ္ပဏီ၏ လက်အောက်ခံ Central Marketing ကုမ္ပဏီက CDMA တယ်လီဖုန်း ဟန်းဆက်များ ထုတ်လုပ်ရောင်းချနေပြီး တခါသုံး တယ်လီဖုန်းကတ်များကိုလည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိထားကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာတဦးက “မိုဘိုင်းဖုန်းဈေးကွက်မှာ ၅ သိန်းတန် CDMA ဖုန်းတွေက တော်တော်နေရာယူလာတော့ GSM ဖုန်းတွေ မပျောက်သွားအောင် ပြန်လုပ်တာရယ်၊ CDMA လို အကျိုးတူမဟုတ်ဘဲ ဆက်သွယ်ရေးက ကိုင်ထားတဲ့ ဖုန်းလိုင်းကို သုံးစွဲသူများအောင် လုပ်ချင်တာရယ်ကြောင့်လို့ ထင်ပါတယ်” ဟု ပြောသည်။

၎င်းက ဆက်လက်၍ “နေပြည်တော်မှာလုပ်သွားတဲ့ ကျောက်မျက် အရောင်းပြပွဲမှာ ကျောက်စိမ်းအတွဲ ၆၀၀၀ ကျော် ရောင်းရခဲ့တယ်။ အာဏာပိုင်တွေက ဒီနှစ်က စပြီး နေပြည်တော်မှာ ကျောက်မျက်ရတနာပွဲကို ၃ လ ၁ ကြိမ် လုပ်သွားဖို့ရှိတယ်။ ဒီတော့ GSM ဖုန်းတွေ သုံးလို့ရအောင် ထပ်ချပေးတာ” ဟု ပြောသည်။

ပြီးစီးသွားသည့် နေပြည်တော် ကျောက်မျက် အရောင်းပြပွဲကာလ မတိုင်မီ ပြပွဲလာရောက်ကြသည့် နိုင်ငံခြားသားများ GSM တယ်လီဖုန်းများကို နေပြည်တော်၌ အသုံးပြုခွင့်ရရန် စစ်အစိုးရက စီစဉ်ပေးခဲ့သည်။

GSM တယ်လီဖုန်းများကို ပြည်တွင်းလိုင်း ပိုမိုကောင်းမွန်စေရန်နှင့် ပြည်ပသို့ အလွယ်တကူ ဆက်သွယ်အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း၊ ထပ်မံကျင်းပသွားမည့် ကျောက်မျက်ရတနာ အရောင်းပြပွဲများတွင် ထိုင်း၊ တရုတ်၊ စင်ကာပူ နိုင်ငံများမှ ဖုန်းအ၀င်ခေါ်ဆိုမှုကို လွယ်ကူစေရန် ပြည်ပနှင့် ညှိနှိုင်းဆွေးနွေးနေသည့် အစီအစဉ်များလည်း ရှိကြောင်း သိရသည်။

ဆက်သွယ်ရေးညွှန်ကြားမှူး ဦးစီးဌာနမှ အရာရှိ တဦးက “နေပြည်တော်ကို အဓိကထားပြီး တခုခုဆို အရင်လုပ်နေတာ။ အရင်က ပြောလို့မရတဲ့ GSM ရော CDMA ရော နေပြည်တော်မှာ ရပြီ။ လာမယ့် ဇန်န၀ါရီ ၁ ရက်နေ့က စပြီး အာရှ ၃ နိုင်ငံ (ထိုင်း၊ တရုတ်၊ စင်ကာပူ) က ခေါ်တဲ့ အ၀င်ခေါ်ဆိုမှုတွေ အကုန်ရမယ်” ဟု ပြောသည်။

GSM နှင့် CDMA ဖုန်းလိုင်းသစ် ၄ သိန်းကျော် ထပ်မံချထားပေးနိုင်ရန်အတွက် ရေဒီယိုစခန်း ၂၀၀ ကျော်ကို ဆက်လက်တည်ဆောက်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 Mhz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA မိုဘိုင်းဖုန်း ၅၄၅၆၅၀၊ CDMA 800တယ်လီဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

ထပ်ပြီးစမ်းကြည့်တာပါ။အက်စ်ပယ်စ်

ထပ်ပြီးစမ်းကြည့်တာပါ။အက်စ်ပယ်စ် စတိုးမှာ mmkeyboard ဆိုပြီး ရှာရင်ရပါတယ်။