ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, February 12, 2011

အာဏာစွန့်သွားတဲ့ မစ္စတာ မူဘာရက်ရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ ဆွစ်ဇာလန်နိုင်ငံက ထိန်းချုပ်လိုက်ပါပြီ။

အီဂျစ်စီးပွားရေးအခြေအနေ ပြန်ပြီးကောင်းမကောင်း ခန့်မှန်းဖို့ခက်နေသေးပေမဲ့ အာဏာစွန့်သွားတဲ့ မစ္စတာ မူဘာရက်ရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ ဆွစ်ဇာလန်နိုင်ငံက ထိန်းချုပ်လိုက်ပါပြီ။ ဒီထိမ်းချုပ်မှု ထုတ်ပြန်တဲ့အမိန့်က ၃ နှစ်သက်တမ်းရှိမှာမို့ မစ္စတာမူဘာရက်ရဲ့ ပိုင်ဆိုင်မှုတွေ ၃ နှစ်ကြာ ထုတ်လို့သွင်းလို့မရဘဲ ထိန်းချုပ်ထားမှာပါ။

ပိုင်ဆိုင်မှုဘယ်လောက်ရှိပြီး ဘယ်ပစ္စည်းတွေကို ထိန်းချုပ်ထားသလဲ ဆိုတာကိုတော့ အသေးစိတ် ထုတ်မပြောပါဘူး။ သူ့ပိုင်ဆိုင်မှုတွေထဲမှာ အီဂျစ်နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေ ရှိမရှိ ကြိုတင်ကာကွယ်ပေးတဲ့သဘောနဲ့ ဆွစ်ဇာလန်နိုင်ငံက အခုလိုအမိန့်ထုတ်ပြီး ထိန်းချုပ်လိုက်တာပါ။

မစ္စတာ မူဘာရက်နဲ့သူ့မိသားစုဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ နဲ့ ၇၀ အကြား ကြွယ်ဝချမ်းသာတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

2 comments:

  1. တားဒို့နိုင်ငံ့ခေါင်းချောင်ကြီး မိသာချု ကြတော့ မူဘာနဲ့ မိတားဆု ထက် အဆ၁၀၀မက ခြမ်းတာတယ် .... ဟီး

    ReplyDelete
  2. တရုတ်မှာတော့ အိမ်ဝယ် ထားနေရပြီ

    ReplyDelete