ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, January 28, 2011

ရေနံ တွင်းဟောင်းတူးဖော် ပုံ အဆင့်ဆင့်

ရေနံ တွင်းဟောင်း ရာဇဝင် ကို အောပရေးရှင်း အင်ဂျင်နီယာ က ဖတ်ရှု မှတ်သားစရာများကို လေ့လာရပါမည်။
တွင်းဟောင်း အထွက်နှုန်း တွင်းဟောင်းအထဲတွင် ကျန်ရစ် ပစ္စည်း သိရှိရန်လိုအပ်ပါသည်။

တွင်းပတ်လည်သို့  သွားရောက် ကြည့်ရှုပြီး ပေါ်တေဘယ်စ် ရစ် ရပ်ရန် တွင်းတူးစင် ထောင် နိုင်ရန် အနေအထား မြေအခြေအနေ နှင့် တွင်း ပတ်လည် သန့် ရှင်းပြုလုပ်ရပါမည်။

ထို့ နောက် ဝဲလ်ဟက်စ် ကို တပ်ဆင်ရပါမည်။

ပုံမှန်အားဖြင့် ဝဲလ်ကေဇင်များမှာ ၅-၁/၂ လက်မ ကေဇင် များဖြစ်ပြီး ၉-၅/၈ လက်မ ကေဇင် လည်းရှိသည်။ မန်းရေနံ မြေ မှ တွင်းအမှတ် ၅၉။

ဝဲလ်ဟက်စ် တပ်ဆင်ပြီးပါက ဝဲလ်ဟက်စ် ဖလမ်း တပ်ဆင်ရပါမည်.
ဖလမ်း အထက်တွင် စပေစာရင်း ကြားခံ၍ ဘလိုးအောက် ပရီ ပန်တာကို တပ်ဆင်ရပါမည်။

ပြီးလျှင် ပေါ်တေဘယ်စ် ရစ် ကို နေရာချ စင်ထောင်ရပါမည်။

လုပ်ငန်းစတင်ရန် နေရာတကျ ဖြစ်လျှင် ဘေလာ အဆမ်ပလီ ကို တပ်ဆင်သင့် သည် များကို တပ်ဆင်ထားရပါမည်။

ပြီးလျှင် ဘေလာ အဆမ်ပလီ စတင်၍ ဆင်းပါမည်။

ဘေလာအဆမ်ပလီ ဆင်းခြင်းဖြင့် တွင်းထဲ ရှိအနည်အနစ် အမှိုသရိုက် များကို ရွှံ ရေ တို့ နှင့် အတူ တွင်းသန့် ရှင်းရေးလုပ်ပါမည်။
ဘေလာ ဆွဲရာတွင် ဘေလာ အဆမ်ပလီတွင် တပ်ဆင်ထားသော ပိုက်အရေအတွက် ပေါ်မှုတည်ပြီး ခံနိုင်ဝန် ကို ကြည့်ပြီး လိုအပ်သော အကြိမ်ရေ သာဆွဲ ရပါမည်။

ဘေလာ အဆမ်ပလီ တတ်လာလျှင် သတိထား၍ ပိုက်တလုံးခြင်းကို မျက်လုံး အကာအကွယ် မျက်မှန် တပ်ဆင်ပြီးမှ ဖြုတ်ရပါမည်။

ဘေလာ အောက်ခြေနှင့် အပေါ်မှ ပိုက် များ ရေ အနည်းငယ်သန့် စင် လာပါက ဘေလာဆင်းမှု ရပ်နိုင်ပါသည်။

ဘေလာဆင်းရင်း မူလတွင်းအနက်သို့ ရောက်မရောက်၊ သေနတ်ဖောက်ထားသော နယ်မြေ ကျော်မကျော် ၊ ဘရစ်ပလပ်စ် ထိုင်ထားမှုရှိ၊မရှိ ။ရှိပါ က တူးထုတ်ရန် လို မလို ကြည့်ရပါ မည်။ပက်စ်ကာ ရှိ၊မရှိ။ တူးထုတ်ရန် လိုမလို။ မည်သည့် အတွက်ကြောင့် ထိုင်မထိုင် ကို သိရန် လိုပေသည်။

တူးထုတ်ရန်လိုပါက ထရှိုင်ဂုန်း ဗစ်ကို အသုံးပြုပြီး ၊ပါဝါ စေဗယ် သော်လည်းကောင်း ရိုထရီတေဗယ်ကို အသုံးပြု၍ တူးထုတ်ရပါမည်။ပါဝါစေဗယ်ကို အမှိုက်တွန်းချခြင်း ဝန်နည်းသော တွင်းတူးလုပ်ငန်းသာ အဆင်ပြေပါသည်။
တွင်းတူးရာတွင် စပ်ကူလေးရှင်း ပန့် ဖြင့် ရွှံ သို့ မဟုတ် ရေနံ ဖြင့်လှည့်၍တွင်းတူးလုပ်ငန်းလုပ်ဆောင်ရပါသည်။

ပန့် ပရေရှာတတ်မှု။ တော့စ် တတ်မတတ်။ပိုက်အလေးချိန် မျှတမှုတို့ ကို သတိထား ပြီး ရောက်ရှိနေရာ ပြဿနာတတ်မှုရှိမရှိ ဆန်စစ်ရပါမည်။

သတ်မှတ်ထားသော မူလတွင်းအခြေသို့ ရောက်လျှင် တွင်းတူးလုပ်ငန်းအဆုံးသတ်ပြီးဘေလာ အဆမ်ပလီပြန်ဆင်းပြီး တွင်းသန့့် စင်ရေးလုပ်ဆောင်ရပါမည်။

ပြီးလျှင် ပါဖိုရေးရှင်း အပေါက်များပိတ်နေလျှင်
စကေဘာ ဆင်း၍ တွင်းကေဇင်နံရံ မှ ဖယောင်းများ အညစ်အကြေးများ ခြစ်ချရပါမည်။ပါဖိုရေးရှင်း အပေါက်များကျော်သည်အထိဆင်းရပါမည်။

ရေနံ လိုက်လာမှုရှိမရှိ နှင့် ရေနံ ဆွဲထုတ်ရန် ဆွယ်ဘင်း ဆင်းရပေမည်။ ရေလိုက်များသော တွင်းများကိုမူ ဆွယ်ဘင်းဆင်းရန်သင့်မသင့် နှင့် ဆွဲရမည့် အကြိမ်ရေတို့ ကို သတိထားလုပ်ဆောင်ရပါမည်။ပါဖိုရေးရှင်း အပေါက် ထိပ် ကို သတိထားတိုင်းတာပြီး ဆွဲရမည့် နေရာ တိကျနိုင်သမျှ တိကျမှ လုပ်ငန်းအထမြှောက်ပေမည်။

ပြီးလျှင် ဘေလာ ဆင်း၍တွင်း သန့် စင်မှုရှိမရှိ ကြည့် ၍ ကွန်ပလိဆင်းသင့် မဆင်းသင့် ကြည့်ရပါမည်။

တွင်းအတွင်းသို့  ကွန်ပလိဆင်းရန် သင့်တော်လျှင် စိတင်းနစ်ပယ်စ် ၊ပါဖိုရေးရှင်းပိုက်ဆပ်စ်၊ ပါဝင်သော် ကွန်ပလိဆင်း
အဆမ်ပလီဆင်းရပါမည်။

စိတင်းနစ်ပယ်စ် အထိုင်နေရာကို အသေအချာတိုင်းထွာထားမှသာလျှင် ပန့် ပင်းယူနစ်ထိုင်ရာတွင်အထောက်အခွာ ၊ ပန့် အထိုင်နေရာ စက်အတွက် တွက်ချက်ရာတွင် အဆင်ပြေချောမွေ့ ပေမည်။

ပြီးလျှင် ပန်းဆင်းရပေမည်။ သံချောင်းအရေအတွက် ပန့် အထိုင် နှင့် ထိုင်မည့် စက်တို့ ကို သတိထား မှတ်သား တပ်ဆင်ရပေမည်။
မှားယွင်းမှုရှိလျှင် ရစ်ပြန်ထောင်၍ ပြန်လုပ်ပေးရပေလိမ့်မည်။

ယူနစ်ထိုင်သောစက်အဖွဲ့ မှ စက်အားလာရောက်တပ်ဆင်ပြီး အထောက်အခွာ ပိုက်လိုင်းဆက်သွယ်မှုတို့ စီစစ်ပြီး သံကန်တန်းသို့  ရေနံ ရောက်အောင်လုပ်ဆောင်ပြီး ရေနံ ထုတ်လုပ်မှုလုပ်ငန်းပြီးဆုံးပေမည်။

3 comments:

  1. လဒ ဘာတွေလျှောက်ရေးနေတာလဲ

    ReplyDelete
  2. ဖိုးကေးရေ ဆူနာမီတုန်းက မင်းသေသွားပြီမှတ်နေတာ။ သေသေးဘူးနော် ။ စိတ်မကောင်းလိုက်တာ။ ရေနံအကြောင်း ဘာတွေလျှောက်ရေးနေတာလဲ။ ဆရာကြီးလား။ ဟီးဟီး ။ ငါကျော်ဝင်းအောင်ပါ။ အဆက်အသွယ်ပြတ်နေတာ ကြာပြီနော်။

    ReplyDelete