ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, January 18, 2011

ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားမှုနှင့် မျိုးဆက်သစ် လူငယ်များ ကြိုးပမ်းမှုဖြင့် အခမဲ့ ကျောင်းဖွင့်

( ပြည်သူ အရေးကို ပညာရေး စတင် လုပ်ဆောင်ပေး မှု နိဒါန်း ၁၉၉၀ မှ၂၀၁၁ နှစ် ၂၀ ကျော်ကြာမှ စတင် မှု....နအဖဧ။် ပညာရေး ၁၉၉၆ နောက်ပိုင်း တက္ကသိုလ် အဆောင်များ နိဂုံး)တွေ့ ရှိချက် သက်သက်သာ
အောင်မြတ်စိုး .
မဇ္ဈိမ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ပထမဆုံး အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ရန်ကုန်ုတိုင်း လှိုင်သာယာမြို့နယ်တွင် ယနေ့မနက် ဖွင့်လှစ်လိုက်သည်။

အမေ့အိမ်၊ ပညာဒါန (အခမဲ့) အမည်ရှိ ကျောင်းအား လှိုင်သာယာ ၁၃ ရပ်ကွက် မေခလမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တဦး၏ နေအိမ်ခြံဝင်းအတွင်း ယနေ့ဖွင့်လှစ်ရာ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

“လှိုင်သာယာမှာက ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊
ကျောင်းအတန်း ရှိပေမယ့် စာရေးစာဖတ် ကောင်းကောင်း မရသေးတဲ့ ကလေးတွေအတွက် ပညာဒါန အခမဲ့ လှူတဲ့ သဘောပါ။ တကယ်လိုအပ်တဲ့ နေရာတွေအတွက် လုပ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ကို မှာကြားခဲ့လို့ပါ” ဟု ကျောင်းဖြစ်မြောက်ရေး စီစဉ်သူများထဲတွင် ပါဝင်သည့် ကိုဖြိုးမင်းသိမ်းက ပြောသည်။

အမေ့အိမ်တွင် တက်ရောက်ရန် ငွေကြေးချို့တဲ့သဖြင့် ကျောင်းမနေနိုင်သူနှင့် အစိုးရမူလတန်းကျောင်းတွင် တက်ရောက်နေသူ ဒေသတွင်းရှိ ကလေးငယ် ၁၀၀ ကျော် စာရင်းပေးသွင်းပြီး ဖြစ်သည်။

မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ဘာသာရပ်များကို အစိုးရကျောင်းသင်ရိုးအတိုင်း သင်ကြားမည်ဖြစ်ရာ ကျောင်းဖြစ်မြောက်ရေး စီစဉ်သူတဦးဖြစ်သည့် လှိုင်သာယာ အန်အယ်ဒီ ပါတီဝင် ကိုအေးဗိုလ်နှင့်အတူ ကိုဥာဏ်ဝင်းအောင်၊ ကိုညီညီမင်း၊ ကိုကျော်သူရ၊ မစပယ်၊ မခင်မြတ်သူနှင့် မမြင့်မြင့်အေး စသည့် လူငယ်တစုက တာဝန်ယူ ပို့ချသွားမည်။


အမေ့အိမ်၊ ပညာဒါန (အခမဲ့) ကျောင်းတွင် သင်ကြားနေသည့် ကျောင်းသားငယ်များ (ဓာတ်ပုံ - မဇ္ဈိမ)

မနက် ၉ နာရီတွင် အစိုးရကျောင်း၌ ညနေပိုင်းတက်သူ ကျောင်းသားများနှင့် နေ့လည်တွင် အစိုးရကျောင်း၌ မနက်ပိုင်းတက်သူ ကျောင်းသားများကို သင်ကြားပေးမည် ဖြစ်သည်။

ထို့ပြင် ၁ဝ တန်း ကျောင်းသားများအတွက်ပါ အနီးကပ် သင်ကြားပေးမည်ဖြစ်ကာ၊ နွေရာသီကာလတွင် အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်။

လှိုင်သာယာမြို့သည် ရန်ကုန်ဧရိယာကို ခွဲခြားသတ်မှတ်ထားသော လှိုင်မြစ်တဖက်ကမ်း၌ တည်ရှိပြီး၊ ဆင်းရဲချို့တဲ့သူ အများအပြား နေထိုင်ကာ ကျောင်းမနေနိုင်သည့် ကလေးဦးရေ များစွာ ရှိနေသည်။

No comments:

Post a Comment