ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, January 10, 2011

မြန်ပြည်သူ များအား လက်နက် တပ်ဆင်ပေးတော့ မည်လော။ မျိုးဆက်သစ်လူငယ်များ လက်နက်ရလျှင် နေရာတိုင်း စစ်မီးတောက်လောင်တော့ မည်လော။

၂၀၁၀ နိုဝင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြုစုထားကြောင်း၊ ၎င်း ဥပဒေကို ကိုယ်တိုင်ဖတ်ရှုခဲ့ရသူ တဦးက ပြောသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု ၂ နှစ် ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုးမြှင့်နိုင်ကြောင်း၊ စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကိုယ် ကိုယ်လက်အင်္ဂါ ချို့ယွင်းစေရန် လုပ်ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။

သာသနာ့ ဝန်ထမ်းများ၊ ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူများနှင့် သားသည် မိခင်များမှအပ သတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်၊ ထောင်တွင်းအကျဉ်းကျ ခံနေရသူများနှင့် သက်ကြီးရွယ်အိုများကို စောင့်ရှောက် နေသူများမှာ စစ်မှုထမ်းချိန်ကို ခေတ္တရွှေ့ဆိုင်းနိုင်သော်လည်း နောက်ပိုင်းတွင် ပြန်လည် စစ်မှုထမ်းရမည် ဟုလည်း AP သတင်းတွင် ရေးသားထားသည်။

No comments:

Post a Comment