ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, February 17, 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လျှာလုံး၍ စကားမပီ

ကိုဝိုင်း .

ပြည်ထောင်စုနေ့ ညစာစားပွဲ၌ အမတ်များကို တဦးချင်း လိုက်လံနှုတ်ဆက်စဉ် အသက် ၇၇ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လျှာလိပ်နေသည်ကို သတိထားမိကြောင်း အမတ်တဦးက ပြန်ပြောပြသည်။

“ကျနော့်ကို လာနှုတ်ဆက်တဲ့အချိန် စကားက ပြောလို့ မပီတော့ဘူး။ လျှာတွေက လုံးနေတယ်။ ဘယ်ကနေ လာလဲ ဆိုတဲ့ဟာလည်း မပီတော့ဘူး။ ဝမ်းသာပါတယ်ဆိုတာလည်း ပီပီသသကို မဟုတ်တော့ဘူးလေ။ အသက်ကြီးလာတော့လည်း လျှာကလိပ်လာပြီဆိုတော့ အခြေအနေ သိပ်မကောင်းသေးဘူးပေါ့။ နောက် နည်းနည်းတော့ ထော့နဲ့ ထော့နဲ့နဲ့ပေါ့” ဟု ဧည့်ခံပွဲတက်သည့် အမတ်တဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးတို့က တည်ခင်းဧည့်ခံမည်ဟု ဖိတ်စာအတွင်း ဖော်ပြထားသော်လည်း ဒေါ်ကြိုင်ကြိုင်ကို မမြင်လိုက်ရဟု အမတ်တဦးကပြောသည်။

No comments:

Post a Comment